#Local_News
Published 27 November2023
ဗိုလ်တထောင်စေတီတော်၌(၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အခမ်းအနားကို " နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဉီးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော်၊ အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းမှ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးပြီး (၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ အခမ်းအနားကို "ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဉီးစိုးသိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ထွန်းလူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး၊ ဉီးဗိုလ်ဌေး ၊ သယံဇာတရေးရာဝန်ကြီး၊ ဉီးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ၊ ဉီးမောင်မောင်သန်း၊ အတွင်းရေးမှူး ဉီးညီညီမင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ဒုတိယပါချုပ်( စီမံ) ဉီးစိန်မော်နှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် မသိုးသင်္ကန်းအလှူရှင်များမှလည်း မိမိတို့၏ရက်ကန်းစင်များရှေ့တွင် ရက်ကန်းစင်တော်များအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ရက်ခတ်ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရက်ကန်းစင်တော် တစ်စင်လျှင် ကျပ် ( ၁၀၀၀၀၀/)( ကျပ်တစ်သိန်းတိတိ) ဖြင့် စင်တော် ( ၂၄) စင်အတွက် ကျပ် ( ၂၄၀၀၀၀၀/) ( ကျပ် နှစ်ဆယ့်လေးသိန်းတိတိ) အား ဆုချီးမြှင့် ကြောင်းသိရသည်။
#Local_News #ဗိုလ်တထောင်စေတီတော် #မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် #YMG/ NN #Yangon_Times
#Local_News
Published 27 November 2023
ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်၌ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကျင်းပ နိုဝင်ဘာ ၂၇ ရက် နံနက် ၅နာရီခွဲခန့်က စတင်ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များဖြင့် နံနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြသည်။
နံနက် ၆နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက မသိုးရွှေကြာသင်္ကန်းများကိုင်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အား ရည်မှန်းပူဇော်သောအားဖြင့် အထက်ပစ္စယံပတ္တမြား မျက်ရှင်ရုပ်ပွားတော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကလည်းကောင်း မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် နံနက် ၉နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရေစက်ချအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်ကြကာ ဧည့်ပရိသတ်အပေါင်းတို့က ကထိန်သင်္ကန်းလှူဒါန်းမှုကုသိုလ်အကျိုးတရားများ နာကြားခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
#Local_News #တန်ဆောင်မုန်းလပြည့် #မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ #YMG/LW #Yangon_Times
#World_News
Published 27 November 2023
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ဟာ ပူးပေါင်းဆောင်ရွက်ရေး ပြန်လည်ပုံဖော်ရန် တနင်္ဂနွေနေ့က သဘောတူညီခဲ့ကြပြီး အာရှအိမ်နီးချင်းနိုင်ငံများကြား တင်းမာမှုများ ဖြေလျှော့ဖို့ ထိပ်သီးအစည်းအဝေး ကျင်းပရန်လမ်းစ ဖော်ဆောင်ခဲ့ကြပါတယ်။
တရုတ်နဲ့ အမေရိကန်တို့က ဆက်ဆံရေး ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းနေပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင့်ဖင်တို့ ယခုလအတွင်း ထိပ်သီးအစည်းအဝေး ကျင်းပရန်ပင် စီစဥ်နေကြပေမယ့် အမေရိကန်နဲ့ အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့ ၃ နိုင်ငံမိတ်ဖက်ဆက်ဆံရေး ကောင်းမွန်နေတာကို တရုတ်က စိုးရိမ်နေပါတယ်။
