Published-23 October 2023
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း စက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
The Speciality Coffee Association of Japan အသင်းအဖွဲ့က ကြီးမှူး၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှစ်စဉ် ကျင်းပသည့် World Speciality Coffee Conference & Exhibition တွင် မြန်မာနိုင်ငံ ကော်ဖီအသင်း အနေဖြင့် ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီများပါဝင်ပြသကြောင်းလည်း သိရသည်။
မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများက အထူးစိတ်ဝင်စားကြသည့်အတွက် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက် ပိုမိုထိုးဖောက်နိုင်ရန် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် အရည်အသွေးနှင့် အဆင့်အတန်းမီကော်ဖီမျိုး ကောင်း မျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီကုန်ကြမ်းအဖြစ် တင်ပို့ခြင်းသာမက အမြတ် အစွန်း ကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့် ကော်ဖီကုန်ချောများကိလည်း ထုတ်လုပ်တင်ပို့နိုင်ခဲ့ကြောင်း ယင်းက ဆိုသည်။
ယခုအခါ ကော်ဖီသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးလာရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက် တောင်သူများနှင့် နည်းပညာပေးဆွေးနွေးပွဲများ၊ နည်းပညာအသိပညာဖလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လည်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 October 2023
အိန္ဒိယနိုင်ငံမှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့ တိုင်းရင်းဆေးဖက်ဝင်စာအုပ်(၆၅)အုပ်လှူဒါန်း ခဲ့ပြီး အိန္ဒိယနှင့်ပေါင်းပြီးE-Libraryဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှသိရသည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့ တိုင်းရင်းဆေးဖက်ဝင် စာအုပ်(၆၅)အုပ်အပါအဝင် အိန္ဒိယ ယဉ်ကျေးမှု၊စာပေ၊သမိုင်းစသည့်တို့နှင့်ပတ်သက်သည့် စာအုပ်ပေါင်း(၂၀၀) ခန့်ကိုလှူဒါန်းခဲ့ပြီး အိန္ဒိယသံအမတ်ကြီးမှ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ထံပေးအပ်လှူဒါန်းခဲ့သည်ဟုဆိုသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ‘ယခုကဲ့သို့တိုင်းရင်းဆေးဝါးဆိုင်ရာစာအုပ်များ လှူဒါန်းမှုသည် မြန်မာနိုင်ငံ၏တိုင်းရင်းဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း ၊မြန်မာ နိုင်ငံအနေဖြင့် တိုင်းရေးဆေးပညာကဏ္ဍတွင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးရေးကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း’ထည့်သွင်းပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံနှင့်ပေါင်းပြီးE-Libraryဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အိန္ဒိယသံအမတ်ကြီးနှင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 October 2023
အစ္စရေးလ်တို့က တနင်္လာနေ့ အစောပိုင်း ညကြီးမင်းကြီးအချိန်မှာ ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို တိုက်လေယာဥ်များကလည်း လက်ဘနွန်တောင်ပိုင်းကို ညဘက်အတွင်း တိုက်ခိုက်ခဲ့ပါတယ်။
