"ချစ်သူများနေ့Valentine Day နီးလာချိန်မှာ ချစ်သူ စုံတွဲတွေအနေနဲ့နှင်းဆီပန်းတွေကိုသာ အဝယ်များပြီး နှင်းဆီအပင်လိုက်ကိုပေးတဲ့သူရှားသလို မိသားစုကိုသာ နှင်းဆီပင်တွေပေးတာများတဲ့အတွက် ရောင်းအား သိသိသာသာမတက်သေးဘူး" မန္တလေးအခြေစိုက် ဝင်းရတနာပျိုးဥယျာဉ်မှ တာဝန်ရှိသူတစ်ဦး
#Lcoal_News
Published_ 1 February 2024
#Valentine_Day #နှင်းဆီပင်ရောင်းအားမတက်သေး
#tthl #Yangon_Times
"သိန်း(၅၀၀၀)ကံထူးသူဟာ အခြေခံလူတန်းစားသက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး မကွေးအခြေစိုက်ဟိန်းဓနထီဆိုင်မှ ဆိုင်ခွဲ ဖွင့်လှစ်ထားတဲ့ ချောက်မြို့ရှိဟိန်းဓနထီဆိုင်မှာ ထိုးရင်း ပေါက်သွားခဲ့တာဖြစ်တယ်"
ဟိန်းဓနထီဆိုင်မှတာဝန်ရှိသူတစ်ဦး
#Lcoal_News
Published_ 1 February 2024
#သိန်း(၅၀၀၀)ဆု #အမျိုးသမီးကြီးဆွတ်ခူး
#tthl #Yangon_Times
#Local_New
Published 1 February 2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တည်ဆောက်လျက်ရှိသည့် ရေဂါလန် (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံကိုလာမည့်သင်္ကြန်ပွဲတော် တွင် အသုံးပြုနိုင်ရန်အတွက် အချိန်မီတည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။
အဆိုပါ ရေဂါလံ (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်သည် အလျား ၈၀ပေ၊ အနံ ၄၀ပေ၊ အနက် ၁၁ပေရှိ၍ ရေတွန်းစက်ရုံသည် အလျား ၄၀ပေ၊ အနံ ၁၈ပေရှိပြီး 30 HP (22kW) စက် (၄) လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေရယူ၍ ဖြည့်သွင်းသိုလှောင်မည် ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုခြင်းအပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်မည်ဖြစ်ရာ မကြာမီကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက်ပါ အသုံးပြုနိုင်ရေး အချိန်မီတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon Time
#Local_New
Published 1 February2024
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်အလုပ်သမား ၃၆,၀၀၀ ကျော်စေလွှတ်ထားကြောင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့က မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအသင်း(MOEAA)မှအမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ထိုင်းနိုင်ငံသို့MOUစနစ်ဖြင့် အလုပ်သမား ၃၆၄၂၂ယောက်စေလွှတ်ခဲ့ပြီး ပြည်ပအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်မှပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကဲ့သို့စေလွတ်ရန်အလုပ်ခေါ်စာများကို အွန်လိုင်းစနစ်ဖြင့်လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ဇန်နဝါရီလအတွင်းက အလုပ်ခေါ်စာ အစောင်ရေ ၁၁၂၆ စောင်ရှိခဲ့ရာတွင်အလုပ်သမား ၃၆၄၂၂ယောက်ကိုပြည်ပအလုပ်အကိုင် ရရှိရန်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထို့အပြင် ထိုင်းနိုင်ငံကိုသွားရောက်မည့် MoU အလုပ်သမားများအဆင်ပြေစေရန် ရန်ကုန်-ဒွန်မောင်း လေကြောင်း ခရီးဖြင့်စေလွှတ်ခွင့်ပြုရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုသိရသည်။
