#Local_News
Published_9 November 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အတိုင်းလည်ပတ်နေပေမယ့် ကိုဗစ်ကာမတိုင်ခင်အခြေအနေထက် လျော့နည်းနေသေးတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိမ်းကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 November 2022
နိုဝင်ဘာလ(၂၀)ရက်ဟာ ကမ္ဘာ့ကလေးများနေ့ ( World Chindren's Day)ဖြစ်ပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 9 November 2022
၁။ မြန်မာ့ကလေးငယ်များ သေဆုံးနှုန်းကျဆင်းအောင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးကြရန်နှင့် အာဟာရပြည့်ဝစွာကျွေးမွေးရန်လိုအပ်ဟုဆို
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်နေသော်လည်း ကိုဗစ်မတိုင်ခင်ထက်လျော့နည်း
၃။ ကြက်သွန်နီဈေး ကုန်စည်ဒိုင်ဈေးကွက်တွင် အနည်းငယ်ပြန်တက်လာ
၄။ ကျောက်မီးသွေးစွမ်းအင်သုံးစွဲနေခြင်းကို လျှော့ချရန် ဗီယက်နမ်ရုန်းကန်နေရဆဲဖြစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_9 November 2022
ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့် ပြည်တွင်းမှာ ရွှေဈေးနည်းနည်းလေး ပြန်တက်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 November 2022
ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုကိုတရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ကူးစက်ရောဂါ ပိုးမွှားစစ်ဆေးရေးဌာန (GACC) မှမှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကြောင့်တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီတွေအနေဖြင့် တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့်ရပြီး မြန်မာနိုင်ငံမှတစ်ဆင့်တရုတ်နိုင်ငံကို ငှက်ပျောသီးများ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက် (SPS) ကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌ GACC နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောကို ၂၀၀၇ ခုနှစ်မှစတင်ကာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့ပြီး နယ်စပ်ကုန်သွယ်မှုကနေ တရုတ်သို့ ဘိန်းအစားထိုးသီးနှံအဖြစ်သာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တင်ပို့ရောင်းချမှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆၈ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_9 November 2022
ပြစ်ဒဏ်ကျခံနေရသော ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့က ၎င်းတို့၏ အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေးအခြေအနေတို့အရ ပြစ်မှုများအပေါ်ဝန်ခံလျက် ဆက်လက်ကျခံရန် ကျန်ရှိနေသည့်ပြစ်ဒဏ်ကို ဖြေလျော့ပေးရန်အသနားခံစာ တင်ပြခဲ့ကြ၍ ဆက်လက်ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်အသီးသီးမှ အောက်တိုဘာလ ၂၅ ရက်တွင် ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းတို့နှစ်ဦးအား ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်အသီးသီးချမှတ်ထားခြင်းလည်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်ဖြေရှင်းပေးရန် တပ်မတော်၏ တောင်း ဆိုမှုနှင့်ပတ်သက်၍ ကော်မရှင်၏လုပ်ဆောင်ချက်များလွှမ်းမိုးခံခဲ့ရသည့်အတွက်
မဲစာရင်းများကို ပြန်လည်စစ်ဆေးရန် ငြင်းဆန်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက ထုတ်ဖော်ပြောကြားချက်ကို နစက က သတင်းထုတ်ပြန်ခဲ့သေးသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_9 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေးဘူတာရုံလမ်းတွင် YBS 61 ယာဉ်တစ်စီးပေါ် သံတုတ်များ ကိုင်ဆောင်တက်လာကာ ခရီးသည်များကို ရိုက်နှက်၍ ဖုန်းများလုယူခဲ့သူများအား
ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီခန့်က သမိုင်းမီးပွိင့်ဘက်သို့ ဦးတည်မောင်းနှင်လာသော YBS 61 ယာဉ် မှာ သမိုင်းဘူတာကြီးလမ်းမပေါ်ရှိ ဦးဘဟန်မှတ်တိုင်အရောက်တွင် ယာဉ်ပေါ်သို့ အမျိုးသားများ တက်ရောက်လာပြီး ယာဉ်ပေါ်ရှိ ခရီးသည်များအား သံတုတ်များဖြင့် ချိန်းခြောက်ရိုက်နှက်ကာ ဖုန်းများလုယက်ခဲ့ခြင်း ဖြစ်သည်။
ယင်းတို့မှာမင်းသိန်းနိုင်(ခ) ဂတုံး၊ အောင်မျိုးသန့် (ခ) ရှီစဗားကမား ၊ လှိုင်ဖြိုးမောင်၊ ဖြိုး မောင်၊ မျိုးမင်းအောင်၊ ထွန်းထွန်းဦး (ခ) ဖိုးသင်္ကြန် ၊ အောင်ကျော်ဆန်း (ခ) ဆီတုံးနှင့် ဝင်းထူး (ခ) ဆံရှည်ဆိုသူတို့ ဖြစ်ပြီး လုယက်မှုတွင် အသုံးပြုခဲ့သည့် ပရိုဘောက်စ်ကား GG/5704 ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းတို့ကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သံတုတ်ဖြင့် ရိုက်ခံရသောကြောင့် ခရီးသည်အချို့ဖုန်းများ ပါသွားသည့်အပြင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group
Page 1895 of 2476