တင်းမာမှုမြင့်မားလာတဲ့ ပဋိပက္ခအရေးအပေါ် ချင့်ချိန်အကဲဖြတ်ရန်အတွက် အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ထိပ်သီးဗိုလ်ချုုပ်များ၊ ဝန်ကြီးများအဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပါလက်စ်တိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်း ဂျဘလီယာ ဒုက္ခသည်စခန်းအနီးရှိ အိမ်တစ်အိမ်ကို ထိမှန်ခဲ့ရာ ပါလက်စ်တိုင်းအများအပြား သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အစ္စရေးလ်တို့က တုန့်ပြန်တိုက်ခိုက်လာတာ ၂ ပတ်ကြာမြင့်ပြီဖြစ်ရာ အနည်းဆုံးလူပေါင်း ၄,၆၀၀ သေဆုံးထားတယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင်များက ဆိုပါတယ်။
ပါလက်စ်တိုင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယဲနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆန်အမိုင်ရက်ဒိုလာဟီယန်တို့ တနင်္ဂနွေနေ့က ဖုန်းဖြင့်ပြောဆိုကာ အစ္စရေးလ်တို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ ပြောဆိုခဲ့ကြပါတယ်။
အစ္စရေးလ်က ဂါဇာတဝိုက်ရှိ နယ်စပ်မှာ တင့်ကားများ၊ တပ်သားများကို နေရာချထားကာ မြေပြင်တိုက်ခိုက်မှု ပြုလုပ်ရန်စီစဥ်ထားပြီး ဟားမတ်စ်တို့ကို ချေမှုန်းရန် ရည်ရွယ်ထားပါတယ်။
အစ္စရေးလ်-ဟားမတ်စ် ပဋိပက္ခကနေ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲကြီးဖြစ်လာမှာကို စိုးရိမ်နေကြပြီး အမေရိကန်က ထိုဒေသရှိ ယင်းတို့ရဲ့ အကျိုးစီးပွား ထိခိုက်လာမှာကို သတိပေးထားကာ လေကြောင်းကာကွယ်ရေး ဖြန့်ကျက်မှုများ ဖြည့်တင်းဖို့ ကြေညာထားပါတယ်။
ပင်တဂွန်ကတော့ အရှေ့အလယ်ပိုင်းသို့ ရေကြောင်းအင်အား အများအပြား နေရာချထားပြီးဖြစ်ပါတယ်။
အစ္စရေးလ်မြောက်ပိုင်းနဲ့ နယ်စပ်ချင်းထိနေတဲ့ လက်ဘနွန်မှာလည်း ဟားမတ်စ်တို့ထောက်ပံ့နေတဲ့ ဟက်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးလ်တပ်များ တိုက်ခိုက်မှု အတော်လေးပြင်းထန်နေကြပါတယ်။
ဂါဇာမှာ အစ္စရေးလ်တို့ တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ စည်းလုံးစွာရပ်တည်ပေးရန်နဲ့ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေ ဝင်ရောက်ခွင့်ပြုရန် ပါလက်စ်တိုင်း ဝန်ကြီးချုပ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
ဂျိုးဘိုင်ဒင်က သံတမန်ရေးကိစ္စမှာ အရှိန်မြှင့်တင်နေကာ အစ္စရေးလ်ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းဖရန်ဆစ်တို့နဲ့ ဖုန်းပြောဆိုခဲ့သလို ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီတို့မှ ခေါင်းဆောင်များနဲ့ လူသားချင်းစာနာကူညီမှု ပံ့ပိုးခြင်းများအကြောင်း ပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် အစ္စရေးလ်အနေနဲ့ ကိုယ်တိုင် ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်ဆိုတာကိုလည်း ခေါင်းဆောင်များက ထောက်ခံနေကြပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 October 2023
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကွန်ဂရက်သို့ တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၈ လအတွင်း အမည်မသိအရာများ(UAP)နဲ့ အမည်မသိယာဥ်ပျံများ(UFO) တွေ့ရှိမှု ၂၇၀ ကျော်ကို အစိုးရထံတင်ပြခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃၀ မှ ဧပြီ ၃၀ အတွင်း အာကာသမှ UAP တွေ့ရှိမှု အထောက်အထား မတွေ့ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