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သံတမန်ရေးနဲ့ စီးပွားရေး ဖလှယ်ရေးတို့မှာ မြှင့်တင်ဆောင်ရွက်နိုင်ရန် ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဥ်အစည်းအဝေးများ ပြုလုပ်ရန် သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ အခြားပြဿနာများကြောင့် အစီအစဥ် ပျက်ပြားခဲ့ရပြီး ၂၀၁၉ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပါတယ်။
၃ နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပရန် စက်တင်ဘာလက သဘောတူညီပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းမှာ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးဟာ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
၃ နိုင်ငံသမ္မတတွေဟာ ယခုနှစ်အတွင်း တွေ့ဆုံနိုင်ဖွယ် မရှိပေမယ့် မကြာမီကာလအတွင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချိုထယ်ယောင်က ယွန်ဟပ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဝန်ကြီးတွေက မိနစ်ခန့် ဆွေးနွေးခဲ့ကြရာမှာ လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာကဏ္ဍများ အပါအဝင် ကဏ္ဍ ၆ ခုမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ပြောဆိုခဲ့ကြပြီး ထိပ်သီးအစည်းအဝေး ကျင်းပပြင်ဆင်နိုင်ရန် ခိုင်မာတဲ့ဆွေးနွေးမှုများ ဆောင်ရွက်သွားဖို့ ပြောကြားခဲ့ကြကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား ပြဿနာများနဲ့ ပတ်သက်ပြီး ဝောာင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်က ၃ နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ပြီး တည်တံ့ခိုင်မြဲတဲ့စနစ် ဖန်တီးနိုင်ရန် အရေးကြီးကြောင်း ပြောပြသွားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၃ နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး ညှိနှိုင်းမှုများ အတတ်နိုင်ဆုံး အမြန်ဆုံးပြန်လည်စတင်ရန် တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ လုံခြုံရေးကိစ္စများက ယခင်ကထက် ပိုမိုရှုပ်ထွေးဆိုးရွားလာချိန်မှာ ၃ နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းနိုင်စေမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါက ဆိုပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားမှ ပထမဆုံးစပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းကို ရှုတ်ချလိုက်ကြကာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ လက်နက်သဘောတူညီမှုများကို ပိုမိုတုန့်ပြန်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါတယ်။
#World_News #ဆက်ဆံရေးတင်းမာမှု #တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား #ထိပ်သီးအစည်းအဝေးကျင်းပ #Source: Reuters
#World_Health
Published 27 November 2023
အသည်းအင်္ဂါဟာ အဆိပ်အတောက်တွေကို စွန့်ထုတ်ရာမှာ ကူညီပေးပြီး ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပါတယ်။
အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး သွေးကို အဆိပ်မဖြစ်အောင် သန့်စင်ပေးပါတယ်။
အဆီတွေကို ဖြိုခွဲရာမှာ အရေးပါတဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။
အလုံးစုံကျန်းမာရေးနဲ့ သက်ရှည်ခြင်းကို ထိန်းသိမ်းရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
လူတွေရဲ့ နေ့စဥ်နေထိုင်စားသောက်မှု ပုံစံများကြောင့် အသည်းကို ထိခိုက်စေပြီး အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။
