#Local_News
Published _ 15 August 2022
မြန်မာနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံလုံးက ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် အထိသာ ပြုလုပ်နိုင်သည်။
ထိုသို့ဆောင်ရွက်တွင် သတင်းနှင့် နည်းပညာ၊ ဘဏ်နှင့်ငွေကြေး၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆေးဝါးထုတ်လုပ်မှု၊ အခြေခံအဆောက်အဦ၊ ဘူမိဗေဒ၊ စွမ်းအင်နှင့် စက်မှုကဏ္ဍများ အတွက် ကုန်သွယ်မှုပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံက ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း အစရှိသော လယ်ယာ ထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့ရန်အလားအလာရှိသော ကုန်စည်များအဖြစ် ဈေးကွက်သစ်ချဲ့ထွင် တင်ပို့သွားရန်အတွက် ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပို့ကုန်များတင်ပို့နေသည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံ တင်ပို့ကုန်စည်များနှင့် ပတ်သက်၍ လက်ရှိနှစ်နိုင်ငံ ကုန်သွယ်မှုဆောင်ရွက်နေသည့်အခြေအနေများနှင့် အခက်အခဲများ၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 14 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုင်းဝဏ္ဏ (ခေါ် )ဦးလှအေး(အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း)နှင့်အတူ
-"Mahar Nine ကုမ္ပဏီအနေနဲ့ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများအပြင် ရေကြောင်းလေကြောင်း ပို့ကုန်သွင်းကုန်ဝန်ဆောင်မှုလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
- စီးပွားရေးလုပ်ငန်းရှင်တွေက သေချာမှုကိုကြိုက်တယ် သေချာမြတ်မယ်ထင်ပြီး လုပ်လိုက်တဲ့အလုပ်တွေ ရှုံးတာမျိုးဖြစ်လာတော့ ဝေဝါးတဲ့အခြေအနေကြုံတွေ့နေရကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published - 14 August 2022
ကိုဗစ်- ၁၉ ရောဂါထပ်မံကူးစက်မှုမရှိစေဖို့အတွက် လေးကြိမ်မြောက် ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံပေးဖို့ပြင်ဆင်နေတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published 14 August 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြို့တွင်းနေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့ပြီး လမ်းပန်းဆက်သွယ်သွားလာရေး ပြတ်တောက်ခဲ့ကာ ရေဘေးနှင့်ကြုံတွေ့ခဲ့ရသဖြင့် ကယ်ဆယ်ထောက်ပံ့ရေးစခန်းကို ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ရေဘေးအရေးပေါ်ကယ်ဆယ်ရေးစခန်းကို အောင်မြတ်ခန်းမ၊ခရိုင်စုပေါင်းရုံးနှင့် အားကစားရုံတို့၌ ဖွင့်လှစ်ထားကာ ရေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ကူညီနိုင်ရေး လက်ခံဆောင်ရွက်လျှက်ရှိကြောင်း၊စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်းပေးသည့် ကယ်ဆယ်ရေးပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးဌာမှ ဝန်ထမ်းများက လက်ခံဆောင်ရွက်လျှက်ရှိပြီး ရေဘေးကြုံတွေ့နေရသော နေရာဒေသများမှ ကယ်ဆယ်ရေးလုပ်းငန်းများ ဆောင်ရွက်လျက်ရှိသော ပရဟိတအသင်းမှတာဝန်ရှိသူများကို စနစ်တကျ ထုတ်ပေးလျက်ရှိပါတယ်။
စေတနာရှင်ပြည်သူများက အလှူငွေများ၊ထမင်းထုတ်၊ပေါင်မုန့်အမျိုးမျိုး၊မာမားခေါက်ဆွဲနှင့် သောက်ရေသန့်များကို နေ့စဥ် လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း၊အောင်မြတ်ခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းမှတဆင့် ယမန်နေ့က ထမင်းထုတ်( ၄) ထောင်ကျော်၊သောက်ရေသန့်(၅)ရာကဒ်တို့ကို ထုတ်ပေးနိုင်ခဲ့ပြီး ယနေ့တွင်လည်း လာရောက်လှူဒါန်းပေးလျက်ရှိရာ ထမင်းထုတ် ( ၂ )ထောင်ကျော်နှင့် သောက်ရေသန့်( ၅)ရာကဒ်ကျော်ကို လက်ခံရရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။