ပြည်ပနိုင်ငံပေါင်း ၉၄ နိုင်ငံတွင် မြန်မာနိုင်ငံမှ လုပ်သား ၁၇ သိန်းကျော် သွားရောက်လုပ်ကိုင်နေကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံမှ တဆင့်ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွတ်မှုတွင် ထိုင်းနိုင်ငံသို့ အများဆုံးစေလွတ်ထားပြီး
မလေးရှားနိုင်ငံသို့ဒုတိယအများဆုံးစေလွတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon-Times
#World_Military
Published 01 February 2024
အီရန်ဟာ အမေရိကန်နဲ့ ထိပ်တိုက်စစ်ရေးရင်ဆိုင်ဖို့ကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ အစ္စလာမ်တော်လှန်ရေး အစောင့်အကြပ်တပ်ဖွဲ့မှ တပ်မှူးချုပ် ဟိုစိန်ဆယ်လာမီက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို မတုန့်ပြန်ဘဲနေမှာ မဟုတ်သလို အီရန်က အမေရိကန်နဲ့ စစ်ဖြစ်ဖို့ မရည်ရွယ်ဘူးလို့လည်း ပြောကြားလိုက်ပါတယ်။
‘’အမေရိကန် အရာရှိတွေ အီရန်ကို ပစ်မှတ်ထားတာနဲ့ ပတ်သက်ပြီး ကြားထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကဲစမ်းနေကြတာ သိပါတယ်။ ခြိမ်းခြောက်မှုတွေကို ငြိမ်ခံနေမှာ မဟုတ်သလို စစ်ပွဲဖြစ်ချင်နေတာလည်း မဟုတ်ပါဘူး။ စစ်ဖြစ်မှာကို ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ဒါအမှန်တရားပါပဲ’’ လို့ ပြောသွားပါတယ်။
ဂျော်ဒန်နိုင်ငံမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်သား ၃ ဦးသေဆုံးခဲ့တာကို သမ္မတ ဂျိုးဘိုင်ဒင်က တုန့်ပြန်ဖို့ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ ဟိုစိန်ဆယ်လာမီက အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘိုင်ဒင်အစိုးရအဖွဲ့ကပင် အီရန်နဲ့ စစ်ပွဲမဖြစ်ပွားလိုဘူးလို့ အထူးတလည် ပြောကြားထားပါတယ်။
အမေရိကအနေဖြင့် ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေ ရပ်တန့်ရမှာဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းချက်ရရှိဖို့ ကြိုးပမ်းသင့်ပြီး အီရန်ကတော့ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား အလျင်အမြန် တုန့်ပြန်မှာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမီယာအက်ဒိုလာဟန်က ပြောကြားခဲ့ကြောင်း IRNA တရားဝင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အမေရိကန်တပ်သားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အတိုင်းအတာအားလုံး ဆောင်ရွက်သွားမယ်လို့ တနင်္လာနေ့က ဆိုလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အီရန်နောက်ခံပြု စစ်သွေးကြွများမှ ဒရုန်းဖြင့်တိုက်ခိုက်တာကြောင့် အမေရိကန် တပ်သားများ သေဆုံးတာနဲ့ ပတ်သက်ပြီး အီရန်ဘက်က ဆက်စပ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အစ္စရေးလ်-ဟားမတ်စ် ပဋိပက္ခနောက်ပိုင်း အနောက်အာရှမှာ တင်းမာမှုမြင့်တက်နေပြီး ဆီးရီးယား၊ အီရတ်၊ လက်ဘနွန်၊ ယီမင်တို့မှ အီရန်နောက်ခံပြုတပ်ဖွဲ့များလည်း ပါဝင်လာပါတယ်။
#Source: WION
#Local_New
Published 1 February 2024
ဧရာဝတီတိုင်းဒေကြီးမှထွက်ရှိသည့် နေလှန်းဆားများကို ရန်ကုန်နှင့်မန္တလေးတိုင်းသို့ အဓိက တင်ပို့ရောင်းချနေကြောင်းဆားထုတ်လုပ်သူများထံမှသိရသည်။
အဆိုပါဒေသ၌တစ်နှစ်လျှင် ဆားတန်ချိန် တစ်သိန်းကျော်ထွက်ရှိလေ့ရှိပြီး နှစ်နှစ်ဆက်တိုက်အထွက်နှုန်းကောင်းမွန်နေပြီးလက်ရှိတွင်လည်းဈေးကောင်းရနေကြောင်းသိရသည်။
' ဒီကထွက်တဲ့ဆားကြမ်းတွေကိုရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကိုအဓိကတင်ပို့နေတယ်၊ဆားအထွက်ကမနှစ်ကလည်းများတယ်၊ဒီနှစ်လည်းများဦးမယ်လို့မျှော်လင့်နေပါတယ်၊ ရာသီက ဆားထုတ်တာကြိုက်တဲ့ရာသီမလို့လေ၊ ဈေးလည်းကောင်းပါတယ် ' ဟု ဧရာဝတီတိုင်းမှဆားတောင်သူတစ်ဦးက ပြောသည်။
လတ်တလောတွင် ဆားချောတစ်ပိဿာ ကျပ် ၂၈၀ အထိဈေးနှုန်းရှိပြီးတစ်ပိသာလျှင်ကျပ်၅၀အထိ မြင့်တက်လာခဲ့ပြီးဆားကြမ်းတစ်ပိသာလျှင် ၁၇၀ကျပ်အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ ဆားရာသီ၌ မိုးရွာသွန်းမှုတွေကြောင့် တန်ချိန် တစ်သိန်းခန့်သာ ထွက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ဆားရာသီမှာ ရာသီဥတုကောင်းမွန်မှုကြောင့် တန်ချိန် ၁၄၂၀၀၀ အထိ ထွက်ရှိခဲ့ကာယခုနှစ်တွင် လည်းအယ်နီညိုရာသီဥတုကြောင့်အထွက်နှုန်းဆက်လက်ကောင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon-Times
#Local_New
Published 1 February 2024
ရန်ကုန်တိုင်းဒေသကြီး သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ၇၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီလ ၂၁ရက် မှ ၂၅ ရက် အထိ ငါးရက်ကြာကျင်းပမည်ဖြစ်ကာ ထမနဲဆွမ်းအလှူ၊ဆွမ်းတော်ကြီးအလှူ၊ဆွမ်းဆန်စိမ်းအလှူနှင့်ဗုဒ္ဓပူဇာ၊ဓမ္မပူဇာ၊သံဃာ့ပူဇာ အလှူများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖေဖေါ်ဝါရီ ၂၁ရက်မှ ၂၅ ရက်အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ
ဖေဖေါ်ဝါရီ ၂၂ရက်နှင့်၂၃ရက် နံနက်ပိုင်း တို့တွင် ထမနဲ ထိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယခင်ကိုဗစ်မတိုင်ခင်က ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်မှာတော့အခြေနေအရ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်းခြင်း မပြုလုပ်တော့ကြောင်း သိရသည်။