စစ်ဘက်ဆိုင်ရာ မျက်မြင်သက်သေများ တင်ပြထားရာမှာ စိုးရိမ်စရာများဖြစ်နေပြီး မြန်နှုန်းမြင့်ပျံသန်းတာမျိုးလည်း ရှိနေကြောင်း ဖော်ပြထားပါတယ်။
အရပ်ဘက်နဲ့ စစ်လေယာဥ်များအတွက် အန္တရာယ်ဖြစ်လောက်သည်အထိ မတွေ့ရပေမယ့် အာကာသထဲမှာ UAP ရှိနေရုံဖြင့် ကမ္ဘာမြေမှ ယာဥ်ပျံသန်းများအတွက် ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ တင်ပြထားပါတယ်။
စစ်မှုထမ်းတွေ၊ အခြေစိုက်စခန်းတွေ၊ တပ်ဆင်မှုတွေ၊ ကုန်းမြေ ကောင်းကင် ပင်လယ် အာကာသတို့ရှိ အမေရိကန်လုံခြုံရေးအပေါ် ကာကွယ်ခြင်းက အရေးအကြီးဆုံးဖြစ်ကြောင်း ပင်တဂွန် စာနယ်ဇင်းရှင်းလင်းပွဲ အတွင်းရေးမှူး ပတ်ရိုင်ဒါက ပြောပြခဲ့ပါတယ်။
သတ်မှတ်ထားတဲ့ အာကာသ၊ ကုန်းမြေ၊ ပင်လယ်၊ လေကြောင်း တစ်ခုချင်းစီမှာ ဖြစ်ပျက်နေတာတွေကို အလေးအနက်ထား စစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။
၂၀၁၉ မှ ၂၀၂၂ အတွင်းက တင်ပြချက်တွေထဲမှာ မပါဝင်ခဲ့တဲ့ တွေ့ရှိမှု ၁၇ ခုကိုလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။
အမေရိကန်က UAP နဲ့ UFOဖြစ်ရပ်များကို အလေးအနက်ထား လေ့လာနေပြီး နာဆာပညာရှင်အဖွဲ့ကလည်း အချက်အလက်တွေ ဘယ်လိုရရှိလဲဆိုတာကို သုံးသပ်နေကြပါတယ်။
UAP တွေဟာ ဂြိုဟ်သားတွေဖြစ်တယဆိုတဲ့ အထောက်အထား မတွေ့ထားဘူးလို့ စက်တင်ဘာလက ဖော်ပြခဲ့ပါတယ်။
ယခုနှစ်စက်တင်ဘာလမှာ နာဆာက UFO ရှာဖွေရေးမှာ ပူးပေါင်းပါဝင်လာပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times #Yangon_Media_Group
Published 23 October 2023
၂၂ အောက်တိုဘာ ၂၀၂၃
ယခုတလော ဒေသအတွင်း အမေရိကန်တပ်များကို တိုက်ခိုက်နေသည့်အပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က အရှေ့ အလယ်ပိုင်းကို နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်များ ဖြန့်ကျက်နေရာချထားလျှက်ရှိနေပါတယ်။ အစ္စရေး-ဟာမတ် ပဋိပက္ခအတွင်း ဒေသဆိုင်ရာတင်းမာမှုတွေမြင့်တက်လာတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ပြောကြား ပြီးနောက် ယခုလို ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်တွေထပ်တိုးချလာတာဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်အနေနှင့် တာမင်နယ်မြင့်မားဧရိယာကာကွယ်ရေးစနစ် Terminal High Altitude Area Defence (THAAD) နှင့် နောက်ထပ် ပတ်ထရီရော့လေကြောင်းဒုံးကျည်ကာကွယ်ရေးစနစ်ဘက်တဲလီယမ် Patriot air defence missile system battalions တို့ကို အရှေ့အလယ်ပိုင်းဒေသသို့ပေးပို့မှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။အဆိုပါစနစ်တွေဟာ ဒုံးကျည်ခြိမ်းခြောက် မှုတွေကို ကာကွယ်ဖို့အတွက် အရေးပါတဲ့စနစ်တွေလို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။
အင်အားကြီးမားလှတဲ့ ရေဒါစနစ်တွေကြောင့် ထင်ရှားတဲ့ THAAD စနစ်ဟာ ဒေသဆိုင်ရာကာကွယ်ရေးမြှင့်တင်ဖို့ ဖြန့်ကျက်နေရာချထားခဲ့ပြီးစနစ်ပါ။
မကြာသေးခင်က ရက်သတ္တပတ်များအတွင်း အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်တည်ရှိမှုတွေ တိုးချဲ့ခဲ့ပြီး လေယာဉ်တင်သင်္ဘောနှစ်စီးကိုယင်းတို့ရဲ အထောက်အကူပြု သင်္ဘောတွေနှင့် မရင်းတပ်သား နှစ်ထောင်နီးပါးကို နေရာချထားခဲ့ပြီးဖြစ်ပါတယ်။ သိသာထင်ရှားလှတဲ့ ရေတပ်ဖြန့်ကျက်ထားရှိမှုဟာ ဒေသဆိုင်ရာတင်းမာမှုတွေအပေါ် အမေရိကန်ရဲ့ တုန့်ပြန်မှုတွေထဲက တစ်ခုပါ။
