#LocalNews
Published_7 May 2022
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမကြီးကို ချိတ်ဆက်ဆောက်လုပ်နေတဲ့ ကိုရီးယာ-မြန်မာချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားစီမံကိန်း လုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ ဒီနှစ်ကုန်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 May 2022
IELTS ဖြေဆိုဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အမှတ်ကောင်းစေဖိုနဲ့ အခြားလိုအပ်ချက်တွေသိရှိနိုင်ဖို့ ကြိုတင်လေ့လာနိုင်မယ့် အွန်လိုင်းဆွေးနွေးပွဲ webinar တစ်ခုကို British Council Myanmarက ကြီးမှူးကျင်းပပေးသွားမှာဖြစ်ပါတယ်၊၊
မေလ(၁၅)ရက်နေ့၊ညနေ(၆)နာရီမှာပြုလုပ်မှာဖြစ်ပြီး ဝါရင့်အတွေ့အကြုံရှိသောဆရာမှဆွေးနွေးပြောကြားသွားမှာ ဖြစ်တယ်လိုဆိုပါတယ်၊၊
IELTS Writing အပိုင်း ၁ နဲ့ ၂ ဖြေဆိုမှုမှာ စစ်ဆေးတဲ့ပုံစံနဲ့ နမူနာအရေးအသားတချို့ကို လေ့လာကြည့်တာတွေအပြင် ပိုမိုကောင်းမွန်တဲ့အမှတ်တွေရရှိနိုင်စေဖို့အတွက် အခြားလိုအပ်ချက်တွေကို ပိုမိုနားလည်နိုင်စေဖို လေ့လာတာတွေကို IELTS သင်ကြားမှုမှာ ဝါရင့်အတွေ့အကြုံရှိတဲ့ ဆရာမှ အွန်လိုင်း webinar တစ်ခုကျင်းပပေးသွားမှာ ဖြစ်ပါတယ်၊၊
အဲဒီ့အွန်လိုင်းဆွေးနွေးပွဲတက်ရောက်ရန်အတွက် https://bit.ly/37y69jO လင့်ခ်မှာစာရင်းပေးသွင်း နိုင်ပါတယ်၊၊
IELTS သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက https://bit.ly/37sPpdX နဲ့ဝင်ခွင့်စာမေးပွဲနဲ့ သင်တန်းအကြောင်းဆွေးနွေးမှုအတွက် စာရင်းပေးသွင်းဖို့ https://sforce.co/3L9amJ9
https://bit.ly/3uQQPYS လင့်ခ်တိုကိုဝင်ရောက်နိုင်တယ်လိုသိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 8 May 2022
၁။ ဒလ မြစ်ကူးတံတားစီမံကိန်း ယခုနှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်းပြီးစီးမည်။
၂။ ကိုဗစ်ကာလတွင်ရပ်နားခဲ့ရသည့် စာကြည့်တိုက်ဒီပလိုမာသင်တန်းများ ပြန်လည်ဖွင့်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကျောင်းတစ်ကျောင်းတည်းဆင်းလာကြသူများ ထူးဆန်းတိုက်ဆိုင်စွာ ဦးနှောက်အကျိတ်ဖြစ်ပွားနေကြရ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 May 2022
လတ်တလောမှာ ပုဂံဒေသမှာ သဲပန်းချီရေးဆွဲဖို့ အသုံးပြုရတဲ့ပိတ်စနဲ့ ရေးဆွဲတဲ့ ဆေးတွေဈေးတက်လာတဲ့အတွက် သဲပန်းချီကားဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့ သဲပန်းချီရေးဆွဲသူ ကိုအေးမင်းက YMG ကို ပြောပါတယ်၊၊
အဲဒီလို သဲပန်းချီကားဈေးနှုန်းတွေ မြင့်လာပေမယ့်လည်း အရောင်းအဝယ်ပါးတဲ့အတွက် သဲပန်းချီကား ရောင်းချနေသူတွေအခက်တွေ့နေတယ်လို့ ဆိုပါတယ်၊၊
ပုဂံဒေသက စူဠာမဏိဘုရားမှာ သဲပန်းချီဆိုင်ဖွင့်ထားတဲ့ ကိုအေးမင်းက အခုလိုပြောပါတယ်၊၊
"နိုင်ငံခြားသားခရီးသွားမရှိတဲ့အတွက် အရောင်းအဝယ်တော်တော်ပါးတယ်၊၊ ပြည်တွင်းက ဘုရားဖူးတွေပဲအားကိုးနေရတယ်၊၊ သဲပန်းချီကားတွေကို အွန်လိုင်းကနေ ရောင်းပေမယ့်လည်းသိပ်မရောင်းရပါဘူး၊၊
ပြည်ပကနေဝယ်ယူတာမျိုး မရှိသေးဘူး၊၊ ဘုရားကိုလာတဲ့ဘုရားဖူးဧည့်သည်တွေကိုပဲ အားကိုးပြီးရောင်းနေရတယ်၊၊ အခုလောလောဆယ် သဲပန်းချီကားဈေးတွေတက်နေတယ်၊၊ သဲပန်းချီရေးဆွဲရတဲ့ ပိတ်စနဲ့ ဆေးဖိုးတွေတက်လာတော့ ကျွန်တော်တို့ သဲပန်းချီကားတွေ လည်းဈေးတက်လာတယ်၊၊ ရောင်းအားကတော့ အခုချိန်တော့ မကောင်းသေးဘူး"လို့ ကိုအေးမင်းက ပြောပါတယ်၊၊
အချို့ အွန်လိုင်းအသုံးပြုပြီး မရောင်းချတတ်သူတွေအနေနဲ့ သဲပန်းချီကားတွေ မရောင်းရတဲ့အတွက် သဲပန်းချီရေးဆွဲသူတွေ အခက်တွေ့နေပြီ စားဝတ်နေရေးအတွက် အခြားအလုပ်တွေလည်းတွဲလုပ်နေရတယ်လို့ ဆိုပါတယ်၊၊
သဲပန်းချီကားချပ်တစ်ချပ်(အသေးဆုံး)ကို အရင်က ကျပ် ၈၀၀၀၊ ကျပ် ၁၀၀၀၀ နဲ့ ရောင်းနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကုန်ကြမ်းဈေးတွေတက်လာတဲ့အတွက် အနည်းဆုံးကျပ်(၁၂၀၀၀)လောက်နဲ့မှ ရောင်းနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 7 May 2022
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် Free Online Certificate Courses များဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်။
