Published_ 7 March 2024
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ နှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ခြင်း၊ဈေးကစားရန်သိုလှောင်ခြင်းပြုလုပ်လျှင် အများဆုံးထောင်ဒဏ် ၃ နှစ်အထိချနိုင်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။
အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကိုဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန် ယမန်နေ့ကသတိပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီပြစ်မှုကြောင်းအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ သတ်မှတ်ချက်တွင် အရေးကြီးကုန်စည်များနှင့် ပတ်သက်၍အမိန့်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူအားအနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ပြီးကျပ် ၅ သိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရသည်။
အထက်ပါ ပစ္စည်းများကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီးယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် ၂ တွင် အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့သရက်သီး တရုတ်သို့တင့်ပိုရန် ဈေးကွက်မသေချာ၍ ခြံပြုစုစောင့်ရှောက်မှု ၂၀ရာခိုင်နှုန်းခန့်သာရှိ
' အခုတင်ပို့နေတဲ့ဖရဲ၊ သခွှားမွှေး ကုန်စိမ်းတွေလည်း တင်ပို့ရက် အရမ်းကြာတော့ အနည်းနဲ့အများ အရည်အသွေးကျဆင်းသွားတာကိုး၊ သရက်ကလည်း တရုတ်နယ်စပ်လိုင်းက အဓိကတင်ပို့ရတာ၊ အခုလမ်းကြောင်းတွေက မဖွံဖြိုး၊မပွင့်လင်းသေးတော့လေ၊ ဒါကြောင့် သရက်ခြံပိုင်ရှင်တွေက အရည်အသွေးကောင်းဖို့ နည်းပညာထည့်တာ၂၀% လောက်အထိ နည်းသွားတယ်၊ ကျန်တာက သဘာဝအတိုင်း ဘုရားပေးသလောက်ပဲ '
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နည်းပြချုပ် ယူကီတက်ဆုရိုအနေနဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို အခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ၊ လေ့ကျင့်ရေးခရီးစဉ်တွေ သွားရောက်ဖို့ စီစဉ်လျက်ရှိပါတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှုနည်းပါး ၊ဆန်ဈေးထပ်မကြီးနိုင်
' လက်လီဆိုင်တွေမှာ အသင်းကချတဲ့ဆန်တွေကို စားသုံးသူတွေက သိပ်ဟက်ဟက်ပက်ပက်မဝယ်ဘူး၊ ဈေးကွက်ကိုတော့ ထိန်းသွားသလိုဖြစ်တယ်၊ ဆန်ဈေးတော့ ဒီထက်ထပ်မကြီးနိုင်ဘူးဆိုပြီး စားသုံးသူတွေ စိတ်ပူစရာတော့ မရှိဘူး၊
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုတပတ်နှမ်းဈေးကွက် အနေထားမှာတော့ တရုတ်ဝယ်လက်နည်းလာပြီး ကုန်အဝင်မှာလဲ အလွန်နည်းလာတဲ့အတွက် ဈေးအတတ်အကျ အနည်းငယ်သာရှိကာ ယခင်ဈေးတန်းမှာပဲ ငြိမ်နေတယ်လို့ နှမ်းအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမှာဖြစ်တယ်။ ရည်ညွှန်းရွှေဈေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူတွေကို အရေးယူနိုင်မယ့်နည်းလမ်း တွေကိုဆောင်ရွက်ဖို့လိုတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 7March 2024
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်းအလုပ်အကိုင်အခွင့်လမ်းပေါင်း၁၃၆၈ဦး ဖန်တီးပေးနိုင်မည့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် ၇ခု ကို ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
မတ်လ ၆ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုခု့ခြင်း ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ် ၇ ခု ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉,၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအစည်းဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 07 March 2024
