#LocalNews
Published_12 May 2022
ကိုဗစ်ကြောင့် ပိတ်ထားခဲ့သည့် စစ်တွေတက္ကသိုလ်၏ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် နေ့သင်တန်းများကို ယနေ့ မေလ ၁၂ ရက်မှ ဇူလိုင်လ ၂၇ ရက်ထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းများကို ပိတ်ထားခဲ့ကြရခြင်းလည်း ဖြစ်သည်။
စစ်တွေတက္ကသိုလ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၅ ရက်ကလည်း ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ်အတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပဉ္စမနှစ် ဥပဒေတန်း၊ မဟာအရည်အချင်းစစ်အတန်း၊ ပထမနှစ် မဟာအတန်းနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းတို့ကို စတင်ဖွင့်လှစ်ခဲ့သည်။
Photo-na rinjara
ymg/mt
#Yangon_Media_Group
#LocalNews
Published_12 May 2022
တိုင်းရင်းသားတွေ ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကလွဲရင် တခြားနည်းလမ်းမရှိဘူးလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ဆိုပါတယ်။
#Yangon_Media_Group
#LocalNews
Published -12 May 2022
မြန်မာနိုင်ငံမှာ နှစ်ကြိမ်ပြည့်ကာကွယ်ဆေးထိုးပြီး နောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မေလ(၁၀)ရက်အထိ စာရင်းတွေအရ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူ(၁)သန်းခြောက်သိန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
ကိုဗစ်ကာကွယ်ဆေးထိုးအခြေအနေနဲ့ ပတ်သက်လို့ ပထမအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ (၆)သန်း ခြောက်သိန်းကျော်၊နှစ်ကြိမ်ပြည့်ထိုးပြီးသူ(၂၄)သန်း ကျော်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူ(၁)သန်းခြောက်သိန်းကျော်၊ ပထမအကြိမ်နဲ့ အကြိမ်ပြည့်ထိုးနှံပြီးသန်း(၃၀)ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်၊၊
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူ စုစုပေါင်းသန်း(၃၀)ကျော်၊ အကြိမ်ရေအားဖြင့်(၅၆)သန်းကျော်ထိုးနှံပြီးစီးထားပြီ ဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_12 May 2022
ပတ်စ်ပို့စာအုပ်မလိုဘဲ Border Pass ဖြင့် ထိုင်းနိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ခွင့် ရရှိရေးအတွက် ယနေ့ မေလ ၁၂ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ သွားရောက်လုပ်ကိုင်ခွင့် ရရှိလျှင် မြန်မာနယ်စပ်အထွက်ဂိတ်မှ ကိုယ်ပိုင်မှတ်ပုံတင်ပြ၍ ၃ လ သက်တမ်းရှိ Border Pass နယ်စပ်ဖြတ်ကျော်စာအုပ် တစ်ပါတည်းရရှိမည်ဖြစ်ပြီး Border Pass ကိုလည်း တစ်လ တစ်ကြိမ် သက်တမ်းတိုးနိုင်စေရန် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားကြောင်းလည်း သိရသည်။
"မေလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွေ ဖြစ်တဲ့ မဲ့ဆောက်၊ ကန်ကျနဘုရီ၊ ရနောင်းတွေမှာ အလုပ်သမားခေါ်ယူဖို့ ဆွေးနွေးတာ၊ ထိုင်းနိုင်ငံနယ်စပ်အလုပ်သမား ဥပဒေနဲ့ အလုပ်သမားခေါ်ဖို့ ရှိတယ်လို့ သိရတယ်။