#YMG/LW #Yangon Time
#World_Technology
Published 1 Feb 2024
ဘီလျံနာအီလွန်မက်စ်ရဲ့ Neuralink ကုမ္ပဏီက လူနာတစ်ယောက်မှာ ဦးနှောက်အစားထိုးပစ္စည်းကို ပထမဆုံးအနေနဲ့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကာ ကနဦး စိတ်ချရတဲ့ ရလဒ်များရရှိထားကြောင်း မက်စ်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
၂၀၁၆ ခုနှစ်မှာ မက်စ်က တွဲဖက်တည်ထောင်ထားတဲ့ အာရုံကြောနည်းပညာကုမ္ပဏီဟာ ကွန်ပျူတာတွေနဲ့ ဦးနှောက်ကြား တိုက်ရိုက်ဆက်သွယ်ရေးနည်းလမ်းတွေကို ဖန်တီးရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
သူတို့ရဲ့စီမံကိန်းက လူသားတွေရဲ့ စွမ်းရည်တွေကို အလျင်အမြန်ဖြည့်ပေးရန် အပြင် အာရုံကြောရောဂါများကို ကုသရန် ရည်ရွယ်ထားတာဖြစ်ပြီး တစ်နေ့နေ့မှာ လူလုပ်အသိဉာဏ်တုနဲ့ လူသားများကြား အပြန်အလှန် မှီခိုအကျိုးပြုနိုင်ဖို့ ရှိနေပါတယ်။
''မနေ့က Neuralink ကနေ ပထမဆုံးလူသား အစားထိုးမှုခံယူခဲ့ပြီး သက်သာလျက်ရှိကာ အာရုံကြောဆိုင်ရာ စိတ်ချရတဲ့ရလဒ်များ တွေ့ရှိထားပါတယ်'' လို့ အီလွန်မက်စ်က X ပလက်ဖောင်းမှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန် FDA က လူသားတွေမှာ ဦးနှောက်အစားထိုးမှုများ စမ်းသပ်ရန် အသိအမှတ်ပြုပေးခဲ့ကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အကြွေစေ့ငါးပြားထပ်ထားသလောက် အရွယ်အစားရှိတဲ့ အစားထိုးပစ္စည်းလေးကို Link လို့အမည်ပေးထားပြီး ဦးနှောက်ထဲသို့ ခွဲစိတ်ထည့်သွင်းရတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် Neuralink ကုမ္ပဏီမှာ ယမန်နှစ်က ဝန်ထမ်း ၄၀၀ ကျော်ရှိခဲ့ပြီး ဒေါ်လာ ၃၆၃ သန်းနီးပါး ရရှိခဲ့ပါတယ်။
ဒီနည်းပညာကို တိုးတက်အောင် လုပ်ဆောင်နေတဲ့အထဲမှာ ဒီကုမ္ပဏီတစ်ခုတည်းမဟုတ်ဘဲ အစားထိုးပစ္စည်းထုတ်လုပ်သူ Synchron နဲ့ပူးပေါင်းရန် ကြံစည်နေပါတယ်။
Neuralink နဲ့မတူတာက အစားထိုးပစ္စည်းတပ်ဆင်ရန် ဦးခေါင်းခွံကို ခွဲစိတ်စရာ မလိုအပ်ဘဲ ၂၀၂၂ ဇူလိုင်လက ပထမဆုံး အစားထိုးပစ္စည်းကို ထည့်သွင်းခဲ့ပါတယ်။
#World_Technology #ပထမဆုံးလူသားဦးနှောက်အစားထိုး #Neuralink #အီလွန်မက်စ်ကြေညာ #Source: WION
#LocalNew
Published 1 February 2024
ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။
ရနောင်းခရိုင် စူခ်ဆမ်ရာစစ်ဆေးဂိတ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၇ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင်တာဝန်ရှိသူများက ဖမ်းဆီးရမိကြောင်းသိရှိရသည်။
အဆိုပါ အလုပ်သမားများသည် Border Pass ဖြင့်နယ်စပ်မှဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်ပြီး ရနောင်းခရိုင်စူခ်ဆမ်ရာမြို့ နာခါကျေးရွာ အုပ်စု ၁ လှေဆိပ်မှတဆင့်ခေါ်ဆောင်လာပြီး ဖန်ငါခရိုင် သကွန်ပါမြို့ နှင့် ဖူကတ်မြို့တို့ကိုသွားရောက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်သမားများ က မြို့အလိုက်
