#DailyNews
Published - 12 May 2022
၁။ ရှေးဟောင်းပစ္စည်းများ ခိုးယူခံနေရသည့် ကမ္ဘာ့အမွေအနှစ်ဒေသပုဂံတွင် CCTV Network တပ်ဆင်မည်။
၂။ ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ကျောက်ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းပြုစုနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရုပ်ရှင်အမှတ်တရပစ္စည်းများ လေလံတင်ပွဲတွင် ဒီလော်ရီယန်မော်တော်ကားပါဝင် ပြသသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_12 May 2022
ထိုင်းနိုင်ငံအတွင်းသို့ နှစ်ရက်အတွင်း တရားမဝင်ရောက်လာသည့် မြန်မာ ၂၃၃ ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးမိကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင်းသို့ ပွဲစားခ ဘတ်နှစ်သောင်းမှ နှစ်သောင်းခွဲကြားပေး၍ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ယင်းတို့အား ထိုင်းနိုင်ငံ ကန်ကျနဘုရီပြည်နယ်အတွင်းနှင့် ပကျွတ်ခီရီခန်ပြည်နယ်အတွင်း မေလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ပကျွတ်ခီရီခန်ပြည်နယ်၊ အောင်နွဲခရိုင်ခွဲ၊ ဟွေးစိုင်ခရိုင်ခရိုင်ခွဲတို့တွင် မြန်မာနိုင်ငံသား အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၆၉ ဦး တို့အား ထိုင်းနိုင်ငံသား လမ်းပြနှစ်ဦး၊ မော်တော်ယာဉ်နှစ်စီးတို့ဖြင့် နေရာ ၄ ခု ၌လည်းကောင်း၊ ကန်ကျနဘုရီပြည်နယ်၊ ဗောင်းတီးခရိုင်ခွဲ ဆိုင်ယုတ်ခရိုင်၊ ဆလယ်ခရိုင်ခွဲ ထောင်ဖာဖွန်ခရိုင်တို့တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၃၆ ဦးတို့ကို ထိုင်းနိုင်ငံသားလမ်းပြ ၁၀ ဦး၊ မော်တော်ယာဉ် ၅ စီးဖြင့် နေရာ ၇ ခု၌လည်းကောင်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းမြန်မာနိုင်ငံသားများမှာ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_11 May 2022
ပြည်တွင်းရွှေဈေးဟာ တရိပ်ရိပ်ကျဆင်းနေတယ်လို့ ပြောလို့ရပေမယ့်လည်း ဒါက ကျသင့်သလောက်မကျသေးဘူးလို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
Published_ 11 May 2022
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့ အားကစားနည်းကတော့ ခူရက်ရှ် (KURASH)အားကစားနည်းဖြစ်ပြီး အမျိုးသမီး +87Kg တန်း မှ မအေးအေးအောင်က ရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ အားကစားနည်းဖြင့် မနေ့က 48 kg တန်းမှ ခင်ခင်စု က ကြေးတံဆိပ် ဆုကိုရယူနိုင်ခဲ့ပါတယ်။
နစက ဥက္ကဌ က အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားမှာ နိုင်ငံတော်အတွက် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိလျှင် သိန်း ၃၀၀ ငွေတံဆိပ်ဆု ရရှိလျှင် သိန်း၂၀၀ ကြေးတံဆိပ်ဆု ရရှိလျှင် သိန်း ၁၀၀ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ymg_mnn
Yangon_Media_Group
#LocalNews
Published - 11 May 2022
အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးဒေသတွင် ဖြစ်ပွားလျက်ရှိတဲ့ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲအချို့ကြောင့် ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးနေပြီး ဒေသခံများ အနေနဲ့လည်း ခရီးသွားလာရန် ခက်ခဲမှုတွေရှိနေတယ်လို့ အဆိုပါ မြို့နေဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -11 May 2022
လာမယ့်မေလ(၁၄)ရက် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းလှူပွဲ အခမ်းအနားသွားမှာဖြစ်ပြီး အများပြည်သူ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ဖို့လည်း စီစဉ်ပေးထားတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_11 May 2022
ဆိပ်ကမ်းအလှည့်ကျချိန်ကို ဝန်ဆောင်မှုကာလ သုံးရက်သတ်မှတ်ထားသောကြောင့် ကုန်တင်သင်္ဘောဝင်ရောက်မှု တိုးတက်လာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ကြေညာလိုက်သည်။
ယခု မေလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၅၄ စင်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ၊ စင်ကာပူအခြေစိုက် Sealand Maersk Asia အနေဖြင့် ကုန်ပစ္စည်းများကို သင်္ဘော၁၂ စင်းဖြင့်သယ်ဆောင်လာမည် ဖြစ်ပြီး SITC မှ ၇ စင်း ၊ COSCO မှ ၅ စင်း ၊ I.A.L မှ ၄ စင်း ၊ C.S.L ၊ Ever Green ၊ Gold Star ၊ MFSL ၊ P.I.L ၊ R.C.L တိုမှ ၃ စင်းစီ ၊ Land and Sea သင်္ဘောလိုင်းမှ၂ စင်းတို့ ဖြစ်ကြောင်း သိရသည်။
သင်္ဘောလိုင်းများအနေဖြင့် ပို့ကုန်နှင့်သွင်းကုန်များ အဆင်ပြေစေရန် ယင်းတို့၏ ဝန်ဆောင်မှုများကို တိုးမြှင့်လာခဲ့သောကြောင့် ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ကုန်တင်သင်္ဘောဝင်ရောက်မှု နှစ်ဆခန့်မြင့်တက်လာကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1899 of 2076