#Daily_News
Published_ 6 March 2024
၁။ 'ရန်ကုန် Pet Expo ပြပွဲ' နှင့် 'နွေရာသီခရီးသွားပြပွဲ' ရန်ကုန်၌ (၂)ရက်တိုင်တိုင်ကျင်းပ
၂။ ဖောက်စွပ်ဖြတ်ဆက်များအား လိမ်လည်ရောင်းချခြင်းများ အပါအဝင်တစ်လလျှင် မော်တော်ကားအမှု ၁၅မှုခန့် ဖြေရှင်းပေးနေရဟုဆို
၃။ ရှမ်းပြည်နယ်ထွက် ကုန်စည်အများစု ဝယ်လိုအားမရှိဘဲ ရောင်းလိုအားများနေသဖြင့် ဈေးကျဆင်းနေ
၄။ တောင်ကိုရီးယားနိုင်ငံဖွား ပန်ဒါမကြီး တရုတ်ပြည်မပြန်ခင် ပရိသတ်အများအပြား လာရောက်နှုတ်ဆက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 6 March 2024
ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည်မတ်လ (၆)ရက်မနက်ပိုင်းတွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။
ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဖေဖော်ဝါရီလအတွင်း နာမကျန်းဖြစ်သောကြောင့်တိုက်အုပ်ဆရာတော်မှ ဂရုစိုက်တစိုက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်စေရန် ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့သည်။
ဆရာတော်ကြီးသည် ဆေးရုံတက်ရောက်ကုသခဲ့ရပြီး ဆေးရုံမှဆင်းတာ ၂ ပတ်မြောက်နေ့တွင် follow up ကုသမှုလုပ်ခဲ့ရသလို ဖေဖော်ဝါရီလထဲမှာပဲ ဝိတိုရိယဆေးရုံတွင် ကုသမှုများဆောင်ရွက်ခဲ့ရပြီး မတ်လ(၆)ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။
"မတ်လ(၆)ရက်၁နာရီ၄၅မိန်စ်အချိန်တွင် ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဝိတိုရိယဆေးရုံတွင် ဘဝနတ်ထံသို့ပျံလွန်တော် မူသွားပြီဖြစ်ကြောင်း ရပ်ဝေး ရပ်နီးနေ ဓမ္မမိတ်ဆွေ ဆွေတော်မျိုးတော်များအား ညိှုးငယ်စွာ အသိပေးအကြောင်းကြားအပ်သည် "ဟု ကိုးမိုင်မဟာစည်ယောဂီအဖွဲ့ မှလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သံရုံးရဲ့ အသိပေးဖေါ်ပြချက်တွေမှာတော့ အွန်လိုင်းဗီဇာ ရက်ချိန်းလျှောက်တဲ့ စနစ်တွင် အချို့ မသမာသူတွေက ပတ်စပိုနံပါတ် အမျိုးမျိုးကို သုံးကာ (မိမိတစ်ဦးတည်းအတွက်မဟုတ်ဘဲ) booking နေရာ အများအပြားကို ရယူတာမျိုးတွေ ပြုလုပ်နေတဲ့အတွက် ရက်ချိန်းယူထားသော်လည်း လာရောက် လျှောက်ထားသူမရှိတဲ့ အခြေအနေ မြင့်မားလျက်ရှိတယ်လို့ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အရှေ့တောင်အာရှ၊ ဥရောပနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဂျပန်ကိုယ်ခံပညာဖြစ်တဲ့Brazilian JIU-JITSU ချန်ပီယံရှစ်ပြိုင်ပွဲတွေကျင်းပနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အခုမှ ပထမဦးအကြိမ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်တယ်။
ဂျပန်ကိုယ်ခံပညာဖြစ်တဲ့Brazilian JIU-JITSU ပညာရပ်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းခေတ်စားလာပြီး One ChampionShipလို ၊ UFC တို့လို ပြိုင်ပွဲတွေမှာ မပါမဖြစ် တတ်ကျွမ်းထားရမယ့် အားကစားနည်းဖြစ်လာတယ်။
AXIS JIU-JITSU Academy ( Myanmar) မှဆရာသန့်ဇင်ဦး
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 6 March 2024