အသည်းအထူးကုပညာရှင် ဒေါက်တာ ဆိုင်ရက်အက်ဘီဖိလစ်က အသည်းကျန်းမာနေစေမယ့် နည်းလမ်းတွေကို ဖော်ပြသွားပါတယ်။
- တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် ခပ်မြန်မြန်လမ်းလျှောက်ပါ။
- တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်းပြေးပါ။
- တစ်နေ့ကို သကြားမပါတဲ့ ကော်ဖီ ၃ ခွက်သောက်ပါ။
- ဆေးလိပ်၊ အရက်ရှောင်ကြဥ်ပါ။
- တစ်နေ့ကို အနည်းဆုံး ၇ နာရီအိပ်စက်ပါ။
- ဆေးဖက်ဝင် ဖြည့်စွက်စာများ ရှောင်ကြဥ်ပါ။
- အသည်းရောင် ဘီပိုးကာကွယ်ဆေး ထိုးနှံထားပါ။
- သကြားနဲ့ အဆင့်ဆင့်ထုပ်ပိုးထားသော စားစရာများ လျှော့ချစားသုံးပါ။
- အချိုဓာတ်ပါသော အဖျော်ယမကာများ ရှောင်ကြဥ်ပါ။
- ကိုယ်အလေးချိန်ချပါ။
- အသီးအရွက်များ၊ ကောက်ပဲသီးနှံများ၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီများပါဝင်တဲ့ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံကို စားသုံးပါ။
- နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ အင်ဆူလင်ယဥ်ပါးခြင်း၊ အသည်းအဆီဖုံးခြင်းတို့ ရှိတဲ့သူတွေမှာ တစ်ပတ်ကို ကြက်ဥ ၅ လုံးစားပေးပါ။
- အထက်ပါရောဂါများ မရှိသူတွေမှာ တစ်ပတ်ကို ၇ လုံးစားပေးပါ။
- ဒိန်ချဥ်၊ တိုဖူးကဲ့သို့ အချဥ်ဖောက်ထားတဲ့ အစားအစာများ ထည့်သွင်းစားသုံးပေးပါ။
- ဆရာဝန်များရဲ့ အကြံပြုချက်များကို နားထောင်ပါ။
အသည်းကျန်းမာနေစေရန် ကိုယ်အလေးချိန် သင့်တင့်ရန်လိုအပ်ပါတယ်။
#World_Health #အသည်းအင်္ဂါ #လိုက်နာသင့်သည့်အလေ့အထများ #Source: India Today
#Local_News
Published_ 27 November 2023
နက္ခတ်တာရာစုံညီလေ့ရှိသည့် ယနေ့တန်ဆောင်မုန်း လပြည့်နေ့တွင် ဆေးပေါင်းခမည့်အချိန်(၂)ချိန်ရှိပြီး ကံအကျိုးပေးကောင်းစေမည့် ပံ့သကူပစ္စည်းလေးမျိုးလှူဒါန်းနိုင်ကြောင်း သိရသည်။
"တန်ဆောင်မုန်းလပြည့်နေ့ မနက်၁၁ နာရီ ၃၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခချိန်မှာ ဆေးဘက်ဝင် မဲဇလီဖူးသုပ်ကို သုံးဆောင်ပါက မိမိပြောဆိုသမျှအောင်မြင်တာ၊ စီးပွားလာဘ် လာဘကောင်းဝာာ၊ အသိုင်းအဝိုင်းကောင်းတွေကြုံတွေ့နိုင်တယ်။ ရုံးသမားတွေအတွက်ကတော့ ည ၆ နာရီ ၅ မိနစ်မှ ၁၅ မိနစ်အထိ မဲဇလီဖူးသုပ်စားသုံးနိုင်မှာဖြစ်တယ်"ဟုမြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာကြည်ကြည်စိန်ကပြောသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်စောင့်နတ်မင်း အပေါင်းသည် မဲဇလီပင်စောင့်နတ်မင်းကြီးကို လာရောက် ခစားလေ့ရှိသည့်အတွက် အဆိုပါနေ့တွင် မဲဇလီကိုဆေးဖက်ဝင်အောင် စီရင်ပြီး သုံးဆောင်လေ့ရှိသည်ဟု တိုင်းရင်းဆေးပညာကျမ်းများ၏ ဖော်ပြချက်အရသိရသည်။
တန်ဆောင်တိုင်ကာလတွင် ပံ့သကူပစ်ပြီး ကုသိုလ်ပြုလိုသူတွေ အနေဖြင့်အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်အောင်၊ သောကကင်းဝေးအောင်၊ စီးပွားလာဘ်လာဘတွေတိုးအောင် ၊ငွေဝင်အောင် ပံ့သကူပစ္စည်းအဖြစ်ဖိနပ်၊ အဝတ်အစား၊ အမွှေးနံသာနှင့် ငွေကြေးများ ပံ့သကူပစ်ပြီး ကုသိုလ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #တန်ဆောင်မုန်းလပြည့်နေ့ #ဆေးပေါင်းခမည့်အချိန်(၂)ချိန် #ပံ့သကူပစ္စည်းလေးမျိုးလှူနိုင် #tthl #Yangon _Times
#World_Health
Published 27 November 2023
အမေရိကန်မှ သိပ္ပံပညာရှင်များဟာ ဓာတ်ခွဲခန်းထုတ် လူ့အရေပြားတစ်ရှူးအတွင်း 3D ဆံပင်မွေးညင်းပေါက်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာကဏ္ဍ ပြောင်းလဲခြင်းသမိုင်းမှာ ပထမဆုံးဖြစ်လာပါတယ်။
ဆံကေသာ မွေးညင်းပေါက်တွေဟာ ချွေးထုတ်လုပ်ခြင်းကနေ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး အရေပြား ပြန်လည်ပြုပြင်ခြင်းအတွက် အရေးပါတဲ့ ပင်မစတမ်ဆဲလ်များ ထုတ်လုပ်ရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။
