#Local_News
Published _6 January 2022
ရွှေစက်တော် ဘုရားပွဲတော်ကာလမှာ မင်းဘူး-ရွှေစက်တော် ခရီးသည်တင်မော်တော်ယာဉ်လိုင်း ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 January 2023
ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းက အနည်းငယ်ပြန်လည်မြင့်တတ်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ နှစ်ဝက်ကျော်ကာလအတွင်းမှာ ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၂ ဘီလီယံကျော် ရရှိထားပြီးတော့ တစ်ဘီလီယံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 6 January 2023
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ပိုမိုရရှိထား
၂။ ကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်တက်လာ
၃။ ရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း မင်းဘူး-ရွှေစက်တော် ခရီးသည်တင်မော်တော်ယာဉ်လိုင်း ပြေးဆွဲမည်
၄။ ပန်ဒါကြီးများအတွက် ပထမဆုံး DNA စစ်ဆေးကိရိယာအား တရုတ်တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 January 2023
တရုတ်နိုင်ငံမှာ ကိုဗစ်နဲ့ပတ်သက်လို့ဖြေလျော့မှုတွေ ပေးလိုက်ပြီဖြစ်တဲ့အတွက် တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေကို ခရီးသွားတွေအနေနဲ့ လာရောက်တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 January 2023
အကောက်ခွန်ဦးစီးဌာနကအရေးယူဖမ်းဆီးရမိထားသော ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံခေါ်ယူနေကြောင်း ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
အဆိုပါ ပစ္စည်းများမှာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်မှုဖြင့် သစ်၊ ယာဉ်၊ ယာဉ်ပိုပစ္စည်း၊ ဟမ်းဆက်ဖုန်းများ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အရက်၊ လူသုံးကုန်ပစ္စည်းများ စသည်တို့ကို နယ်စပ်၊ ပင်လယ်ရေကြောင်းတို့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖမ်းဆီးရမိသော ပစ္စည်းများထဲမှ အရက်၊ ပလပ်စတစ်ဖြတ်စ၊ Mattress Accessories၊ Leather Pieces၊ Us TV ၊ Recondition Copien Phone Battery၊ Oxygen Cocrcentraton Lubrizol ၊ ဂီတာကြိုး၊ အင်ဂျင်ဝိုင်၊ Mobile Phone မျိုးစုံနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်လေလံစနစ်ဖြင့် လေလံပစ်ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာဖောင်ပုံစံများ လေလံပစ္စည်းစာရင်းနှင့် ပူးတွဲ၍ မြန်မာငွေကျပ် ၅၀၀၀ ပေးသွင်းဝယ်ယူလျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ တင်ဒါလျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကွန်ကရစ်ကမ်းနားလမ်းရှိ အကောက်အခွန်ဦးစီးဌာန၏ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲအကောက် ခွန်(ကုန်လှောင်ရုံ)တွင် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီမှ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
လေလံပုံစံဝယ်ယူပြီးသူများအား ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်ထိနံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန် ပစ္စည်းများကိုပြသပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 January 2023
နိုင်ငံခြားငွေလွှဲအများဆုံးဝင်ရောက်ခဲ့သည့် ပုဂ္ဂလိကပိုင်ဘဏ်(၃)ဘဏ်ကို နိုင်ငံခြားငွေရှာဖွေပေးနိုင်ဆုံးဘဏ်များအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်၊၊
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊လစာ ခေါင်းစဉ်ဖြင့် ၂၀၂၂ ခုနှစ်အောက်တိုဘာ(၃၁)ရက်မှ ဒီဇင်ဘာလ(၃၀)ရက်အထိ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များသို့ ငွေလွှဲခဲ့သည့်ပမာဏများအနက် အများဆုံးငွေလွှဲဝင်ရောက်သည့် (၁) CB Bank PCL၊ဒုတိယအများဆုံးဖြစ်သည့်(၂)ကမ္ဘောဇဘဏ်လီမိတက်နှင့် တတိယအများဆုံးဖြစ်သည့် (၃)ဧရာဝတီဘဏ်တို့ကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင်ဆုံးဘဏ်များအဖြစ်ချီးကျူးမှတ်တမ်းတင်သည့်အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျင်းပခဲ့သည်၊၊
အဆိုပါအခမ်းအနားကို ဇန်နဝါရီ(၅)ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုပန်းခြင်းများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1441 of 2145