ပတ်စ်ပို့စာအုပ်မလိုဘူးပေါ့ Border Pass စာအုပ်နဲ့ပဲ သွားရောက်အလုပ်လုပ်ခွင့်ရရင် ပိုကောင်းတယ်။ မြန်မာနိုင်ငံမှာက အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းနေတော့ ထိုင်းဘက်ကို သွားပြီး အလုပ်လုပ်ချင်သူတွေအတွက် ဒီနည်းလမ်းက ကောင်းတယ်"ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက် - မြဝတီနှင့် ရနောင်းဘက်ခြမ်းမှ မေလတစ်ရက်ကစ၍ Border Pass ဖြင့် ထိုင်းနိုင်ငံကို ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက သတင်းထွက်ပေါ်ခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 12 May 2022
ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် FDA က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စျေးများအား ရှောင်တခင်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရှောင်တခင် စစ်ဆေးမှုကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေး နေပြည်တော် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဒေါက်တာဇော်လွင် ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့စစ်ဆေးမှုတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့မဈေး
(သီရိရတနာဈေး)၊ မြို့မဈေး၊ တပ်ကုန်းမြို့မဈေး၊ သပြေကုန်းဈေးများသို့ စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - နေပြည်တော်ကောင်စီ
ymg/kg
#Yangon_Media_Group
#LocalNews
Published -12 May 2022
လာမယ့်မေလ(၁၄)ရက်၊ ကဆုန်လပြည့်နေ့မှာ မဟာဝိဇယစေတီတော်ကြီးမှာ အနေကဇာတင်အခမ်းအနားကျင်းပ ပြုလုပ်သွားမှာဖြစ်သလို အများပြည်သူလည်း ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ဖို့ ပြင်ဆင်ပေးထားတယ်လို့ ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
ကဆုန်လပြည့်နေ့မှာ မဟာဝိဇယစေတီတော်ကြီးရှိ ဗောဓိညောင်ပင်နှစ်ပင်မှာ မနက်(၅)နာရီက စလို့ အများပြည်သူဘုရားဖူးတွေ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်တယ်လို့ ဆိုပါတယ်၊၊
"မနက်(၅)နာရီခွဲလောက်မှာ အနေကဇာတင်မယ်၊၊ ဆရာတော်ငါးပါးနဲ့ အာရုံဆွမ်းကပ်လှူပါမယ်၊၊ညောင်ရေသွန်းလောင်းလှူဖို့ မနက်(၅)နာရီက စဖွင့်မယ် ည(၇) အထိဖွင့်ပေးထားပါတယ်၊၊ဆရာတော် သံဃာတော်တွေ ညောင်ရေသွန်းလောင်းပြီးနောက် အများပြည်သူညောင်ရေသွန်းလောင်းနိုင်ပါတယ်၊၊ ညောင်ရေသွန်းလောင်းနိုင်ဖို့ အတာအိုးတွေရေတွေလည်း အဆင်သင့်ပြင်ပေးထားပါတယ်"လို့ မဟာဝိဇယစေတီတော်၊ ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးသိန်းမြင့် က YMG ကိုပြောပါတယ်၊၊
မဟာဝိဇယစေတီတော်ကြီးမှာ ( ၁၅ )ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းမှ ရွှေလှောင်လိပ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ချိပ်ပိတ်တင်ဒါစနစ်နဲ့ ရောင်းချဖို့ ဆောင်ရွက်နေပြီး မေလ(၁၂)ရက်မှာ တင်ဒါတင်သွင်းလွှာတွေ စတင်ရောင်းချမှာဖြစ်ပြီး မေလ(၁၆)ရက်မှာ အရောင်းပိတ်ကာ မေလ(၁၉)ရက်မှာ တင်ဒါဖွင့်ဖောက်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 12 May 2022
၁။ ရှေးဟောင်းပစ္စည်းများ ခိုးယူခံနေရသည့် ကမ္ဘာ့အမွေအနှစ်ဒေသပုဂံတွင် CCTV Network တပ်ဆင်မည်။
၂။ ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ကျောက်ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းပြုစုနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရုပ်ရှင်အမှတ်တရပစ္စည်းများ လေလံတင်ပွဲတွင် ဒီလော်ရီယန်မော်တော်ကားပါဝင် ပြသသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1894 of 2072