ပို့ဆောင်ခ ဘတ် ၁၂၀၀၀ မှ ၃၀၀၀၀ ထိကို နေရာရောက်ပါက ပေးရမည်ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်စူခ်ဆမ်ရာရဲစခန်းသို့ လွှဲပြောင်းပို့ထားကြောင်းသိရှိရသည်။
#YMG/LW #Yangon_Time
#World_Health
Published 1 Feb 2024
သက်ကြီးရွယ်အိုတစ်ယောက် အရိုးကျိုးနိုင်ခြေ ရှိမရှိကို ခန့်မှန်းနိုင်မယ့် နည်းလမ်းကို ဩစတြေးလျသုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
၁ ကီလိုမီတာ အကွာအဝေးကို အခက်အခဲမရှိ လမ်းလျှောက်နိုင်ရင် အရိုးကျန်းမာရေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ လမ်းလျှောက်နိုင်စွမ်းကို မေးမြန်းခြင်းဖြင့် အရိုးကျန်းမာရေး လိုအပ်ချက်တွေကို ဆရာဝန်တွေ သိရှိနိုင်မှာ ဖြစ်ကြောင်း JAMA Network Open ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အသက် ၆၀ နဲ့အထက် အမျိုးသမီးတွေမှာ အရိုးကျိုးနိုင်ခြေ ၄၀ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ၂၅ ရာခိုင်နှုန်း ရှိနေပြီး နောက်ဆယ်စုနှစ်တွေမှာ ပိုမိုအဖြစ်များလာပါတယ်။
အရိုးကျိုးနာလာတဲ့အခါ မလှုပ်ရှား မသွားလာနိုင်ခြင်း၊ ကိုယ့်အားကိုယ်မကိုးနိုင်ခြင်း၊ အရိုးထပ်ကျိုးခြင်းနဲ့ သက်တမ်းမစေ့ခင် အသက်ဆုံးပါးခြင်းတို့ ဖြစ်နိုင်ခြေ များလာပါတယ်။
အရိုးကျိုးနိုင်ခြေနဲ့ ပတ်သက်ရာမှာ ကြွက်သားတွေက ခန့်မှန်းလို့အကောင်းဆုံးအရာ ဖြစ်နေပါတယ်။
အသက်ကြီးလာတာနဲ့အမျှ အရိုးဆုံးရှုံးခြင်းနဲ့ ကြွက်သားဆုံးရှုံးခြင်းတို့က တပြိုင်တည်းဖြစ်လာပြီး ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားခြင်းက အရိုးကျိုးနိုင်ခြေ လျော့နည်းတာနဲ့ ပတ်သက်နေတာကို မြင်တွေ့ရပါတယ်။
အကွာအဝေးနီးနီးမှာပါ လမ်းလျှောက်ရ ခက်ခဲနေပြီဆိုရင် နောက်ငါးနှစ်မှာ အရိုးကျိုးနိုင်ခြေ များနေကြောင်း ဂါဗန်လေ့လာရေးမှ ဦးဆောင်စာတမ်းပြုစုသူ ပရော်ဖက်ဆာ ဂျက်ကယ်လင်းက ပြောပြခဲ့ပါတယ်။
သုတေသီတွေက အသက် ၄၅ နှစ်နဲ့အထက် လူပေါင်း ၂၆၇၀၀၀ ခန့်ကို လေ့လာခဲ့ပြီး သူတို့ရဲ့ လမ်းလျှောက်နိုင်စွမ်းနဲ့ ပတ်သက်လို့ အခက်အခဲ လုံးဝမရှိခြင်း၊ အနည်းငယ်ရှိခြင်း၊ အခက်အခဲ အများအပြားရှိခြင်း စတဲ့ရွေးချယ်စရာ ၃ မျိုးကို ရွေးချယ်ခိုင်းခဲ့ပြီး နောက်ထပ် ၅ နှစ်အထိ စောင့်ကြည့်ခဲ့ပါတယ်။
၁ ကီလိုမီတာ အကွာအဝေးကို လျှောက်ရာမှာ အခက်အခဲများစွာ ခံစားရတဲ့ အမျိုးသမီးတွေက အရိုးကျိုးနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများပြီး အမျိုးသားတွေကတော့ ၁၀၀ ရာခိုင်နှုန်းကျော်နေပါတယ်။
ဒါကြောင့် လမ်းလျှောက်နိုင်စွမ်း လျော့နည်းတာနဲ့ အရိုးအားနည်းခြင်းက တိုက်ရိုက်ဆက်စပ်နေတယ်လို့ ဂါဗန်မှ အကြီးတန်းသုတေသီတစ်ဦးက ဆိုလိုက်ပါတယ်။
