#LocalNews
Published-30 April 2022
ကိုဗစ်ဖြစ်ပွားမှုတွေလျော့ကျလာတဲ့အတွက် အသွားအလာကန့်သတ်မှု ကွာရန်တင်းဝင်ရောက်ရမယ့်ရက်တွေကို လျှော့ချလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်၊၊
ကယ်ဆယ်ရေးလေယာဥ်နဲ့ ပြန်လည်ရောက်ရှိလာသူတွေ၊နယ်စပ်ဝင်ထွက်ပေါက်က ပြန်လည်ရောက်ရှိလာသူတွေထဲက နှစ်ကြိမ်ပြည့်ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေအနေနဲ့ ယခင်အသွားအလာကန့်သတ်မှု ကွာရန်တင်းရက်(၅)ရက်အစား(၃)ရက်လို့ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်၊၊
သူတို့ထဲက ကာကွယ်ဆေးအပြည့်မထိုးရသေးတွေကတော့ ယခင်ကွာရန်တင်းရက်(၇)ရက်အစား(၅)ရက်ပဲ ဝင်ရောက်ရတော့မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်၊၊
ဒီ့အပြင် ပြည်ပနိုင်ငံတွေမှမြန်မာနိုင်ငံကို နိုင်ငံတကာ ပုံမှန်လေကြောင်းလိုင်းတွေနဲ့ ပြန်လည်ဝင်ရောက်လာမယ့် ခရီးသည်တွေကို သတ်မှတ်ဟိုတယ်မှာ (၂၄)နာရီနေစေပြီး ဓာတ်ခွဲစစ်ဆေးမှုအစား RDT Test Kit နည်းနဲ့ မေလ(၁)ရက်ကစပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 30 April 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနနှင့် Natural Current Energy Hydropower Co., Ltd တို့အကြား သီပေါမြို့နယ် နမ္မတူမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မယ့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်ကို ဧပြီ ၂၉ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နစက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်နှင့် Natural Current Energy Hydropower Co., Ltd မှ Managing Director ဦးစိုင်းထွန်းထွန်းဦးတို့က နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ရေအားလျှပ်စစ်စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများ စသည်တို့ကို သန့်ရှင်းသော စွမ်းအင်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တည်ရှိ၍ စက်တပ်ဆင်အင်အား ၂၁၀ မဂ္ဂါဝပ်မှ တစ်နှစ်လျှင်ဓာတ်အားယူနစ် ကီလိုဝပ် နာရီ သန်းပေါင်း ၁,၀၀၆ သန်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
စီမံကိန်းမှထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားကို ဓာတ်အားပို့လွှတ်ရေးလိုင်းများ မှတဆင့် ဓာတ်အား သုံးစွဲသူများထံ ပို့ဆောင်ပေးမည်ဖြစ်သဖြင့် အိမ်ထောင်စုများစွာကို လျှပ်စစ် ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်၍ National Electrification Plan အရ နိုင်ငံအတွက် ဓာတ်အားလုံလောက်စွာထုတ်လုပ်မှုကို အထောက်အကူရရှိစေမည့်အပြင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published -30 April 2022
၁။ အခုရက်ပိုင်းအတွင်း နေကြတ်၊လကြတ်ခြင်းများ ဖြစ်ပေါ်မည်
၂။ ကလေးမြို့တွင် ချင်းစစ်ဘေးရှောင်ပြည်သူ ၂၀၀ ခန့်ခိုလှုံနေကြရပြီး စားနပ်ရိက္ခာလိုအပ်မှုရှိ နေ
၃။ မိုးလေ၀သ သတင်း
၄။ ဘန်ကောက်မြေအောက်လက်ဝှေ့ပွဲ ဘဝအစစ်အမှန်သရုပ်ပြနေ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 April 2022
မြန်မာလုပ်သား ၁၂၈ ဦးသည် အလုပ်လုပ်ကိုင်ရန် ဧပြီ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ရောက်ရှိလာသူများတွင် Re-entry လုပ်သား ၄၅ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၇၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၁၁ ဦး၊ စုစုပေါင်း ၁၂၈ ဦး ဖြစ်ပါတယ်။
ဧပြီလအတွင်း တောင်ကိုရီးယားက မြန်မာလုပ်သား ၃၁၀ ကျော်ပြီး၊ ဧပြီ ၄ ရက်က ၉၈ ဦး၊ ၁၂ ရက်က ၉၁ ဦး နှင့် ဧပြီ ၂၈ ရက်တွင် ၁၂၈ ဦး ခေါ်ယူခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်မှစ၍ ပြည်ဝင်ခွင့် ပိတ်ပင်ထားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှလုပ်သားများ ပြန်လည်ခေါ်ယူနေတာဖြစ်ပါ တယ်။
ymg-mnn
#Yangon_Media_Group.
