ငလျင်ဖြစ်ပွားပြီး တစ်လခန့်အကြာမှာ လူဦးရေ နှစ်သန်းခန့်ဟာ အရေးပေါ်အကူအညီတွေ အလွန်အမင်း လိုအပ်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 Apirl 2025
#လူဦးရေနှစ်သန်း #အရေးပေါ်အကူအညီများလိုအပ်
#YMG/SW #Yangon_Times
#Local_News
Published 24 April 2025
▪️ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာမှ ကလေးများအတွက် အခမဲ့နွေရာသီဂျပန်စာသင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းသည် ဂျပန်ဘာသာစကားနှင့် လုံးဝမထိတွေ့ဖူးသေးသော ကျောင်းသားများကို အဓိကဦးတည်၍ ဂျပန်ဘာသာစကားနှင့် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုကို ပျော်ပျော်ရွှင်ရွှင်ထိတွေ့နိုင်မည့် အခွင့်အရေးကို ရရှိစေရန် ရည်ရွယ်ထားတာဖြစ်ပြီး အခမဲ့သင်ကြားပေးမည့်အတန်းဖြစ်ကြောင်း၊ဂျပန်နိုင်ငံနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသော ကျောင်းသားများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ဂျပန်ဘာသာစကားကို လေ့လာတိုင်ရန်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းကို မေလ၊ ၇ ရက်နေ့(ဗုဒ္ဓဟူးနေ့)မှ မေလ၊ ၃၀ ရက်နေ့(သောကြာနေ့)နေ့လည် ၂နာရီမှ ၃နာရီခွဲအထိ အပတ်စဥ် ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့များတွင် သင်ကြားပေးမည်ဖြစ်ပြီးဂျပန်ဘာသာစကားကို မသင်ကြားဖူးသေးသော အသက်၁၁နှစ်မှ ၁၄နှစ်ရှိ Grade6 မှ Grade 9 ကျောင်းသားကျောင်းသူများတက်ရောက်နိုင်ကြောင်း သိရသည်။
▪️ တက်ရောက်ရန်အတွက် အွန်လိုင်းမှတဆင့် ဧပြီလ၃၀ရက်နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူများထဲမှ ၃၀ဦးကိုရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 April 2025
▪️ လှေဆိပ်တွင် ရေဆင်းချိုးသည့် ကလေးငယ် ၄ဦး ရေနစ်သေဆုံးသည့်ဖြစ်စဉ် ဧပြီလ ၂၃ရက် က ညောင်ဦးမြို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ ၂၃.၄.၂၀၂၅ ရက်၊နေ့လည် ၁၂ ၁၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေး (၄) ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ Asault Boat (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅ )အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်နေစဉ်နေ့လည်၁၂နာရီ၊မိနစ် ၄၀ အချိန်တွင် ကျား (၁)ဦး (သေဆုံး)နှင့် နေ့လည် ၁နာရီ၊၂၄ မိနစ်အချိန် ကျား(၁)ဦး (သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ကျန်(၂)ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ
မွန်းလွဲ၂နာရီ၊၀၃ မိနစ်အချိန်တွင် ကျား (၁)ဦး (သေဆုံး)နှင့် မွန်းလွဲ၂နာရီ၊၀၄မိနစ် အချိန်တွင် ကျား(၁)ဦး (သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 April 2025
▪️ ရတနာပုံနည်းပညာတက္ကသိုလ်အနီး တောင်တန်းဒေသအောက်၌ ယနေ့မနက်အစောပိုင်းတွင်ငလျင်လှုပ်ခတ်ခဲ့ကြောင်းမြေငလျင်သတင်းများစင်တာမှ သိရသည်။
▪️ ယနေ့မနက်မြန်မာစံတော်ချိန် ၁၂နာရီ၁၄ မိနစ်အချိန်က မန္တလေးမြို့ အရှေ့တောင်ဘက်ပိုင်း ၁၃ မိုင်ခန့်၊ ပြင်ဦးလွင်မြို့အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ ရတနာပုံနည်းပညာတက္ကသိုလ်အနီး တောင်တန်းဒေသအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၁ အဆင့်မြေငလျင်ငယ် လှုပ်ရှားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
▪️ ပြည်တွင်း မတ်လ၂၈ရက် နေ့က မန္တလေးငလျင် ကြီး စတင် လှုပ်ခတ်ခဲ့ရာ လက်ရှိ အကြိမ်အထိ နောက်ဆက်တွဲငလျင်ကြိမ်ရေ ၁၅၆ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 April 2025
▪️ (၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်Block stamp အထူးထုတ် (၂၄၀၀ကျပ်တန်)စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ဧပြီလ (၂၈) ရက်၊မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (တနင်္လာနေ့)နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
▪️ ထိုသို့ရောင်းချရာတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့်နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတိုတွင် ဧပြီလ (၂၈)ရက် (တနင်္လာနေ့)တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 23 Apirl 2025
၁။ စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးများလည်းကျဆင်းနေဟုဆို
၂။ ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများကို မီတာခကောက်ခံခြင်းမရှိ
၃။ YBS စံပြယာဉ်မောင်းများအား ထိုင်းသို့ပို့ဆောင်
၄။ ဘဂ္ဂဒက်မြို့တွင်ကျင်းပသည့် ကာကွယ်ရေးပြပွဲ၌ တရုတ်ကုမ္ပဏီများမှနောက်ဆုံးပေါ်စစ်လက်နက် နည်းပညာများပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 April 2025
▪️ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်နိုင်ငံခြားသားများ လျှောက်ထားရသည့်အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ဧပြီလ၂၂ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
▪️ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာလျှောက်ထားမှုကို ဧပြီ (၃) ရက်မှ စတင်ကာ ယာယီရပ်နားထားခဲ့ပြီးနောက်ယခုကဲ့သို့ပြန်လည်စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့်မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအနေဖြင့် အွန်လိုင်းမှတဆင့် အလည်အပတ် ဗီဇာလျှောက်ထားမှုကို ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 59 of 2049