ယခုလိုစစ်အင်အားဖြန့်ကျက်မှုတွေမှာ ရည်ရွယ်ချက်များစွာရှိနေပါတယ်။ ဒေသတွင်း အခြိမ်းအခြောက်အဟန့်အတားတွေ တိုးမြှင့်ဖို့၊ ဒေသထဲက အမေရိကန်တပ်တွေကာကွယ်ရေးတိုးမြှင့်ဖို့နှင့် အစ္စရေးရဲ့ကာကွယ်ရေးကို ပံ့ပိုးပေးဖို့စတာတွေပဲ ဖြစ်ပါတယ်။
Source WION
၂၂ အောက်တိုဘာ ၂၀၂၃
ရုရှားအနေနှင့် နိုင်ငံအတွက် တရားဝင်လုံခြုံရေးအကျိုးစီးပွားအကာအကွယ်ဖြစ်စေမယ်ဆိုရင် ယူကရိန်း အကျပ်အတည်း အတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုအပေါ် ထောက်ခံအားပေးသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်၊
မော်စကိုမှာ အောက်တိုဘာလလယ်ပိုင်းက တရုတ်မီဒီယာအုပ်စုက ပြုလုပ်တဲ့ အဆိုပါအင်တာဗျူးမှာ အနောက်နိုင်ငံတွေဟာ ရုရှားပါဝင်ပတ်သက်မှုမတိုင်ခင် အရှေ့ယူကရိန်းမှာ စစ်ဆင်ရေးတွေကို အရင်အစပျိုးခဲ့ကြတယ်လို့ ပူတင်က ပြောပါတယ်။
Source CCTV+
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်အာမခံကြေးကို ခေတ်ကာလနှင့် လျော်ညီသည့် နှုန်းထားပြောင်းလဲဖို့ MOEAFသို့ သဘောထားတောင်းခံထားဟုဆို
ပြည်ပကို အလုပ်သမားပို့ဆောင်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီတွေ ပေးသွင်းရတဲ့အာမခံကြေးကို ခေတ်ကာလနဲ့ လျော်ညီအောင် နှုန်းထားပြောင်းလဲကောက်ခံဖို့အတွက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) ထံကို သဘောထား တောင်းခံထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 October 2023
နှိုးစက်မြည်တဲ့အခါ တရေးမှိန်းခလုတ်နှိပ်ပြီး မိနစ်အနည်းငယ်မျှ မျက်လုံးမှိတ်အိပ်တတ်ပါက နိုးကြားဖို့ အထောက်အကူ ဖြစ်စေကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
Sleep Research ဂျာနယ်မှာ ဖော်ပြထားရာမှာ နှိုးစက်မြည်ပြီးနောက် တရေးဆက်အိပ်သူတွေက အိပ်ချိန်ပိုရပြီး နိုးတဲ့အခါ ဦးနှောက်ပိုင်းဆိုင်ရာ ပိုပြီးတက်ကြွနေပါတယ်။
မနက်ခင်းအိပ်ရာထတဲ့ အလေ့အကျင့်နဲ့ ပတ်သက်ပြီး စတော့ခ်ဟုမ်းတက္ကသိုလ်မှ သုတေသီတွေက လူပေါင်း ၁,၇၃၂ ဦးကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
၁,၁၉၅ ဦးက တရေးမှိန်းတဲ့ခလုတ်ကို နှိပ်ကြောင်းဝန်ခံခဲ့ကာ ၄ ပုံ ၁ ပုံကတော့ ထိုခလုတ်ကို ထပြီးနှိပ်ဖို့ကို ဝန်လေးနေကြပါတယ်။
တရေးဆက်မအိပ်တဲ့သူတွေထက် ပျမ်းမျှ ၆ နှစ်ခန့် ငယ်ရွယ်ပြီး တရေးဆက်အိပ်တတ်တဲ့ သူတွေဟာ ညဘက်နောက်ကျမှ အိပ်တတ်သူတွေဖြစ်ပြီး ချက်ချင်းအိပ်ရာထရတဲ့အခါ လူနုံးနေတတ်ပါတယ်။
ဒီလူတွေက နိုးတဲ့အခါ အိပ်တဲ့အရှိန်ပြေဖို့ အချိန်ယူရတတ်ပြီး တရေးဆက်အိပ်ခြင်းက ဒီအရှိန်ပြေဖို့ နည်းလမ်းတစ်မျိုး ဖြစ်လာနိုင်တယ်လို့ ပြုစုဖော်ပြထားပါတယ်။
နောက်ထပ်လေ့လာချက်မှာတော့ တရေးမှိန်းတဲ့ခလုတ်ကို နှိပ်လေ့ရှိပြီး နာရီဝက်ခန့် ဆက်အိပ်တတ်သူ ၃၁ ဦးကို လေ့လာခဲ့ပါတယ်။
နှိုးစက်မြည်သံတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပေမယ့် မိနစ် ၂၀ ကျော်မျှ ဆက်မှေးနေတတ်သူတွေဟာ အတင်းအိပ်ရာထတာမျိုး မလုပ်ရသလို မှတ်ဉာဏ်စမ်းသပ်မှုမှာ အမှတ်ပိုများနေပါတယ်။
နိုးတဲ့အခါ ငိုက်မျဥ်းနေတာခြင်း တူပေမယ့် ဦးနှောက်စွမ်းဆောင်ရည် စစ်ဆေးချက် ၄ မျိုးအနက် ၃ မျိုးမှာ ပိုကောင်းအောင် ဖြေဆိုနိုင်တယ်လို့ သုတေသီများ မှတ်သားခဲ့ပါတယ်။
