Published 18 December 2023
Published 18 December 2023
ဂါဇာကမ်းမြောင်မှာ ကွန်ကရစ်တွေ သံတွေဖြင့် ဆောက်လုပ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး အဓိကနယ်စပ်ဖြတ်ကျော်ရာ နေရာကနေ မီတာအနည်းငယ်သာ ကွာဝေးကြောင်း အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
လိုဏ်ခေါင်းရဲ့ အရွယ်အစားက မော်တော်ယာဥ်ငယ်များ အလွယ်တကူ ဝင်ရောက်သွားလာလို့ရတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
ဥမင်လိုဏ်ခေါင်းဟာ တည်ဆောက်ဖို့ ဒေါ်လာသန်းနဲ့ချီ ကုန်ကျခဲ့ပြီး နှစ်ချီအောင် အချိန်ယူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ဦးဆောင်စီစဥ်သူ ဟားမတ်စ်အကြီးအကဲ ယာဟာဆင်ဝါနဲ့ ညီအစ်ကိုတော်တဲ့ မိုဟာမက်ယာဟာက ထိုလိုဏ်ခေါင်းစီမံကိန်းကို ဦးစီးခဲ့တာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
ဂါဇာမှာ တွေ့ရှိထားတဲ့ အကြီးဆုံးလိုဏ်ခေါင်းထဲကို ဝင်ရောက်တော့မှာ ဖြစ်ကြောင်း၊ ဒါဟာ ဆင်ဝါရဲ့ အကြီးဆုံးမြေအောက်စီမံကိန်း ဖြစ်ကြောင်း၊ ဒါက နယ်စပ်ဖြတ်ကျော်ဖို့ကို အဓိကထားပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ စီမံကိန်းလို့ သိရှိထားကြောင်း စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက ပြောပြသွားပါတယ်။
အဆိုပါ ဧရာမလိုဏ်ခေါင်းစနစ်ထဲမှာ လမ်းခွဲများစွာ ပါဝင်ပြီး စုစုပေါင်း ၂ မိုင်ခွဲခန့် ကျယ်ပြန့်ကာ ဂါဇာလူမျိုးတွေ နေ့စဥ်နဲ့အမျှ အစ္စရေးလ်သို့ အလုပ်သွားတဲ့အခါ ဖြတ်သန်းရတဲ့ အဲရက်ဇ်နယ်စပ်နေရာကနေ မီတာ ၄၀၀ ခန့်သာ ကွာဝေးပါတယ်။
လိုဏ်ခေါင်းစုစုပေါင်းအရှည် ၄ ကီလိုမီတာဟာ ဟားမတ်စ်တို့အုပ်စိုးခဲ့တဲ့ ဂါဇာမြောက်ပိုင်းမြို့သို့ ရောက်တဲ့အထိ ရှည်လျားပါတယ်။
ဒါ့အပြင် ဟားမတ်စ်အကြီးတန်း ခေါင်းဆောင်တွေ အသုံးပြုခဲ့တဲ့ ဂါဇာအပန်းဖြေအိမ်များအောက်က လိုဏ်ခေါင်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ အစ္စရေးလ်တပ်များက တနင်္ဂနွေနေ့က ဆိုပါတယ်။
ဟားမတ်စ်ဘက်မှ ခန်းယူနစ်တပ်ရင်းရဲ့ တပ်မှူးရုံးခန်းတွေနဲ့ အပန်းဖြေနေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
Source: WION
#World_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင်တိုင်အမှတ် ၁၂၉/၇ အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၈ရက် နံနက် ၁နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသောကြောင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၂နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသူမှာ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိထန်းပင်ကို ဝင်တိုက်ရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိသော်လည်း ယာဉ်မှာမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 18 December 2023


Published -16 Dec 2023
မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မစ္စတာဝမ်ယီက ပြောကြားလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ပေကျင်းမြို့၌ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များဒီဇင်ဘာလ ၁၅ ရက်တွင်
တွေ့ဆုံခဲ့ရာတွင်ပြောကြားခြင်းဖြစ်ပါတယ်။
-ymg/knl
ရှမ်းပြည်ထွက်သီးနှံများ ဈေးကွက်အတွင်း ၀င်ရောက်မှုများကာ ယခင်ထက် ဈေးထက်ဝက်ခန့် ကျဆင်းလာတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်ရောင်းဝယ်သူတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 17 December 2023
Published 17 December 2023
‘ ပုဂံယဉ်ကျေးမှုဇုန်ထဲမှာ ရှေးဟောင်းကန်(၁၀၀)ခန့်ရှိပြီး ကနဦးအနေနဲ့ အရေးပါတဲ့ ရှေးဟောင်း ကန်တွေဖြစ်တဲ့ မြကန်၊အလံပုဂံ၊မရိုးကန်၊ နွံလက်တစ်ဖက်ကန်၊မရွဲကန်တွေ ကို ဦးစားပေး ဆယ်ယူထိန်းသိမ်းဖို ဆောင်ရွက်နေတယ်’
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)၊ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဘယ်လ်ဂျီယံနိုင်ငံမှ အန့်ဝါ့ပ်ဆိပ်ကမ်းမှာ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး တွန်းသင်္ဘောဟာ အင်္ဂါနေ့က စတင်ပြေးဆွဲပြီဖြစ်ပါတယ်။
Hydrotug 1 လို့အမည်ပေးထားတဲ့ သင်္ဘောဟာ ဟိုက်ဒရိုဂျင်နဲ့ သမားရိုးကျလောင်စာတို့ကို လောင်ကျွမ်းစေတဲ့ အင်ဂျင်အသုံးပြုထားပြီး CMB.Tech နည်းပညာကုမ္ပဏီမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
#World_Energy
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 789 of 1857