#Local_News
Published_ 30 April 2022
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးယန္တရားတစ်ရပ် ထူထောင်နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် တောမီးများလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ်သွားမယ်လို့ သိရပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၉ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် ၅၈ ၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် မြန်မာနှင့်တရုတ် နှစ်နိုင်ငံနယ်စပ်အကြား မီးလောင်ကွက်များ ပျံ့နှံမှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်မှု၊ ဘက်စုံပါဝင်သော အမျိုးသားအဆင့် မီးစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ အာဆီယံ သဘောတူညီချက်အပေါ် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါတယ်။
ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်းကို ကာကွယ်နိုင်ရေးအတွက် ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်းစနစ် တိုးမြှင့်ဆောင်ရွက်မှု၊ တောမီးလောင်ကျွမ်းမှုအန္တရာယ် လျှော့ချရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မှုတို့ကို ဆွေးနွေးကြပါတယ်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တောမီးကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်သတိပေးရေး၊ တောမီးလောင်ကျွမ်းမှု လျော့ချရေး၊ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ် လာသော ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နိုင်ငံအတွင်းတောမီးကာကွယ်ရေးဆိုင်ရာ ဘက်စုံပါဝင်သော အမျိုးသားအဆင့်လုပ်ငန်းအစီအစဉ်ကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးနဲ့ပတ်သက်တဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 30 April 2022
ကိုဗစ်ကပ်ရောဂါကာလအတွင်း အိပ်ရေးဝအောင်မအိပ်တဲ့သူတွေဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အားအင်ကုန်ခမ်းခြင်းများ ခံစားရနိုင်ကြောင်း တွေ့ရှိချက်အသစ်မှာ ဖော်ပြထားပါတယ်။
တစ်ညကို အိပ်ချိန် ၆ နာရီမပြည့်တဲ့သူတွေဟာ ပုံမှန်အိပ်ရေးဝအောင်အိပ်သူတွေထက် ဒီလိုလက္ခဏာတွေ ပေါ်ပေါက်လာဖို့ ၇၅ ရာခိုင်နှုန်းပိုများပါတယ်။
လူလတ်ပိုင်းအရွယ်တွေက တစ်ညကို ၇ - ၉ နာရီကြား အိပ်စက်ဖို့လိုအပ်ပြီး အိပ်ချိန်နည်းပါးပါက စဉ်းစားတွေးခေါ်နိုင်စွမ်းလျော့နည်းလာနိုင်ကြောင်း လမ်းညွှန်ထားပါတယ်။
အမေရိကန်မှ လူဦးရေ ၃ ပုံ ၁ ပုံခန့်ဟာ ညဘက်အိပ်ရေးဝဖို့ ခက်ခဲနေကြောင်းသိရပါတယ်။
ကိုဗစ်လော့ဒေါင်းကာလတုန်းက အိမ်မှာပဲအချိန်ကုန်ကြရတာကြောင့် အိပ်ရေးမဝတာမျိုးအဖြစ်နည်းသွားခဲ့ပေမယ့် အခုအခါ ပြန်လည်ဆိုးရွားလာဖွယ်ရှိနေပါတယ်။
အလုပ်ကိစ္စနဲ့ မိသားစုကိစ္စများတွင် စိတ်ဖိစီးမှုများဖြစ်လာရသလို အခြားနေထိုင်မှုစရိုက်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။
ကောင်းစွာအိပ်ပျော်နိုင်စေဖို့ နေထိုင်မှုအကျင့်များပြောင်းလဲပစ်ပြီး အိပ်ခန်းပြင်ဆင်သင့်ကြောင်း ဆရာဝန်များက အကြံပြုထားပါတယ်။
လူပေါင်း ၅,၀၀၀ ရဲ့အိပ်စက်ခြင်းပုံစံကိုလေ့လာကြရာမှာ တစ်ညကိုအိပ်ချိန် ၆ နာရီအောက်သာရှိတဲ့ လူ ၁၈၀ ဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းခံစားရသူ ၂၄ ရာခိုင်နှုန်းရှိပြီး အားအင်ကုန်ခမ်းခြင်းခံစားရသူ ၃၆ ရာခိုင်နှုန်းရှိနေပါတယ်။
ကိုဗစ်ကာလအတွင်း ပျမ်းမျှခြင်းအားဖြင့် ၁၈ မိနစ်နောက်ကျကာအိပ်ရာဝင်ကြပြီး ၃၆ မိနစ်နောက်ကျပြီး အိပ်ရာထကြကြောင်း တွေ့ရှိထားပါတယ်။
အိပ်စက်ဖို့အကြောင်းကို အဓိကထားပြီး အိပ်ချိန်စနစ်တကျစီစဉ်မယ်ဆိုရင် ဒီလိုဝေဒနာတွေကိုကာကွယ်နိုင်မယ်လို့ အကြံပြုထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 30 April 2022
မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးဖြစ်ကာ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၆၄ ဦးအား ဧပြီ ၂၈ ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်း (MAI) ကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ပြန်လည်ပို့ဆောင်ခြင်းမပြုမီ မြန်မာသံရုံးမှတာဝန်ရှိသူများက ထိန်းသိမ်းရေးစခန်းများသို့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်နိုင်ရန် မလေးရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group.
Page 1895 of 2050