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း(Myanmar CDC) တွင်တာ ဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများကို တရုတ်သို့ စေလွှတ်ပြီး လေ့ကျင့်သင်ကြားပေးနေလျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
Myanmar CDC တွင်တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပအတွေ့အကြုံရရှိနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Myanmar CDC အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းကိုသွားရောက်ကြည့်ရူစစ်ဆေးစဉ်ထည့်သွင်းပြောခဲ့သည်။
ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်မည့် နိုင်ငံတကာအဆင့်မီ'ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်သင်တန်းကျောင်း'တည်ဆောက်မှု(၉၃)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဗဟိုဌာနကိုတရုတ်နိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတစ်ခုဖြစ်သည်ဟုဆိုသည်။
ယင်ဗဟိုဌာန၌ ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3)အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်များပါရှိသော သုံးထပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အဆောက်အအုံ၊ သင်တန်းသား သင်တန်းသူ ၂၀၀ ခန့်ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေး သင်တန်းကျောင်းအဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံတို့ ပါရှိကြောင်းနှင့်
ဤစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ်တစ်ခုအဖြစ် ထင်ဟပ်စေမည့် နိုင်ငံတကာအဆင့်မီ စီမံကိန်းလည်းဖြစ်ပါကြောင်း၊ Myanmar CDC စတင်ဖွင့်လှစ်၍ လုပ်ငန်းများလည်ပတ်နိုင်ချိန်တွင် မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွက်ပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစေနိုင်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတစ်ခုဖြစ်စေရန် ရည်ရွယ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 6 March 2024
EV ယာဉ်များ တစ်နိုင်ငံလုံးပြေးဆွဲအသုံးပြုနိုင်ရေးအတွက်ပြည်တွင်းရှိ အဓိက လမ်းမကြီး ၇ ခု ၌ EV Charging Station များ တည်ဆောက်ရန် စီစဉ်နေကြောင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ သိရသည် ။
အဆိုပါတည်ဆောက်ရာတွင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး - သထုံ - မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း - ညောင်ဦးလမ်း၊ မိတ္ထီလာ - တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်းမကြီးများပေါ်၌ EV Charging Station များ တည်ဆောက်ရန် လျာထား စီစဉ်လျက်ရှိကြောင်း သိရသည် ။
ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန် မြို့ပြလမ်းကွန်ရက်စနစ်နှင့် ချိတ်ဆက်ပြီး EV Charging Station များ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည် ။
