#LocalNews
Published_11 December 2022
ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်သို့ ဆက်သွယ်သည့် ဂွချောင်းတံတားကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
ယင်းတံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။
ဂွချောင်းတံတားသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်မကျေးငူရွာကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိအကောင်အထည်ဖော် ဆောင်ရွက်နေသော ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးပင်-ကျောက်ချွန်-ဂွမြို့ ကမ်းခြေပတ် လမ်းတစ်လျှောက်တွင် အရေးပါသည့် တံတားတစ်စင်းလည်း ဖြစ်သည်။
တံတား အရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မပါဝင်၍ ရေလမ်း ကင်းလွတ် အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ် အကျယ်သည် ၈၅ ပေရှိကြောင်း၊တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင် ၇၅ တန် ဖြစ်ပြီး P.C Grider , R.C Grider သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ အောက်ထည်မှာ သံကူကွန်ကရစ်ကြမ်းခင်းနှင့် တံတားအုတ်မြစ်သည် သံကူ ကွန်ကရစ်ဘိုးပိုင် အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တံတားတစ်စင်းလုံး ချဉ်းကပ်လမ်း အပါအဝင် ကုန်ကျငွေမှာ မြန်မာငွေကျပ်သန်းပေါင်း ၈၉၈၀ ဖြစ်ကြောင်း၊လတ်တလောတွင် တံတားပြီးစီးနေပြီ ဖြစ်၍ ဖွင့်ပွဲ မပြုလုပ်မီ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အရေးပေါ်ကဏ္ဍတို့တွင် အသုံးပြုနိုင်ရန် အတွက် ၃ တန်အောက် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရသည်။
Photo-MOC
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 11 December 2022
တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ယာအနီး မီးလောင်မှု့ဖြစ်ပွားရာတွင်ကူညီပေးသည့် ပလုံကောက်သည့်လူငယ်တစ်ဦး တံခါးညှပ်၍လက်ခလယ်ပြတ်သွားသဖြင့်စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းမေတ္တာအလင်းလူမူကူညီရေးအသင်းမှသိရသည်၊၊
အဆောက်အဦး၏ အတွင်းမှ လူများပိတ်မိနေ၍ ပြည်သူအမျိုးသား လူငယ်လေးအား သွားရောက်၍ ကူညီရာတွင် တံခါးနှင့်လက်ညပ်၍ လက်ခလယ်ပျက်ထွက် လူနာအမျိုးသားလေးအား မေတ္တာအလင်းလူမူကူညီရေးအသင်း မှ စံပြဆေးရုံကြီးသို့ (အခမဲ့)သွားရောက်ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
မေတ္တာအလင်းလူမူကူညီရေးအသင်း မှပရဟိတသမားတစ်ဦးကလည်း အဲဒီဖြစ်စဥ်နှင့်ပတ်သက်၍
"လူသာဆင်းရဲရင်ဆင်းရဲမယ်...စိတ်ဓါတ်လေးကိုတော့မချီးကျူးပဲ မနေနိုင်ဘူး...တံတားအောက်မှာအိပ်..မနက်ဆိုပလုံကောက်.. ဘဝပေးအခြေအနေကြောင့်ဆင်းရဲပေမယ့် တာမွေ ဦးချစ်မောင်အိမ်ယာမီးလောင်မှု့ဖြစ်စဥ် မှာပြည်သူတစ်ယောက်အနေနဲ့... ဝိုင်းဝန်းချင်တဲ့စိတ်ကလေး..အထဲမှမီးခိုးမွှန်ပြီး မှန်ခွဲ၍ခုန်ဆင်းလာသောသူအား..တွေ့ပြီး..ကူညီချင်တဲ့စိတ်နဲ့ သွားရောက်ကူညီရာတွင် လက်ခလယ်လေးပျက် သွားသဖြင့် အပြုံးမပျက်ပဲ.."ရတယ်မကြီးသားမကြောက်တက်ဘူး..သားလက်ကလေးပျောက်ရင်ရပြီ"ဆိုပြီးတဖွဖွပြောနေရှာတဲ့ လူငယ်လေး....."ဟု သူ၏လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြထားပြီး အခြား လူမှုကွန်ရက်သုံးစွဲသူများကလည်း ချီးကျူးဖော်ပြထားကြသည်၊၊
ဒီဇင်ဘာလ၉ရက်၊နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 11 December 2022
မြန်မာနိုင်ငံ၌ ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ကို လိုင်စင်ထုတ်ပေးထားပြီး ဆယ်နှစ်ကျော် ကာလ၌ ယာဥ်အစီးရေ သုံးဆကျော်တိုးလာခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြေားကြားထားပါတယ်။
ဒီဇင်ဘာ ၇ ရက်ကပြုလုပ်ခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနရဲ့ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဝန်ကြီးက ပြောဆိုခဲ့တာပါ။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မော်တော်ယာဥ်များ၊ ယာဥ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က မော်တော်ယာဥ် တင်သွင်းမှုဆိုင်ရာမူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မော်တော်ယာဥ် တင်သွင်းမှုများနှင့် ကားအရောင်းပြခန်းများလည်း များပြားလာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တွင် ယာဥ်စီးရေ ၂ ဒသမ ၃ သန်းကျော်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ထိ ဆယ်နှစ်ကျော်ကာလအတွင်း သုံးဆကျော် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ကညနအနေဖြင့် အဓိကလုပ်ငန်းများတွင် IT နည်းပညာအသုံပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် QR Code ဖတ်ရှုနိုင်တဲ့ Smart Card ယာဥ်မောင်းလိုင်စင်များ၊ ယာဥ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့တဲ့ အတွက် IT နည်းပညာသုံးဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်ရဲ့ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ လိုက်နာအကေင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 December 2022
သင်္ဘောလိုက်နေတဲ့ မြန်မာသင်္ဘောသားတွေအတွက် အသက်အာမခံကြေးနဲ့ လူမှုဖူလုံရေးကြေးတွေ ပုံမှန်ပေးသွင်းရမယ့်ရက်တွေမှာ အချိန်မီပေးသွင်းနိုင်ဖို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)မှ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 10 december 2022
ပြီးခဲ့တဲ့ ဒီဇင်ဘာလပထမအပတ်မှစ၍ တရုတ်ပြည်မြို့နယ်အားလုံး လော့ဒေါင်းဖြေလျှော့ပေးပြီးနောက် ဖရဲသခွားနှင့် သီးနှံတင်ပို့မှု အခြေအနေတွေ ပြန်ကောင်းမွန်လာခဲ့တယ်လို့ ဖရဲစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 10 Dec 2022
- အာဆင်းနစ်အဆိပ်သင့်ခြင်းကို ဘယ်လိုကုသနိုင်မလဲ ဘယ်လိုကာကွယ်နိုင်မလဲ??
#Yangon_Media_Group
#Local_News
Published-10 December 2022
ထိုင်းနယ်စပ်ကနေ တင်သွင်းခွင့်ကန့်သတ်ထားတဲ့ ကုန်စည်များမှအပ သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ လျှောက်ထားသူရဲ့ ဘဏ်အကောင့်ထဲမှာ ပို့ကုန်ဝင်ငွေရှိသလောက် သွင်းကုန်လိုင်စင် လျှောက်ထားနိုင်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်က အသိပေးကြေညာထားပါတယ်။
#Yangon_Media_Group
Page 1430 of 2079