Published 6 March 2024
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ကမ္ဘာအေးစေတီလမ်း ကမ္ဘာအေးစေတီမုဒ်ဦးဝ အရှေ့ တွင်ယာဥ် ၃စီး တိုက်မှု ဖြစ်ပွားကြောင်း သွားရောက်ကူညီပေးသည့် ပရဟိတအသင်းထံ မှ သိရသည်။
မတ်လ ၆ရက် မနက် ၉နာရီ ၂၀မိနစ် ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများ တွင် အသက်၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်၆နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ .လူနာ ၂ ဦးအားမြေပြင်ပြုစုပေးပြီး.လူနာများကို မြောက်ဥက္ကလာဆေးရုံ သို့ မြန်မာ့ကြယ်ဖြူ အရေးပေါ်လူနာတင်ယာဥ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 6 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ နယ်စုံမှ ခရီးသွားများလာရောက်အပန်းဖြေလေ့ရှိပြီး ရန်ကုန်တိုင်းမှ ခရီးသွားအများဆုံး လာရောက်လည်ပတ်လျှက်ရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါ ငွေတောင်ကမ်းခြေသို့လစဉ် ခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက် လည်ပတ်လေ့ရှိကာ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ ခရီးဦးရေ ၃၆,၅၅၅ လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။
ထိုသို့လာရောက်လည်ပတ်ရာတွင် ဇန်နဝါရီလကယလတူကထက်ခရီးသွား ပိုမိုဝင်ရောက်ခဲ့ပြီး သက်ဆိုင်
ရာမှလည်းခရီးသွားများ လုံခြုံစိတ်ချစွာအပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ငွေတောင်ပင်လယ်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ အပန်းဖြေသူများ၊ ရေလှိုင်းစီးသူများ၊ ကျောက်ဆောင်များတွင် အလှဓာတ်ပုံ ရိုက်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 6 March 2024
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချကိအရ သိရသည်။
မတ်လ ၆ရက် နံနက် ၆နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ကာ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇ နာရီ၃၀မိနစ်အချိန်မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာ ကားသည် စက်သုံးဆီ ဆိုင် တစ်ခုသို့ ဆီဖြည့်ရန်လာရာမှ ဆီဆိုင်အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 06 March 2024
မက္ကဆီကို ပင်လယ်ကွေ့နဲ့ ဖလော်ရီဒါ ကမ်းရိုးတန်းနာက ကောင်းကင်ထက်မှာ ထူးဆန်းတဲ့ပုံရိပ်ကို နာဆာ(NASA)ရဲ့ Terra ဂြိုဟ်တုဖြင့် ဖမ်းယူရရှိခဲ့ရာ တိမ်တွေထဲမှာ ထိတ်လန့်စရာကောင်းတဲ့ တွင်းပေါက်တွေလိုမျိုး တွေ့ရှိရပါတယ်။
ဒီလိုတွင်းတွေကို တွေ့ရှိတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကလည်း ထိုတွင်းတွေဟာ သိပ္ပံပညာရှင်များအတွက် စဥ်းစားစရာ ဖြစ်ခဲ့ပြီး ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေပါတယ်။
အခုအခါမှာတော့ ထိုတိမ်တိုက်တွေနောက်ကွယ်က ပဟေဌိတွေကို သိပ္ပံပညာရှင်များ ဖော်ထုတ်ခဲ့ကြပါတယ်။
နာဆာရဲ့ Terra ဂြိုဟ်တုဖြင့် MODIS ကိရိယာကနေ ပြီးခဲ့တဲ့လက ဖမ်းယူရရှိရာမှာ တိမ်တိုက်တွေကနေ သေချာဖြတ်တောက်ထားဟန် ရှိတဲ့ အဝိုင်းပုံသဏ္ဍာန် အစုအဖွဲ့များ တွေ့ရှိခဲ့ပါတယ်။
ထိုတွင်းတွေဟာ လေယာဥ်ပျံတွေ တိမ်တိုက်ကို ဖြတ်သန်းသွားလို့ ဖြစ်ပေါ်လာတာ ဖြစ်ကြောင်း UCAR တက္ကသိုလ်မှ သုတေသီများက လေ့လာဖော်ပြထားပါတယ်။