ကားဈေးကွက်အတွင်း၌ ယခုနောက်ပိုင်းတွင် စက်သုံးဆီကားထက် EVကားကိုကြိုက်နှစ်သက်မှုပိုများလာကြောင်းသိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီးမှတ်ပုံတင်ခွင့်ပြုထားပြီး အဆိုပါ ယာဉ်များတွင် EV လူစီးမော်တော်ယာဉ် (၁၈၇၇)စီးနှင့် ကုန်တင်(ဝန်ပေါ့) ယာဉ် (၁၁) စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည် ။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 6 March 2024
ကိုရင်လေး ရှင်ဥတ္တမသာရသည် ထန်းတပင်မြို့နယ်လုံးဆိုင်ရာပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲ၌ ရှင်သာမဏတန်းတွင်ဝင်ရောက်ဖြေဆိုရာမြို့နယ် ပထမဆွတ်ခူးခဲ့ကြောင်း သိရသည်။
"ကိုရင်လေး ရှင်ဥတ္တမသာရ ထန်းတပင်မြို့နယ်လုံးဆိုင်ရာပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲ၊ရှင်သာမဏေတန်းမှာ ဝင်ဖြေတယ်ဆိုတာဟုတ်ပါတယ်၊ပထမရတယ်ဆိုတာလည်း ဟုတ်ပါတယ်"ဟု ကိုရင်လေးယခင်သီတင်းသုံးခဲ့သည့် လသာဘုန်းကြီးကျောင်းမှ ဆရာတော်ကအတည်ပြုပြောသည်။
အရှင် ဉာဏောဘာသ ဖိစလောင်ကလည်း ၁၃၈၅-ခု ထန်းတပင်မြို့နယ်လုံးဆိုင်ရာပရိယတ္တိ သဒ္ဓမ္မဟိတကာရီစာမေးပွဲ၊ရှင်သာမဏေတန်း ဖြေဆိုသံဃာ ၁၆၃-ပါး၊အောင်မြင်သံဃာ ၁၁၁-ပါးတို့တွင် ကိုရင်လေး၊မြို့နယ် ပထမဂုဏ်ထူး ဆွတ်ခူး(6/3/2024)ခဲ့ကြောင်း၊
မိမိကျောင်းတိုက်၌ စာပေပညာလေ့လာသင်ကြား ဆည်းပူးခဲ့သောဓမ္မကထိက ကိုရင်လေး ရှင်ဥတ္တမသာရပထမဂုဏ်ထူးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း လူမှုကွန်ရက်ပေါ်၌ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 6 March 2024
ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ယနေ့တွင် တစ်ကျပ်သားလျှင်ကျပ်သိန်း၄၀ နား အထိရှိလာကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။
ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၂၁၂၆ ဒေါ်လာအထိရှိလာရာ ယနေ့နေ့လယ်ပိုင်း၌ ပြင်ပပေါင်ဈေး၌ အခေါက်ရွှေ
ဝယ်ဈေး တစ်ကျပ်သားလျှင် ကျပ် ၃,၉၅၅,၀၀၀နှင့် ရောင်းဈေး ၃,၉၉၅,၀၀၀ကျပ်အထိ ဈေးနှုန်း ရှိနေကြောင်းသိရသည်။
ထို့အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်းပြင်ပပေါက်ဈေး တစ်ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၃၅၇၀နှင့် ရောင်းဈေးကျပ် ၃၆၂၀ အထိဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း ၏ ရည်ညွှန်းဈေးကွက်၌လည်း ကျပ် ၃၈ သိန်းနီးပါး အထိ မြင့်တက်လာကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာသည့်အပြင် ပြည်တွင်းငွေလဲနှုန်းမှာလည်း အတက်ပိုင်းတွင် ရှိနေသည့်အတွက် ပြည်တွင်း ရွှေဈေးနှုန်းများပါ မြင့်တက်လာနေခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များကဆိုသည်။
ထိုသို့ ဈေးနှုန်းများမြင့်တက်နေသော်လည်း ရွှေဈေးကွက်အတွင်း၌မူ အရောင်းအဝယ်အေးနေကြောင်းသိရသည် ။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲ နဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ အပါအဝင် အခြားဒေသက ထွက်ရှိတဲ့ ကုန်စည် တွေ ဈေးကွက်အဝင်များနေတာကြောင့် ရှမ်းပြည်ကထွက်တဲ့ ကုန်စည်အများစု ဝယ်လိုအားလျော့ကျလာတယ်လို့ ဆိုပါတယ်။ တောင်သူတွေအရှုံးပေါ်နေတဲ့ အတွက်လာမယ့်နှစ်မှာ စိုက်ပျိုးသူနည်းလာမယ်ဟုဆို