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံအနောက်ဘက်ဒေသရှိ အဓိကစစ်အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ပါတယ်။
ထို့နောက် ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် စစ်ရေးပြင်ဆင်မှုများကို အမြင့်ဆုံးအသင့်ပြင်ထားရန် ညွှန်ကြားချက်များ ထုတ်ပြန်ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA မီဒီယာက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ တင်ပြချက်အရ အခြေစိုက်စခန်းတည်ရှိရာ နေရာကို မသိရှိရပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဥ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီး စတင်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ယခုနှစ် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ ယမန်နှစ်က ပါဝင်ခဲ့တဲ့ တပ်သားအရေအတွက်ထက် နှစ်ဆပိုများနေပါတယ်။
စစ်စခန်းသို့ရောက်ရှိစဥ် ကင်မ်ဂျုံအန်းက ဘယ်လိုဖြစ်ရပ်မျိုးအတွက်မဆို အပြည့်အဝ ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ကြုံတွေ့လာရမယ့် အခြေအနေတွေအတွက် လိုအပ်ချက်များနဲ့အညီ စစ်ရေးပြင်ဆင်မှုကို အမြင့်ဆုံးအသင့်ပြင်ထားရမှာဖြစ်ကြောင်း အလေးပေးပြောကြားသွားပါတယ်။
စစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပြီး တိုက်ရည်ခိုက်ရည် အလျင်မြန်ဆုံး တိုးတက်ဖို့ရည်ရွယ်ကာ လက်တွေ့စစ်ရေး လေ့ကျင့်မှုတွေကို အပြင်းအထန် လုပ်ဆောင်သွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။
တကယ့်စစ်ပွဲပုံစံဖော်ဆောင်ကာ တပ်မတော်သားများ တကယ့်စစ်ရေးဆောင်ရွက်ပုံများကို ကင်မ်ဂျုံအန်းက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
Source: WION
#World_Military
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 7 March 2024
ရန်ကုန်လူမိုက် ကိုကျော်ဝင်းစိန် ဆိုသူကို Tတ်ဖြတ်ခဲ့သည့် တရားခံ (၉) ဦးကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
တရားခံများဖြစ်သည့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင်နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ်နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီ ဆိုသူတို့ (၉) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
ရန်ကုန်မြို့နာမည်ကြီး အင်းစိန်ကမ်းနားက လူမိုက်ကျော်ဝင်းစိန် ကို ဒီဇင်ဘာ ၈ ရက်နေ့ က ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှာ နယ်မြေကျူးကျော်လာသဖြင့်ကြည့်မြင်တိုင်နယ်မြေခံ လူမိုက်များမှ ဓားဖြင့်ထိုး၍ သတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအခါ တရားခံ (၉)ဦးကို စ စ်ကိုင်းမြို့တွင်ဖမ်းဆီးရမိသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ဖော်ပြထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 07 March 2024
အချို့သော တွဲဖက်စားသုံးတဲ့ အစားအစာတွေဟာ တစ်ခုနဲ့တစ်ခု အာဟာရစုပ်ယူမှုကို ထောက်ပံ့ကူညီပြီး ဖြည့်စွက်ပေးတာမျိုး ရှိသလို အချို့တွဲဖက်စားသုံးတာတွေကတော့ အနှောင့်အယှက် ဖြစ်တတ်ပါတယ်။
ဥပမာအားဖြင့် ဗိုက်တာမင်စီနဲ့ သံဓာတ် တွဲဖက်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။
အာဟာရပညာရှင် အန်မာမီအက်ဂါဝဲလ်က တွဲဖက်မစားသင့်တဲ့ အရာ ၃ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) နို့နဲ့ ငှက်ပျောသီး
