#World_Health
Published 12 April 2025

▪️ လူ့ခန္ဓာကိုယ်ထဲမှာ အသည်းက အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပြီး အန္တရာယ်ပြုပစ္စည်းများကို ဖယ်ရှားပေးခြင်း၊ အစာခြေခြင်းကို ကူညီခြင်း၊ ဇီဝကမ္မဖြစ်စဉ်များ ထိန်းညှိပေးခြင်းတို့ လုပ်ဆောင်ပေးပါတယ်။

▪️ ဒါပေမဲ့ နေထိုင်စားသောက်မှုပုံစံ မသင့်လျော်ခြင်း၊ အရက်သောက်သုံးခြင်း၊ ဗိုင်းရပ်စ်ရောဂါဝင်ရောက်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့် အသည်းရောဂါများ ဖြစ်လာနိုင်ပါတယ်။

▪️ အသည်းရောဂါ ဖြစ်ခြင်းရဲ့ အစောပိုင်းလက္ခဏာများကို သိရှိပြီး နေထိုင်စားသောက်မှုပုံစံ ပြုပြင်ပြောင်းလဲရင်တော့ ဆိုးရွားစွာ အသည်းထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်တာကြောင့် အစောပိုင်းလက္ခဏာများကို ဖော်ပြထားပါတယ်။

▪️ (၁) အသည်းထဲမှာ အဆိပ်အတောက်များ ဖယ်ရှားနိုင်စွမ်းကျဆင်းတာကြောင့် အမြဲပင်ပန်းနွမ်းနယ်နေခြင်း

▪️ (၂) သွေးထဲမှာ ဘီလီရူဘင် အလွန်များပြားလာတာကြောင့် အရေပြားနဲ့ မျက်လုံးများ အဝါရောင်ဖြစ်လာခြင်း

▪️ (၃) ဝမ်းဗိုက်ညာဘက်အပေါ်မှာ နာကျင်လေးလံသလိုဖြစ်ကာ အရည်များစုပြုံ ရေဖျင်းစွဲလာခြင်း

▪️ (၄) သည်းခြေပိုက်ပိတ်ဆို့ခြင်း၊ အသည်းလုပ်ဆောင်ချက် ချို့ယွင်းခြင်းကြောင့် ဆီးအရောင်ရင့်ပြီး အလေးအရောင် ဖျော့လာခြင်း

▪️ (၅) အသည်းရောင်ပိုးကြောင့် ဆာလောင်စိတ် ရုတ်တရက်ကျဆင်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

▪️ (၆) အသည်းကနေ အဆိပ်မဖယ်ရှားနိုင်တာကြောင့် မူးဝေအော့အန်ခြင်း

▪️ (၇) သွေးခဲပရိုတိန်း ကောင်းစွာမထုတ်လုပ်နိုင်တာကြောင့် ပွန်းပဲ့လွယ်ကာ အရေပြားယားယံခြင်း

▪️ (၈) ခန္ဓာကိုယ်အောက်ပိုင်းမှာ အရည်တွေကျန်ရှိပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်တို့မှာ ဖောရောင်လာခြင်း

▪️ (၉) ဦးနှောက်ထဲမှာ အဆိပ်အတောက်တွေ စုပြုံလာတာကြောင့် မှတ်ဉာဏ်ပြဿနာများ၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း

▪️ (၁၀) အယ်လ်ကိုဟောနဲ့ ဆေးဝါးတွေကို ကောင်းစွာ မခြေဖျက်နိုင်တာကြောင့် ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်လာနိုင်ခြင်း

▪️ အသည်းရောဂါ ထိန်းသိမ်းကာကွယ်နိုင်မယ့် နည်းလမ်းများကတော့..

- အသည်းအတွက် အကျိုးရှိမယ့် အသီးအနှံ၊ ဟင်းရွက်၊ ဂျုံပြောင်း၊ ပရိုတိန်းများ စားသုံးခြင်း

- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း

- အယ်လ်ကိုဟော သောက်သုံးမှု ကန့်သတ်လျှော့ချခြင်း

- ရေဓာတ်ပြည့်ဝစွာနေခြင်း

- အသည်းရောင်ကာကွယ်ဆေးထိုးခြင်း

- ကိုယ်တိုင်ဆေးစပ်သောက်ခြင်းနဲ့ အကိုက်အခဲပျောက်ဆေး အလွန်အကျွံအသုံးပြုခြင်းမှ ရှောင်ရှားခြင်း

- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း

- တစ်ကိုယ်ရည်သန့်ရှင်းမှု ကျင့်ကြံခြင်း

- ကိုလက်စ်ထရောလ်များခြင်းနဲ့ ဆီးချိုရောဂါတို့ကို ထိန်းချုပ်ခြင်း

- အသည်းဆေးစစ်မှု ပုံမှန်ပြုလုပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

#Source: DoctorNDTV