-ymg/ys-tcl
#Yangon_Media_Group
#LocalNews
Published_14 August 2022
လက်ဝှေ့ပွဲများနှင့် ၂ နှစ်ခန့် ကင်းကွာနေသော အသက် ၂၉ နှစ်အရွယ် မြန်မာပြည်အလွတ်တန်းချန်ပီယံထွန်းထွန်းမင်း နှင့် အသက် ၂၃ နှစ်အရွယ် မွေထိုင်းလက်ဝှေ့ အတွေ့အကြုံအတော်လေးရှိပြီး (၃၈) ပွဲထိအနိုင်ရရှိထားသော ဟန်ဆိုလီမာနီ (အီရန်) တို့ ယနေ့ သြဂုတ်လ ၁၄ ရက် ညနေပိုင်းတွင်ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ထိုးသတ်ကြရာ ပထမပိုင်းပွဲအချိန်၌ပင် ပြိုင်ဘက်အပေါ် အနိုင်ရရှိသွားပြီဖြစ်သည်။
ထွန်းထွန်းမင်း အနေဖြင့် ယနေ့ပွဲအတွက် ကြိုတင်လေ့ကျင့်ချိန် အလုံအလောက်ရထားသည့်ပြင်
မြန်မာ့လက်ဝှေ့၏ သတ်(၉) သတ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_14 August 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် သြဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၂ ရက်ထိ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
ယင်းတို့အနေဖြင့် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ(အခြေခံပညာကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို သြဂုတ်လ ၁၈ ရက် ကစ၍ ကိုယ်တိုင်ထုတ်ယူကြရမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ကြေညာထားသည်။
လျှောက်ထားနိုင်သည့် တက္ကသိုလ်များမှာ မြစ်ကြီးနား၊လွိုင်ကော်၊ဘားအံ၊ဟားခါး၊မုံရွာ၊ရွှေဘို၊စစ်ကိုင်း၊ထားဝယ်၊တောင်ငူ၊ပြည်၊ပဲခူး၊မကွေး၊ပခုက္ကူ၊မန္တလေး၊မိတ္ထီလာ၊ကျောက်ဆည်၊မော်လမြိုင်၊စစ်တွေ၊တောင်ကုတ်၊ရန်ကုန်အဝေးသင်၊တောင်ကြီး၊လာရှိး၊ကျိုင်းတုံ၊ဟင်္သာတ၊မအူပင် စုစုပေါင်း တက္ကသိုလ် ၂၆ ခု ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။
လျှောက်လွှာတင်သွင်းမည့်သတ်မှတ်ရက်ထက် ကျော်လွန်လျှောက်ထားသူများအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ဌာနခွဲ)သထုံလမ်း ကမာရွတ် သို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 14 August 2022
လျှပ်စစ်ဓာတ်အားမလုံလောက်မှုနှင့် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားတွေကို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေကတစ်ဆင့် ပြည်ပက ဝယ်ယူဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဩဂုတ်၁၃ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးတစ်ခုမှာ နစကရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတွင် နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်ဆဲစီမံကိန်းများအနေဖြင့် ရေအား လျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ဆက်လက်ပြီးတော့လည်း လေစွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဘယ်နိုင်ငံကနေ လျှပ်စစ်ဓာတ်အားတွေ ဝယ်မယ်ဆိုတာနှင့် အဲဒီလုပ်ငန်းနှင်ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။
နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေ သွယ်တန်းပြီး အိမ်နီးချင်း တရုတ်နှင့် လာအိုနိုင်ငံတွေကနေ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူဖို့ ပြီးခဲ့တဲ့ အစိုးရများလက်ထက်မှာ စီစဉ်ခဲ့ပေမယ့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီအတွက် ယခုလို ပြည်ပမှ လျှပ်စစ်ဓာတ်တင်သွင်းမှာဟာ အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် လာအိုနှစ်ခုစလုံး သို့မဟုတ် တစ်ခုခုနှင့် ဖြစ်နိုင်ချေရှိတယ်လို့ အဆိုပါလုပ်ငန်းတွေနှင့် ထိတွေ့ကျွမ်းဝင်ခဲ့ဖူးတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အသိုင်းအဝန်းမှသိရှိရပါတယ်။
-ymg/knl
#Myanmar_Electricity_shortage
#Myanmar_Electricity_Import
Page 1901 of 2296