#LocalNews
Published_ 24 March 2023
မတ်လ၂၁ရက်တွင် စက်သုံးဆီ ပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂၁၀၀ကျပ်အထိရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ၁၉၉၄ကျပ်အတက်နှုန်းထားဖြင့် ဈေးပြန်တက်လာ ကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 24 March 2023
တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ EV လျှပ်စစ်ကားထုတ်လုပ်ဖို့ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေ ဆွေးနွေးနေတာပြုလုပ်နေပါတယ်။မတ်လ၂၂ရက်နေ့ ကုန်သည်စက်မူအသင်းချုပ်ရုံးမှာ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 24 March 2023
ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အခုနှစ်ကျင်းပမယ့်သင်္ကြန်ပွဲတော်ကို မှတ်တမ်းတင် Documentary ရိုက်ကူးထားမှာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 23 March 2023
၁။ကမ္ဘာ့အမွေအနှစ်စာရင်းတင်နိုင်ရန် သင်္ကြန်ပွဲတော်များကို မှတ်တမ်းတင် documentary များ ရိုက်ကူးမှတ်တမ်းတင်ထားမည်ဟုဆို
၂။တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်မယ်ဆိုရင် နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား ခိုင်မာသည့် MOU တွေချုပ်ဆိုရန်လိုအပ်ဟုဆို
၃။ တစ်ရက်အတွင်း ဓာတ်ဆီဈေး တစ်လီတာလျှင် ၂၁၀၀ ကျပ်သို့ ပြန်တက်လာ
၄။တစ်တော့၊ ယူကျုတို့တွင် သတင်းများစုစည်းတင်ဆက်ပေးနေသည့် အမျိုးသမီးငယ်အဖွဲ့ အောင်မြင်မှုရနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 24 March 2023
အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်တိုင်းအပါအဝင်ဒေသ(၄)ခုမှာ နေ့အပူချိန်တွေ အနည်းငယ်တိုးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published _24 March 2023
ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP) အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ယနေ့ မတ်လ ၂၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း သိရသည်။
"လက်ရှိ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့ ယုံကြည်တယ်၊နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတာက နိုင်ငံရေးပါတီတွေ မရှိမဖြစ်လိုအပ်တယ်။ဒါကြောင့် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားတာ ဖြစ်ပါတယ်"ဟု ပြည်သူ့ပါတီ(PP) ဥက္ကဌ ဦးကိုကိုကြီးက YMG ကို ပြောသည်။
လက်ရှိတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၂၃ ရက်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၈ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၃၂ ပါတီဖြစ်၍ စုစုပေါင်း ၄၀ ပါတီ ရှိပြီ ဖြစ်ကြောင်း၊ ယင်း ၄၀ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၀ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၃၀ ပါတီရှိပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ မတ်လ ၂၄ ရက် တွင် ပြည်သူ့ပါတီ(PP) နှင့်အတူ အခြား မည်သည့်ပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်လျှောက်ထားကြသည်ကိုမူ အသေးစိတ် မသိရသေးပေ။
ymg/mt
#Yangon_Media_Group
#LocalNews
Published _24 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်း (ဖွံ့ဖြိုးရေးလမ်းဆုံအနီး)တွင် ယနေ့ မတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်က ဥပဒေအကြံပေးတစ်ဦး သေနတ်ဖြင့် ၁၄ ချက် ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ပစ်ခတ်ခံရသူမှာ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေး-၆ လမ်းနေ အသက် ၅၂ နှစ်အရွယ် ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် ဖြစ်ပြီး SUZUKI EXTIGA အညိုရောင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် အခင်းဖြစ်ရာအရောက်တွင် လမ်းလျှောက်လာသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ခံရသောကြောင့် ဦးမင်းတေဇာညွန့်တင်၏ လက်ယာဘက် လက်ဖျံထိမှန်ဒဏ်ရာ (၃) ချက် ၊ လက်ဝဲဘက်လက်ဖျံ ထိမှန်ဒဏ်ရာ (၃) ချက်၊ လက်ယာလက်ခုံ ထိမှန်ဒဏ်ရာ (၂) ချက်၊ လက်ဝဲဘက် နံဘေး ထိမှန်ဒဏ်ရာ (၁) ချက်၊ လက်ဝဲဘက်ခါးစောင်း ထိမှန်ဒဏ်ရာ (၂) ချက်၊ ကျောကုန်း ထိမှန်ဒဏ်ရာ (၂) ချက်တို့ ရရှိခဲ့ကြောင်း၊ယင်းကို ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ SIG SAUER ကျည်အိမ် (၁) ခု၊ ၉ မမ ကျည်ခွံ (၁၄) ခုတို့အားတွေ့ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Page 1433 of 2269