ယခင်သုတေသနမှာလည်း ထိုသို့တရေးဆက်အိပ်သူတွေဟာ လူမှုပေါင်းသင်းရေး တိုးတက်လာတယ်လို့လည်း တွေ့ရှိဖူးပါတယ်။
အိပ်စက်ခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေပြီး အိပ်ချိန်နည်းလွန်းပါက ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။
အိပ်ချိန်မလုံလောက်ပါက ဦးနှောက်ရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ ကျားအင်္ဂါမထောင်မတ်နိုင်ခြင်း ပြဿနာများ ကြုံလာနိုင်ကာ ချောကလက်၊ ရေခဲမုန့်တို့လို စားစရာတွေ ရှောင်ရှားပြီး ဖုန်း ကွန်ပျူတာ ကြည့်ချိန်လျှော့ချခြင်းတို့ဖြင့် ထိုပြဿနာများ သက်သာစေနိုင်ပါတယ်။
Source: New York Post
Yangon_Times
#World_Health
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 October 2023
လူတစ်ဦးကို ၆ - ၁၀ စက္ကန့်မျှ စကားပြောရုံဖြင့် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိမရှိ ရှာဖွေနိုင်မယ့် ဉာဏ်ရည်တုနည်းပညာကို တွေ့ရှိထားပါတယ်။
Klick Labs မှ လေ့လာထားတာဖြစ်ပြီး အမျိုးသမီးတွေမှာ ရောဂါရှာဖွေတွေ့ရှိမှု တိကျနှုန်း ၈၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေမှာ ၈၆ ရာခိုင်နှုန်းရှိပါတယ်။
ဆီးချိုရှိသူတွေနဲ့ မရှိသူတွေကြား အသံပိုင်းကွာခြားသွားပုံကို လေ့လာတာဖြစ်ကြောင်း သုတေသနပြုစုသူ ဂျေစီကော့ဖ်မန်းက ပြောပြခဲ့ပါတယ်။
လက်ရှိရောဂါရှာဖွေနည်းလမ်းတွေက အချိန်၊ ကုန်ကျစရိတ်၊ သွားလာရေးတွေမှာ အကုန်အကျ များပြားပါတယ်။
အသံနည်းပညာကတော့ ထိုအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။
သုတေသီတွေက လူပေါင်း ၂၆၇ ယောက်ကို ဆန်းစစ်ခဲ့ကြပါတယ်။
အသံဆန်းစစ်နည်းပညာက လူတွေရဲ့သာမန်နားနဲ့ မကြားနိုင်တဲ့ အသံနှုန်းတွေကို ဖမ်းယူနိုင်ပါတယ်။
အသံနည်းပညာက ဆီးချိုရောဂါနဲ့ အခြားရောဂါများကို ရှာဖွေရာမှာ အသုံးဝင်နိုင်ပုံကို လေ့လာကြတာဖြစ်ကြောင်း Klick မှ စစ်ဆေးရေးမှူး ယန်ဖော့ဆက်က ဆိုပါတယ်။
အသံနည်းပညာက လူတိုင်းအသုံးပြုနိုင်တဲ့ ဒီဂျစ်တယ်ပစ္စည်းအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အသုံးဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
နောက်တစ်ဆင့်ကတော့ စမ်းသပ်ချက်ကို ထပ်ပွားပြီး သွေးတိုးနဲ့ အခြားရောဂါများ ရှာဖွေနိုင်ဖို့ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
Source: New York Post
#World_Science
#Published_ 22 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေ
‘သီတင်းကျွတ်ပွဲတော်ကာလမှာ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်အတွင်းမှာ ကြာပန်းတွေ၊ ဆင်ရုပ်တွေ၊ သမင်ရုပ်တွေနဲ့ ပုသိမ်ထီးတွေကို လျှပ်စစ်မီးတွေနဲ့ အလှဆင် ထားရှိသွားမှာဖြစ်တယ်’ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
သုံးစွဲသူတွေရဲ့ ချေးငွေလိုအပ်ချက်က အနည်းငယ်ကျဆင်းလာကြောင်း ဘဏ်တွေကဆိုပါတယ်။
အမေရိကန်စီးပွားရေးဟာ စက်တင်ဘာလမှ အောက်တိုဘာလဆန်းအထိ အနည်းငယ်မျှ တိုးချဲ့လာတယ်လို့ အမေရိကန်ဗဟိုဘဏ်ရဲ့ ဘေ့ဂျ်ဘွတ်ခ် နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလကတည်းက သုံးစွဲသူတွေရဲ့ ဝယ်ယူမှုဟာ သိသိသာသာ အတက်အကျ မတွေ့ရကြောင်း ဖော်ပြထားပါတယ်။
Yangon_Times
#World_Economy
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 790 of 1773