ဒီစမ်းသပ်ချက်ဟာ ဆံပင်ကျွတ်ခြင်းကို ကုသနိုင်ရုံမက ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ဆေးပညာရပ်မှာလည်း ရှေ့သို့တက်လှမ်းရာ ရောက်ပါတယ်။
ဒီအောင်မြင်မှုက အရေပြားကို ဇီဝနည်းအရ အလိုအလျောက် ပြုလုပ်နိုင်တာကိုလည်း ပြသရာရောက်ပါတယ်။
လူသားဆဲလ်များကို 3D ပုံစံဖြင့် ထုတ်လုပ်နိုင်တာဟာ ဆံပင်မွေးညင်းပေါက်အသစ်များကို ထုတ်လုပ်နိုင်ရန်နဲ့ အရေပြားအစားထိုးခွဲစိတ်မှုမှာလည်း တိုးတက်မှုတွေ ရှိလာနိုင်ရန် သေချာစေမှာ ဖြစ်ပါတယ်။
အရေပြားပုံစံထဲသို့ ဆံပင်မွေးညင်းပေါက်များ ထည့်သွင်းခြင်းဖြင့် သုတေသီများအတွက် ပိုမိုလက်တွေ့ဆန်တဲ့ ဖြစ်စဥ်မျိုး ပြုလုပ်လာနိုင်မှာဖြစ်ပြီး အမျိုးမျိုးသော အရေပြားများကို ပိုမိုထိရောက်စွာ ကုသနိုင်ရန် စမ်းသပ်ဖို့နည်းလမ်းများ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
သုတေသီအဖွဲ့က ဆဲလ်အလုံအလောက် မရရှိခင်အထိ မွေးညင်းပေါက်ဆဲလ်များနဲ့ အရေပြားကို ထုတ်လုပ်ခဲ့ပါတယ်။
ထို့နောက် ဆဲလ်များကို အခြားပစ္စည်းများ ပရိုတိန်းများနဲ့ ပေါင်းစပ်ကာ အထူးဇီဝမင်ကို ဖန်တီးလိုက်ပါတယ်။
အလွန်ပါးတဲ့ အပ်ဖြင့် ဇီဝမင်ကို တစ်လွှာချင်း ဖန်တီးကာ ဆံချည်မျှင်ဆဲလ်များ ထားရှိရန်လမ်းကြောင်းများ ပြုလုပ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အရေပြားဆဲလ်တွေက ထိုလမ်းကြောင်းတွေဆီ ပေါင်းစပ်သွားကာ သဘာဝမွေးညင်းပေါက်များနဲ့ ဆင်တူအောင် ဖန်တီးလိုက်ကြပါတယ်။
ဒီဖြစ်စဥ်ဟာ အရေပြားတစ်ရှူးကို သိပ္ပံနည်းကျ လက်တွေ့ဖန်တီးရာမှာ တိုးတက်မှုရှိလာတာဖြစ်ပြီး ဆံပင်တုစိုက်ခြင်း အနာဂတ်ဆေးပညာကို ပုံဖော်သွားမှာဖြစ်ပါတယ်။
#World_Health #ဆံပင်ကျွတ်ခြင်း #ကုသနိုင်ရန်နည်းလမ်းများ #Source: WION
#Local_News
Published 26 November 2023
မြန်မာနိုင်ငံအတွင်းရှိ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း များအသိအမှတ် ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအနေဖြင့် အသင်း ဝင်ရန်အတွက် လာမည့်ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
"
မြန်မာပြည်တစ်ဝန်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြု လက်မှတ်လျှောက်ထားရမှာပါ ။ညွန်ကြားချက်နဲ့လျှောက်ထားပြီးရင်
ကိုက်ညီ မညီ သက်ဆိုင်ရာကစိစစ်သွားပါမယ်" ဟု ပြည်တွင်းဘုရားဖူးအသင်းက တာဝန်ရှိသူတစ်ဉီးက ပြောသည်။
ပြည်တွင်းဘုရားဖူးလုပ်ငန်းများ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှသာ လျှောက်ထား၍ ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးသည့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို မဖြစ်မနေ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်အခြေစိုက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု ပေးခြင်း ရှိ /မရှိကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက် မှစတင်ပြီး သက်ဆိုင်ရာဌာနများမှ စိစစ်ကြပ်မတ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News ##ဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း #အသိအမှတ်ပြုလက်မှတ် #YMG /NN #Yangon-Times
#Local_News
နေပြည်တော်၊ နိုဝင်ဘာ -၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပမှု များအနက် မီးပုံးပျံများ လွှတ်တင်ပူဇော်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD၊ MRTV Sports၊ MRTV Farmers’၊ MRTV Parliament၊ MWD HD Channel၊ MWD Variety HD Channel ၊ MWD Education ၊ Knowledge & Sports Channel ၊ Channel Light Channel၊ မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) ည (၇)နာရီအချိန်မှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မီးပုံးပျံလွှတ်တင်ပူဇော်မှု #Yangon_Times