မနက်စာအဖြစ် နို့နဲ့ ငှက်ပျောသီးတို့ကို တွဲဖက်စားသုံးကြပေမယ့် အစာအိမ်အတွက် မသင့်လျော်ပါဘူး။
ငှက်ပျောသီးရဲ့ အက်ဆစ်ဓာတ်က နို့အချဥ်ပေါက်စေပြီး အစာခြေပြဿနာ ဖြစ်စေနိုင်ပါတယ်။
(၂) အသီးအနှံနှင့် အသား
အသီးအနှံတွေက အာဟာရဓာတ်ကြွယ်ဝပေမယ့် မှန်ကန်စွာ စားသုံးရန် လိုအပ်ပါတယ်။
အသားတွေက အစာကြေရန် ကြာရှည်နေတဲ့အချိန်မှာ အသီးအနှံတွေက လျင်မြန်စွာ ဝင်ရောက်လာပြီး အစာအိမ်ထဲမှာ ကြပ်ညပ်လာကာ လေပွတတ်ပါတယ်။
ဒါကြောင့် ထမင်းတွေမစားတဲ့ အချိန်တွေကြား အသီးအနှံတွေကို စားသုံးသင့်ပါတယ်။
(၃) ငါးနဲ့ဒိန်ခဲ
ငါးမှာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ဒိန်ခဲနဲ့ တွဲစားတဲ့အခါ အစာခြေစနစ်ကို ဝန်ပိစေပါတယ်။
ဒါ့အပြင် အရေပြားပြဿနာများနဲ့ ဓာတ်မတည့်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်နဲ့ အစာခြေစနစ်တို့က မတူညီတာကြောင့် မိမိခန္ဓာကိုယ်ကို သတိထားပြီး သက်ရောက်မှုတွေကို သိရှိထားရန် လိုအပ်ပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 07 March 2024
အဖြူရောင်အထည်တွေကို စွန်းထင်းစေတဲ့ အရာမှန်သမျှ သွားတွေကိုလည်း စွန်းထင်းစေနိုင်တယ်လို့ သွားနှင့်ခံတွင်း ပညာရှင် ဝစ်တနီဒီဖော့ဂီယိုက ပြောပြသွားပါတယ်။
လူနာတွေရောက်လာပြီး သူတို့ရဲ့လျှာတွေက မည်းညစ်နေရာမှာ ဘလူးဘယ်ရီသီး အမြဲစားသုံးကြောင်း ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် ကော်ဖီနဲ့ အချိုရည်တို့ သောက်သုံးတာကလည်း သွားတွေကို စွန်းထင်းစေနိုင်တာကြောင့် ကော်ဖီသောက်ပြီးတိုင်း ပါးစပ်ကို အာလုတ်ကျင်းဖို့ အကြံပြုလိုက်ပါတယ်။
သွားဖြူဆေးပါတဲ့ သွားတိုက်ဆေးတွေဟာ အစွန်းအထင်းတွေကို ကာကွယ်နိုင်ပေမယ့် ဒီထက်အရေးကြီးတာ ရှိနေပါတယ်။
တကယ်တမ်းက သွားတွေမှာဖုံးနေတဲ့ ဘက်တီးရီးယားအလွှာ သွားချေးတွေက စွန်းထင်းစေတာဖြစ်ပြီး သွားတိုက်ဆေးတွေက အဆိုပါ သွားချေးတွေကိုသာ ဖြူစေကာ သွားတွေကို မဖြူစေပါဘူး။
ခံတွင်းသန့်ရှင်းရေးမှာ အရေးအကြီးဆုံးက နေ့စဥ်သွားတိုက်ခြင်းနဲ့ သွားကြားထိုးခြင်းတို့ ဖြစ်ပေမယ့် မေ့နေကြတဲ့ တစ်နေရာကတော့ လျှာဖြစ်ပါတယ်။
ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယား ၉၀ ရာခိုင်နှုန်းလောက်က လျှာပေါ်မှာ တွေ့ရပါတယ်။
လျှာပေါ်က အညစ်အကြေးတွေကို လျှော့ချခြင်းဖြင့် ခံတွင်းမှာပျံ့နှံ့နေတဲ့ အညစ်အကြေးတွေကို လျှော့ချပေးနိုင်ပါတယ်။
သွားသန့်ရှင်းရေးမလုပ်တာ ၂၄ နာရီကြာတဲ့အခါ သွားချေးလွှာတွေက မာကြောလာပြီး သွားဖုံးရောဂါများနဲ့ သွားဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
သွားပိုးစားခြင်းက သွားတစ်ချောင်းချင်းစီ ဆုံးရှုံးရနိုင်ပေမယ့် သွားဖုံးရောဂါကတော့ ဘက်တီးရီးယားတွေ ပျံ့နှံ့သွားတာကြောင့် သွားအားလုံး ဆုံးရှုံးရနိုင်ပါတယ်။
Source: New York Post.
#World_Health
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးမွေးဖွားခဲ့တဲ့ ပန်ဒါကြီးဖုပေါင်ကို နှုတ်ဆက်ဖို့အတွက် တနင်္ဂနွေနေ့မှာ ယုံဂင်မြို့ရှိ အဲဗားလန်းပန်းခြံဥယျာဥ်သို့ ဧည့်သည်အများအပြား ရောက်ရှိလာကြပါတယ်။ အဆိုပါပန်ဒါဟာ ဧပြီလမှာ တရုတ်ပြည်သို့ နေရပ်ခရီးပြန်တော့မှာ ဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင်မှာ မွေးဖွားခဲ့တဲ့ ပန်ဒါမဟာ သူမရဲ့ ချစ်စရာသွင်ပြင်၊ ထူးခြားတဲ့ စွဲဆောင်မှုများဖြင့် လာရောက်ကြည့်ရှုသူ အများအပြားကို နွေးထွေးပျော်ရွှင်မှု ပေးစွမ်းထားပါတယ်။
#World_Animal
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 516 of 1697