#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီလ မနက် ၆နာရီ အချိန်ကစပြီး ရန်ကုန်မြစ်မှာ မြူတွေပိတ်ဆိုင်းနေတဲ့အတွက် ဒလပန်းဆိုးတန်း ကူးတို့ဆိပ်ခေတ္တပိတ်ထားတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 13 February 2023
၁။ မြူတွေပိတ်နေတဲ့အတွက် ဒလပန်းဆိုးတန်း လူကူးကူးတို့ဆိပ် အချိန်ပိုင်းခေတ္တပိတ်ထား
၂။ မနက်ခင်းပိုင်းအေးလာ၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် တုပ်ကွေးများအဖြစ်များနေ
၃။ ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းသာရှိပြီးအဝယ်မရှိ
၄။ ပြင်သစ်နိုင်ငံထုတ် TGV နှစ်ထပ်ရထားသစ်ကြီး စမ်းသပ်မောင်းနှင်ရန် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
လတ်တလော ရန်ကုန်မှာ အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်တွေ ပြန်ငြိမ်နေပြီး ရင်းနှီးမြုပ်နှံမယ့်သူတွေက ဈေးကွက်စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 13 Feb 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပေကျင်းမြို့အခြေစိုက် Power China တရုတ်အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ မစ္စတာ ရှန်းယွီမင်၏ ဖိတ်ကြားချက်အရ ကုမ္ပဏီရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ကြောင်းပါတယ်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၊ ကျောက်ဖြူ ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
#Yangon_Media_Group



#LocalNews
Published_ 13 February 2023
အိန္ဒိယနိုင်ငံ၊ ဟာရီရာနပြည်နယ်၊ ဖရီဒါဘတ်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှ ၁၉ ရက်အထိ Surajkund International Crafts Mela ကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့၏ စီစဉ်မှုဖြင့် ကျင်းပနေပါတယ်။
၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Council of Head of State ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိရာ၊ အိန္ဒိယနိုင်ငံပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများနှင့် နိုင်ငံတကာမှ ယဉ်ကျေးမှု ရိုးရာ အနုပညာပစ္စည်းများ၊ ကုန်စည်များ မိတ်ဆက်ခင်းကျင်း ပြသရောင်းချသည့် အဆိုပါဈေးပွဲတော်သို့ SCO ၏ အဖွဲ့ဝင်၊ လေ့လာသူနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပါဝင်ဆင်နွှဲနိုင်ရေး ဖိတ်ခေါ်ခဲ့မှုအရ ယခုနှစ်တွင် SCO ဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့သည့် မြန်မာနိုင်ငံကိုယ်စား နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာမှုပစ္စည်းများကို ပြခန်းတစ်ခန်း ပါဝင်ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။
ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ Surajkund International Crafts Mela ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဒုတိယသမ္မတ H.E. Shri Jagdeep Dhankhar နှင့် ဇနီးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါတယ်။
ထို့အပြင် သံအမတ်ကြီးသည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဟာရီရာန ပြည်နယ်ဝန်ကြီးချုပ် H.E. Shri Manohar Lal Khattar မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပါတယ်။
Surajkund International Crafts Mela တွင် နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာ့ရိုးရာအစားအစာ၊ ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ သဲပန်းချီ၊ ပုသိမ်ထီး၊ သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များနှင့် အသုံးအဆောင်ပစ္စည်းများအား ဖေဖော်ဝါရီ ၃ ရက် မှ ၆ ရက်အထိ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group


#Local_News
Published_ 13 February 2023
ထိုင်းနိုင်ငံတွင်းသို့ ကော့သောင်းမှ လှေဖြင့် ရနောင်းဘက်ခြမ်းကို ဝင်မည့် မြန်မာ ၂၀ ကျော် အဖမ်းခံရကြောင်း ထိုင်းနိုင်ငံ အမှတ် ၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုင်းရေပိုင်နက်လုံခြုံရေးစစ်သားများက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း၊လှေပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၂၁ ဦးနှင့် ယင်းတို့ကို ဦးဆောင်ခေါ်လာသူ တစ်ဦးတွေ့ရှိရကြောင်း၊ မြန်မာ ၂၁ ဦးမှာ ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ လန်စွမ်မြို့နယ်အတွင်း ဆောက်လုပ်ရေး အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခွင့်ရရှိရန် ပွဲစားခတစ်ဦးလျှင်ဘတ် ၁၈,၀၀၀ ပေးခဲ့ရကြောင်း သိရသည်။
ရေလယ်ကျွန်းထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်က မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ဘက်ကို လှေတစ်စင်းဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကြမည့် တရားမဝင် မြန်မာလုပ်သားများ ပို့ဆောင်ရန် ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
ယင်း သတင်းကြိုတင်ရရှိမှုကြောင့် ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီခန့်တွင် လုံခြုံရေးစစ်သားများနှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံး၏ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၊ ယင်းတို့ကို တရားဥပဒေအရ အပြစ်ပေးရန်ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 February 2023
ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် ဘတ်စ်ကားမှတ်တိုင်ကို ကားတစ်စီးဝင်တိုက်ရာ ဘတ်စ်ကားထိုင်စောင့်နေသော မြန်မာအမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၈ နာရီ ကျော်ခန့်အချိန်က တမ်ဘွန်ဗန်ခူဝပ်မြို့နယ် ပထုံဌာနီခရိုင် ဗန်ခူဝပ်မီးပွိုင့်မရောက်မီ ခရီးသည်တင် မှတ်တိုင်တစ်ခုတွင် ဘတ်စ်ကားထိုင်စောင့်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဝင်တိုက်သော ကားမှာ အရှိန်ပြင်းပြင်း မောင်းနှင်လာရာမှ အရှိန်လွန် ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါ မန်မာအမျိုးသမီး မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1438 of 2213