စီးပွားရေးလုပ်ငန်း ဆိုင်ရာ ဥပဒေများကို သိရှိနားလည်စေရန်၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများနှင့် တတ်သိနားလည်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် Free Online Certificate Courses များကို မေ ၁၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါသင်တန်းများ တက်ရောက်လိုပါက သင်တန်းအလိုက် သက်ဆိုင်ရာ Link များသို့ ဝင်ရောက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
> Certificate in Business Law
Link; https://forms.gle/at6hi7o9RYmGKUuEA
> Certificate of Proficiency in Business English
Link; https://forms.gle/vS7tkQoeBycokfuB7
> Certificate in Entrepreneurship and Business Management
Link; https://forms.gle/QDqWkDmCDU1xTJbF6
သင်တန်းများသို တက်ရောက်လိုသူများ အနေဖြင့် သက်ဆိုင်ရာ Link များမှတစ်ဆင့် Google Form ဖြင့် ဖြည့်စွက်ပြီး မေ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 7 May 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်၊ ကောလိပ်(၄၉)ခုတို့တွင် နည်းပြနှင့်သရုပ်ပြ ဆရာ၊ ဆရာမ တာဝန်ထမ်းဆောင်ကြမည့် (၁၄၇၉) ဦးအား မေ ၆ ရက်နေ့ နံက်ပိုင်းက သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ကြိုဆိုခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ်အပါအဝင် အခြားသော တက္ကသိုလ်တို့၌ နည်းပြနှင့် သရုပ်ပြ ဆရာ၊ ဆရာမအသစ်များအား ကြိုဆိုသော အခမ်းအနားများကို သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှာ ကျင်းပခဲ့ပါတယ်။
ဒဂုံတက္ကသိုလ်၌ ယနေ့နံနက်ပိုင်းတွင် နည်းပြနှင့် သရုပ်ပြဆရာ၊ ဆရာမအသစ်(၃၄)ဦးကို ပါမောက္ခချုပ်နှင့် သင်ကြားရေး၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးသာထွန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့ရွေးချယ်ထားသော ဘာသာရပ်ဆိုင်ရာများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး သင်ကြားရေးနှင့် သုတေသနသည် ဟန်ချက်ညီရန် လိုအပ်၍ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူ သော ဆောင်ပုဒ်နှင့်အညီ စံနမူပြသင်ကြားပေးသူများအဖြစ် ကြိုးပမ်းကြစေလိုကြောင်း မှာကြားခဲ့ပါတယ်။
စာပေသင်ကြားမှုတစ်ခုတည်း မဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွက် စံပြုထိုက်သူများ ဖြစ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သော ဆရာကောင်း ဆရာမကောင်းများဖြစ်ကြပါစေဟု ဆုမွန်ချွေလျက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ဒဂုံတက္ကသိုလ်ကို မေ(၂)ရက် မှစ၍ ဘာသာရပ်(၂၀)တွင် တက်ရောက်သင်ကြားကြမည့် ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို လက်ခံဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်လက်၍ Master တန်းများကို ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
#Local_News
Published_ 7 May 2022
ဂျပန်က UN-Habitat မှတစ်ဆင့် အိမ်ထောင်စု ၁၂၀၀၀ ကျော်ကို သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း UN-Habitat ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ရပ်ရွာစေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ အိမ်ထောင်စု ၁၂,၀၃၀ အတွက် တစ်ဆယ်လီတာ ရေသန့်ဗူး ၂၄,၀၆၀ ကျော်ကို ဖြန့်ဝေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“နွေရာသီမှာ ရာသီဥတု ပူလာတာကြောင့် မကြာခဏ ရေဆာပါတယ်။ ကျွန်မရဲ့ မိသားစုအတွက် လုံလောက်တဲ့ သောက်ရေ လိုအပ်ပါတယ်။ အခုလိုအပ်တာတွေကို လိုအပ်နေတဲ့ အချိန်အခိုက် အတန့်မှာရလို့ ဝမ်းသာပါတယ်။ ရေလှူတာက ကုသိုလ်ကောင်းမှု လုပ်တာလို့ ကျွန်မယုံကြည်တယ်။ ပြီးတော့ UN-Habitat နဲ့ ဂျပန်ပြည်သူတွေကို သူတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်” လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာနေထိုင်တဲ့ ဒေါ်မိုးမိုးက ဆိုပါတယ်။
UN-Habitat သည် ဂျပန်နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် COVID-19 အသိပညာပေး အချက် အလက်များနှင့် COVID-19 ကာကွယ်ရေး ဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုး ကူညီလျက်ရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
Page 1903 of 2071