#Local_News
Published_8 December 2022
ရှစ်လတာကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၂ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 December 2022
၁။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရရှိထား
၂။ ကောက်ရိုးမှို ဈေးကောင်းရနေပြီး စိုက်ပျိုးမှုပိုများနေ
၃။ မြန်မာ့လက်မှုလုပ်ငန်းများ ဈေးကွက်ပြန်ရရှိစေရေးဆောင်ရွက်နေရ
၄။ ပြင်သစ်ရိုးရာပေါင်မုန့်အသား အစာသွပ်ပြုလုပ်သည့်ပြိုင်ပွဲအား အတော်ဆုံးအစားအသောက် ပညာရှင်ဒိုင်များမှ အကဲဖြတ်အမှတ်ပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published 8 December 2022
လက်ရှိ တန်ဖိုးမြင့်ကားတွေ အရောင်းအဝယ်အေးနေပေမယ့် ကားဈေးကွက်ထဲမှာတော့ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေတယ်လို့ ကားရောင်းဝယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 December 2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အနောက်တောင်ဘက် ရေမိုင် ၁၅၀ ကျော်အကွာ(ထိုင်းပင်လယ်ပြင်အနီး)၌ ဘင်္ဂါလီများတင်ဆောင်လာသည့် ရေစိမ့်ဝင်နေသော စက်လှေတစ်စင်းကို မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ကမ်းလွန်ရေနံလုပ်ကွက်မှ ရေယာဉ် ၂ စီးက ရေနစ်မြုတ်မည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလ ၇ ရက် ည ၈ နာရီခန့်က အဆိုပါ သတင်းကို ရရှိသည့်အတွက် တပ်မတော် (ရေ) ကလည်း ပူးပေါင်းဆောင်ရွက်ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၄၈ ဦးတို့ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကနဦးစစ်ဆေးမေးမြန်းချက်အရ ယင်းဘင်္ဂါလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန်ထွက်ခွာလာစဉ် စက်လှေမှာ ရေစိမ့်ဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 8 december 2022
မော်လမြိုင်မြို့နယ်အတွင်းမှာ ကျောင်းကြိုပို့ဆိုင်ကယ်တစ်စီးအား မော်တော်ယာဉ်တစ်စီးမှ ဝင်တိုက်မိပြီး ဆိုင်ကယ်ပေါ်တွင် ပါလာသည့် မူလတန်းအရွယ်ကလေးနှစ်ဦးနှင့် မောင်းနှင်သူပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာလ ၈ရက် နံနက် ၇နာရီဝန်းကျင်ခန့်တွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တောင်ဝိုင်းလမ်းအတိုင်း မောင်းနှင်လာသည့် ကျောင်းကြိုပို့ဆိုင်ကယ်အား အနောက်မှ ကားတစ်စီးဝင်တိုက်မိခဲ့ပြီး ကျူးလွန်သူဟာ မောင်းပြေးသွားခဲ့ကြောင်း မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကဆိုသည်။
"ကျွန်တော်တို့ရောက်တော့ ကားကမောင်းပြေးသွားတယ်။ ဆိုင်ကယ်မောင်းလာတာ သားဖ ၃ယောက်လို့သိရပါတယ်။ မိန်းကလေးကတော့ ပေါင်တဖက်ကျိုးသွားတယ်။ ကောင်လေးကတော့ ခေါင်းထိသွားပြီး မူးဝေအော့အန်တာတွေဖြစ်ခဲ့လို့ အသင်းက ဆေးရုံကိုအချိန်မီပို့ပေးခဲ့ပါတယ်။ ဆိုင်ကယ်မောင်းတဲ့သူလဲ ထိခိုက်မှုအနည်းငယ်ဖြစ်ခဲ့ပါတယ်" ဟု မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းက YMG ကိုပြောခဲ့သည်။
#ymg/NN
#Yangon_Media _Group
#Local_News
Published_ 8 December 2022
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အဂတိမှုများအတွက် သက်သေများ စစ်ဆေးရန် ကျန်နေသေးကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက သိရသည်။
လာမည့် ဒီဇင်ဘာလ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ကျန်နေသေးသည့် သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သော်လည်း အဆိုပါ သက်သေများမှာ မည်သူမည်ဝါ ဖြစ်သည်ကို ပြော၍ မရသေးကြောင်း၊ စစ်ဆေးခံရန် လာမည်မလာမည်ကိုလည်း တိတိကျကျ ပြော၍ မရသေးကြောင်း ယင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
"ဒီဇင်ဘာလ ၅ ရက် နဲ့ ၆ ရက်မှာ တရားခံပြသက်သေတွေ ကို စပြီးတော့ စစ်တယ်၊ အခုစစ်လို့ ပြီးတာကအရင်အစိုးရလက်ထက်က ပို့ဆက် ဒုဝန်ကြီးဟောင်း ဦးကျော်မျိုး၊ နောက်ပြီးတော့ AMAS ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့ကို စစ်ဆေးခဲ့တယ်"ဟု ယင်းကပြောသည်။