ယေဘုယျကျန်းမာရေး ကောင်းတဲ့လူတွေမှာတောင် ၂၀ ရာခိုင်နှုန်းလောက်က တစ်ကီလိုမီတာကို လမ်းလျှောက်ဖို့ ခက်ခဲနေကြပါသေးတယ်။
အရိုးပွခြင်းကို ကုသတဲ့နည်းလမ်းများ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့က အရိုးသန်မာမှုကို ထောက်ပံ့ပေးပါတယ်။
လူအများအပြားက အရိုးစစ်ဆေးခြင်း ခံယူဖို့ ပျက်ကွက်နေကြပါတယ်။
အရိုးသိပ်သည်းဆကို စစ်ဆေးခြင်းက အရိုးကျိုးနိုင်ခြေကို သိရှိစေနိုင်သလို လမ်းလျှောက်နိုင်စွမ်းနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းကလည်း စက္ကန့်ပိုင်းအတွင်း သိရှိစေမှာ ဖြစ်ပါတယ်။
လမ်းလျှောက်နိုင်စွမ်းမရှိခြင်းက အရိုးကျိုးနိုင်ခြေအပြင် နှလုံးရောဂါများ၊ အဆစ်အမြစ်ရောင်ရောဂါတို့ပါ ခံစားရနိုင်ခြေ ရှိနေပါတယ်။
#World_Health #အရိုးကျန်းမာရေးစစ်ဆေးနိုင် #တစ်ကီလိုမီတာခန့်လမ်းလျှောက် #Source: The Jerusalem Post
၃၁ ဇန်နဝါရီ ၂၀၂၄
နစက သည် အရေးပေါ်ကာလကို ခြောက်လ ထပ်မံသက်တမ်းတိုးပြီးနောက် ရာထူးနေရာအချို့ကို စတင်အပြောင်းအလဲလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးကို ကျန်းမာရေးအရ အနားယုခွင့်ပြုခဲ့ပြီး ရွေး/ကော် ဥက္ကဋ္ဌအသစ်အဖြစ် ဦးကိုကို ကိုခန့်အပ်လိုက်ပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနေရာတွင် ဦးအောင်အောင်ကို ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးသန်းဝင်းကို အနားယူခွင့်ပေးလိုက်ပြီး ဦးကျော်မျိုးထွဋ်ကို ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်ကိုခန့်အပ်လိုက်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်းကိုခန့်အပ်လိုက်ပါတယ်။
နစက ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကိုလည်း တာဝန်မှအနားယူခွင့်ပြုလိုက်ပါတယ်။
အဆိုပါအပြောင်းအရွှေ့များကို နစက အမိန့်အမှတ် ၉/၂၀၂၄မှ ၁၆/၂၀၂၄ တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်ပါတယ်။
အပြောင်းအလဲကြေညာမှုတွေ ဆက်တိုက်ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုများရှိနေကြပါတယ်။
@ymg/knl
မက္ကဆီကိုဘက်မှအမေရိကန်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူများအား အမေရိကန်နယ်စပ်ကာကွယ်ရေးမှစံချိန်တင်ဖမ်းဆီးရမိခဲ့
မက္ကဆီကိုကနေ အမေရိကန်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများကို ဖမ်းဆီးရမိတဲ့ အရေအတွက်က ဒီဇင်ဘာလမှာ အများဆုံးဖြစ်ခဲ့ကြောင်း အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP)က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_News
Published_ 31 January 2024
#အမေရိကန်နယ်စပ်ကာကွယ်ရေး #စံချိန်တင်ဖမ်းဆီးရမိခဲ့
#YMG #Yangon_Times #Yangon_Media_Group
Page 567 of 1699