#Local_News
Published 26 November 2023
EPSစနစ်ဖြင့်စေလွတ်သည့်လုပ်သားများတောင်ကိုရီးယားနိုင်ငံ၌ လာမည့် ၂၀၂၄ ခုနှစ်မှစတင်၍စားသောက်ဆိုင်များ၌ အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်းကိုရီးယားနိုင်ငံ Pulse News ၏ဖော်ပြချက် အရသိရသည်။
ကိုရီးယားအစိုးရက E9 လုပ်သားများကို စားသောက်ဆိုင်များအတွက် အလုပ်သမားအင်အား လိုအပ်ချက်အရ ခေါ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
'အရင်က စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဖူးသူတွေနဲ့ ကိုရီးယားမှာကျောင်းသွားတတ်တဲ့ သူတွေပဲခေါ်ယူတာမျိုးပါ၊အခုကလုပ်သားလိုအပ်ချက်ကြောင့် ခေါ်ယူ မယ့်သဘောဖြစ်မှာပါ၊ 'ဟု ကိုရီးယားစာသင်ကြားသည့်ဆရာမတစ်ဦးက ပြောသည်။
အဆိုပါ စားသောက်ဆိုင်လုပ်ငန်းအတွက် လုပ်သားလိုအပ်ချက်အရ E9 လုပ်သား ၃၀၀၀ ကို ကနဉီး ခေါ်ယူမည်ဖြစ်သော်လည်း စားသောက်ဆိုင်ပိုရှင်များ၏ တောင်းဆိုချက်အရ လုပ်သား ၁၀၀၀၀ အထိ တိုးမြှင့်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားများ စေလွှတ်ရာတွင် E9 ဗီဇာ အမျိုးအစား ထုတ်ပေးထားပြီး E9 ဗီဇာ ကိုင်ဆောင်ထားသည့်လုပ်သားများသည် ယခင်က ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်သာ အလုပ်လုပ်ခွင့်ရ၍ ပြီးခဲ့သည့်လမှ စတင်ကာ ကိုရီးယားအစိုးရက ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်းများကိုပါ လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏လုပ်ငန်းခွင် အသီးသီးတွင် လုပ်သားလိုအပ်ချက်မှာနှစ်သိန်းခန့်ရှိနေသဖြင့် ပြည်ပလုပ်သားများကို အားထားနေရကြောင်း သိရသည်။
#Local_News #EP စနစ် #တောင်ကိုရီးယားနိုင်ငံ #YMG/ NN #Yangon-Times
#Local_News
Published 26 November 2023
ပန်းတစ်ပွင့်တောင်သို့သွားရာလမ်း၌ ဘုံကထိန်သွားမော်တော်ယာဉ်တစ်စီး တိမ်းမှောက် မှုယနေ့နေ့လယ်၌ဖြစ်ပွားခဲ့ကြောင်းမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့) မှသိရသည်။
ဖြစ်စဉ်မှာယနေ့ နိုဝင်ဘာ ၂၆ရက်နေ့လည် ၂နာရီခန့်တွင်မှော်ဘီမြို့နယ်၊ဝါးနက်ချောင်းကျေးရွာပန်းတစ်ပွင့်တောင်သို့သွားရာ လမ်း၌ ဘုံကထိန်သွားရောက် ပို့ဆောင်ရာမှ မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
'ထိခိုက်ဒဏ်ရာရသူတွေကို မှော်ဘီဆေးရုံကိုလိုက်ပို့ပေးနေပါတယ် 'ဟုမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အပေါ်ပါမိဘပြည်သူ၊ ကလေးလူနာ(၂၅)ဉီး အား ဝါးနက်ချောင်း ဆေးရုံ မှ မှော်ဘီဆေးရုံသို့မြို့မလူမှုကူညီရေးအသင်းလူနာတင်ယာဉ် (၃)စီးဖြင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#Local_News #ပန်းတစ်ပွင့်တောင် #မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon_Times
၂၆ နိုဝင်ဘာ ၂၀၂၃
#အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့် အခြေအနေများ
#၂၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများကို
နစကသတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၂၆ နိုဝင်ဘာ ၂၀၂၃
ဟားမာ့စ်တို့က ဂါဇာကမ်းမြောင်မှာ ခုနှစ်ပတ်နီးပါး ထိန်းသိမ်းထားတဲ့ အစ္စရေးဓားစာခံ ၁၃ ဦးဟာ ယာယီစစ်ပြေငြိမ်းရေး သဘောတူညီချက်အရ သောကြာနေ့ ညနေပိုင်းက အစ္စရေးနိုင်ငံကို ပြန်လည်လွှဲပြောင်းရောက်ရှိခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးတပ်မတော်က ပြောပါတယ်။
Source CCTV+
Page 606 of 1642