ရဟတ်ယာဉ်နှင့်ပတ်သက်သော အမှုများမှာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်က ဦးဝင်းမြင့်ကို စစ်ဆေးပြီးစီးခဲ့ကာ နိုဝင်ဘာလ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 December 2022
ရန်ကုန်တိုင်းဒေသကြီး နစကဝန်ကြီးချုပ်ဟောင်း၊ စီးပွားရေးဝန်ကြီးဟောင်းနှင့် အတွင်းရေးမှူးဟောင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များအသီးသီး ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် နစကဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ထောင် ၁၅ နှစ်၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင် အနှစ် ၂၀ နှင့် တိုင်းဒေသကြီးအတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်ကိုထောင် ၆ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရမြေများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဆုံးအဖြတ်ဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက် မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်ထိ မြေကွက်များ ရောင်းချပေးခဲ့ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်ကို မလိုက်နာသည့်အပြင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ မြို့နယ်များအလိုက် ကာလတန်ဖိုး သတ်မှတ်ချက်အောက် လျှော့ချခွင့်ပြုပေးခဲ့သဖြင့် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒလ မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက် ကိုးကွက် မြေဧရိယာ ၂၆၂ ဧကခန့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊အတွင်းရေးမှူး ဦးစိုးစိုးဇော် သည် အစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြေလျှောက်ထားခြင်း၊ မြေကွက် ဈေးနှုန်းသတ်မှတ် ဆောင်ရွက်ခြင်းများတွင် ရောင်းချ မြေတန်ဖိုးများမှာ ကာလတန်ဖိုးအောက် များစွာ လျော့နည်းနေသည်ကို တင်ပြမှုမရှိခဲ့ခြင်း နှင့် ဝယ်ယူခွင့်ရရှိသူအချို့နှင့် တိုက်ရိုက်ဆက်သွယ်၍ မြေနေရာချထားပေးနိုင်ရန် တင်ပြ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများဆုံးရှုံးစေခဲ့ရာတွင် ပါဝင်အားပေး ကူညီခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေများ နေရာချထားပေးသည့် ကိစ္စများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးထံမှ ငွေကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် တစ်ဦးမှ မြေကွက် လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ငွေကျပ်သိန်း ၅၀၀၀ ကို ၎င်း၏ နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က တိုင်းဒေသကြီးအစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူတစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility - CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော်ကို ကောက်ခံရယူခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်တွင် အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ ရှေ့ဆောင်ဘဏ်(MAB) တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြေဧရိယာ ၃၂ ဧကကျောကို အငြိမ်းစားပုဂ္ဂိုလ်တစ်ဦး၏အမည်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေကွက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေကွက်ချထားပေးနိုင်ရေး တင်ပြဆောင်ရွက်ပေးခြင်း၊ မြေတန်ဖိုးနှင့် CSR ပေးသွင်းငွေများကို လျော့နည်း ပေးသွင်းစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိပါက မြေကွက်ရောင်းချရရှိမည့် အကျိုးအမြတ်ငွေ အပေါ်မှ ၂၀ ရာခိုင်နှုန်းကို ပေးအပ်ရန် ညှိနှိင်းသဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1435 of 2079