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဖောက်စွပ်ဖြတ်ဆက်ကားများအား လိမ်လည်ရောင်းချခြင်းများ အပါအဝင် တစ်လလျှင် မော်တော်ကားအမှု ၁၅မှုခန့် ဖြေရှင်းပေးနေရဟုဆို
' ကား အရောင်းအဝယ်မှာ ဖောက်စွပ်ဖြတ်ဆက်တွေက အများဆုံးပဲ ၊ကားဝယ်ပြီး ကညနမှာ သွားစစ်လိုက်တဲ့အခါမှာ စာအုပ်သိမ်းခံလိုက်ရမှ သိတာ
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
'ရန်ကုန် Pet Expoပြပွဲ'မှာ နိုင်ငံတကာမှ အရည်အသွေးကောင်းမွန်တဲ့ World Brand အစာတွေ၊ ဆေးပစ္စည်းတွေ၊အသုံးဆောင်တွေကို တစ်နေရာထဲမှာ စုံစုံလင်လင် ဝယ်ယူရရှိနိုင်မယ့်အပြင် လာလည်တဲ့ Petလေးတွေကို လည်းအစာကုမ္ပဏီတွေက ဧည်ခံစာတွေ ကျွေးမွေးဦးမှာဖြစ်တယ်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 06 March 2024
ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ တက်စ်လာစီအီးအို အီလွန်မတ်စ်နဲ့ ဖလော်ရီဒါမှာ သီတင်းပတ်အကုန်က တွေ့ဆုံခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် သမ္မတဟောင်းထရမ့်က ရွေးကောက်ပွဲထပ်မံယှဥ်ပြိုင်ရန်အတွက် ငွေကြေးထောက်ပံ့ဖြည့်သွင်းမှု ကြိုးပမ်းရှာဖွေနေတာဖြစ်တယ်လို့ နယူးယော့ခ်တိုင်းမ်စ်က အင်္ဂါနေ့မှာ ဖော်ပြသွားပါတယ်။
တနင်္ဂနွေနေ့ သီးသန့်တွေ့ဆုံမှုမှာ ပုဂ္ဂိုလ် ၃ ဦး ပါဝင်ခဲ့တယ်လို့ တိုင်းမ်စ်က ဖော်ပြခဲ့ပေမယ့် သတင်းပေးသူကိုတော့ အမည်မဖော်ပြထားပါဘူး။
ထိုနေ့မှာ ထရမ့်ဟာ မတ်စ်အပြင် ချမ်းသာကြွယ်ဝတဲ့ ရီပတ်ဘလစ်ကန် အလှူရှင်အနည်းငယ်နဲ့ တွေ့ဆုံခဲ့ပြီး မကြာခင်မှာ မက်စ်နဲ့ တစ်ဦးချင်းတွေ့ဆုံရန် မျှော်မှန်းထားပါတယ်။
တရားစွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ထရမ့်က သမ္မတရွေးကောက်ပွဲ စည်းရုံးရေးအတွက် ထောက်ပံ့ကူညီမယ့်သူများကို ထပ်မံထည့်သွင်းရန် ရည်မှန်းနေတာ ဖြစ်ပါတယ်။
အီလွန်မတ်စ်က အိမ်ဖြူတော်ကို ထရမ့်ရောက်ရှိတဲ့အခါ ဘဏ္ဍာရေး ထောက်ပံ့သွားဖို့ အစီအစဥ်ရှိမရှိကို မပြောခဲ့ပေမယ့် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကိုတော့ ဆန့်ကျင်သူဖြစ်ပါတယ်။
ဖော့စ်ဘ်ရဲ့ ဖော်ပြချက်အရ ဒေါ်လာ ၂၀၀ ဘီလီယံခန့်ကြွယ်ဝတဲ့ မတ်စ်ဟာ သူတစ်ဦးတည်းဖြင့် ဘိုင်ဒင်နဲ့ ထောက်ခံသူများအပေါ် အသာရနိုင်လောက်တဲ့ ရင်းမြစ်တွေရှိနေပါတယ်။
တိုင်းမ်စ်ရဲ့ ဖော်ပြချက်အရ အီလွန်မတ်စ်ဟာ သူ့ကိုယ်သူ နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ဆိုထားကာ ယခင်က သမ္မတရွေးကောက်ယှဥ်ပြိုင်ပွဲတွေမှာ များများစားစား သုံးစွဲထားခြင်း မရှိသလို ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်များကြား မျှမျှတတ ပေးလှူထားပါတယ်။
Source: US News
#World_Politics
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 517 of 1697