ထိုတိမ်တွေဟာ အလွန်အေးမြတဲ့ အရည်စက်များဖြင့် ပြည့်နေပြီး အပူချိန်ရေခဲမှတ် ဖြစ်သည့်တိုင်အောင် အရည်အခြေအနေမှာ တည်ရှိနေပါတယ်။
အလွန်အေးမြတယ်ဆိုတဲ့ အခြေအနေက ကမ္ဘာ့လေထုမှာ ပုံမှန်ဖြစ်ပေါ်နေပြီး ကမ္ဘာ့လေထုမျက်နှာပြင်ရဲ့ ၈ ရာခိုင်နှုန်းလောက်ကို ဖုံးအုပ်ထားတဲ့ အော်လ်တိုကူမြူလပ်စ်တိမ်တွေဟာ အပူချိန် ၅ ဒီဂရီဖာရင်ဟိုက်လောက်အထိ အေးမြတဲ့ အရည်အစက်များဖြင့် ဖွဲ့စည်းထားကြောင်း နာဆာက ဖော်ပြထားပါတယ်။
လေယာဥ်တွေက တိမ်တွေကို ဖြတ်သန်းတဲ့အခါ တိမ်တွင်းပေါက်တွေ ဖြစ်ပေါ်လာတယ်လို့ UCAR သိပ္ပံပညာရှင်တွေ နောက်ဆုံးမှာ သိရှိလာပါတယ်။
လေယာဥ်တွေက တိမ်တွေကို ထောင့်ကျကျဖြတ်သန်းသွားချိန်၊ ပိုမိုရှည်လျားတဲ့ ထောင့်အနေအထားကနေ ဖြတ်သန်းသွားချိန်တို့မှာ အဆိုပါတိမ်တွင်းပေါက်များ ဖြစ်ပေါ်လာပါတယ်။
Source: WION.
#World_Science
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 06 March 2024
အိန္ဒိယမီးဖိုချောင်မှာ ဟင်းခတ်အမွှေးကြိုင်တွေနဲ့ ပါဝင်ပစ္စည်း အမျိုးမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ထိုပစ္စည်းအများစုက ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများ ပါဝင်နေပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိစေတဲ့ မီးဖိုချောင်သုံး ပါဝင်ပစ္စည်းများကို ဖော်ပြလိုက်ပါတယ်။
(၁) သံလွင်ဆီ
သံလွင်ဆီကို အသုပ်တွေ၊ ခေါက်ဆွဲတွေမှာ သုံးကြလေ့ရှိပေမယ့် နေ့စဥ်ချက်ပြုတ်ရာမှာတော့ သိပ်မသုံးကြပါဘူး။
ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။
(၂) သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်က အနံ့အရသာ ပြင်းပြီး အမှုန့်ရော အခေါက်ရောအဖြစ် အသုံးပြုကြပါတယ်။
သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်၊ ကိုလက်စ်ထရောလ်ပမာဏတို့ကို လျှော့ချပေးပါတယ်။
(၃) နနွင်း
နနွင်းမှာ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူး များစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ရောင်ရမ်းဆန့်ကျင်ဓာတ်များ ပါဝင်ကာ ဒဏ်ရာများကို သက်သာစေပါတယ်။
(၄) ကြက်သွန်ဖြူ
ဗိုက်တာမင်စီ၊ ဗိုက်တာမင် ဘီ၆၊ မန်းဂနိစ်၊ ဆယ်လီနီယမ်၊ အမျှင်ဓာတ်များ ပါဝင်ကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
(၅) နို့ထောပတ်
သူ့မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတာကို သိပ်မသိကြဘဲ အိုမီဂါ၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်အေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။
အစားအစာတစ်ခုတည်းနဲ့ အာဟာရဓာတ်အားလုံး မရရှိနိုင်တာကြောင့် အာဟာရမျှတစွာ စားသုံးဖို့ အရေးကြီးပါတယ်။
Source: NDTV
#World_Health
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်ပြည်အရှေ့ပိုင်း ကျဲ့ကျန်ပြည်နယ်မြို့တော် ဟန်ကျိုးအခြေစိုက် AI ကုမ္ပဏီတစ်ခုဟာ နည်းပညာမြင့် သန့်ရှင်းရေးစက်ရုပ်ကို မိတ်ဆက်ပြသလိုက်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာတွေနဲ့ စက်မှုလုပ်ငန်း လည်ပတ်မှုတွေမှာ AI ရဲ့ နည်းပညာအသုံးဝင်ပုံကို ပြသလိုက်ပါတယ်။
#World_Technology
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 5 March 2024
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နိုင်ခြေရှိသော်လည်း ရွှေထွက်ချိန်ရောက်၍ သိပ်မတက်နိုင်ဟုဆို
၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စရပ်များကို Online Appointment စနစ်ပြောင်းလဲ ဆောင်ရွက်မည်ဟု တိုကျိုရှိ မြန်မာသံရုံးကြေညာ
၃။ ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်း ဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
၄။ အဆင့်မြင့် AIနည်းပညာဖြင့် ပေါင်းစပ်ထားသည့် သန့်ရှင်းရေးစက်ရုပ်အား တရုတ်ကုမ္ပဏီမှ မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published- 5 March 2024
ရန်ကုန်မြို့ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန့်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ ကုန်ပစ္စည်းများအား မျက်မြင်ဖွင့်ကြည့်ပြီး ဈေးနှုန်းဖြတ်ကာ တင်ဒါတင်သွင်းမှုစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းလေလံတင်ထုခွဲရောင်းချရေးကော်မတီမှ သိရသည်။
ထိုသို့ရောင်းချရာတွင် MIP၊ AWPT၊ HPT & MITT ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ Printing Paper၊ Cassia Seed၊ Fire Foam၊ Household Goods၊ JOSS Paper၊ ORO Fresh၊ Medicine၊ Marble Tile & Construction Material စသည့် ကုန်ပစ္စည်းများအား လက်ရှိအမြင်အခြေအနေတိုင်း မတ်လ ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင် ထုခွဲရောင်းချမည်ဖြစ်သည်။
တင်ဒါလျှောက်ထားလိုသူများအနေဖြင့် တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Troll Gate အနီး) ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာနတွင် မတ်လ ၇ ရက်မှ ၁၉ ရက်အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
ပို့ကုန်၊သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်းအပေါ် ပြင်ဆင်ဖြည့်စွက်ရမည့်ကာလ (၇) ရက်အစား (၁၄) ရက်အဖြစ် ဖြေလျော့သတ်မှတ်လိုက်ကြောင်းကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ(၂၉)ရက်ကတည်းကထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး မူလက ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားသူများအနေဖြင့် ဌာန၏စစ်ဆေးချက်အရ ပြင်ဆင်ရန်လိုအပ်ခြင်း၊ဖြည့်စွက်ရန်လိုအပ်ခြင်းများရှိနေပါက (၇)ရက်အတွင်းပြင်ဆင်ဖြည့်စွက်ရမည်ဖြစ်ပြီး လုပ်ငန်းရှင်မှ (၇)ရက်အတွင်းမဆောင်ရွက်နိုင်ပါက စနစ်မှAuto Cancel အလိုအလျောက်ပယ်ဖျက်မည်ဖြစ်ကြောင်းဖော်ပြထားသည်။
ယခုမတ်လ(၁)ရက်မှစပြီး ပြင်ဆင်ဖြည့်စွက်ကာလ (၇)ရက်အစား(၁၄)ရက်ရရှိပြီဖြစ်သည်ဟုဆိုသည်။
ယင်းအပြင် ပို့ကုန်၊သွင်းကုန်လိုင်စင်/ပါမစ်လျှောက် ထားမှုနှင့်စပ်လျဉ်း၍ လိုင်စင်ပါအချက်အလက်နှင့်ပြည့်စုံမှုမရှိသဖြင့် Turn Down ပြုလုပ်ကြောင်းနှင့် ဌာနမှသိရှိပြီးဖြစ်ကြောင်း တို့ကိုပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အချိန်နှင့်တစ်ပြေးညီသိရှိဆောင်ရွက်နိုင်ရေးအတွက် စနစ်မှအသိပေးခြင်း အပြင် ကုမ္ပဏီများ၏ main mamber အီးမေးလ်သို့ အကြောင်းကြားပေးပို့မည်ဖြစ်ကြောင်း အသိပေး ကြေညာထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေနဲ့ရန်ကုန်မှာ သင်တန်းသားဦးရေ(၅၀၀)၊ မန္တလေးမှာဦးရေ (၅၀၀)စုစုပေါင်း လူငယ်ဦးရေ(၁၀၀၀)ခန့်ကို ဘောလုံးကစားနည်းတွေ သင်ကြားပေးသွားဖို့ရှိတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ လူငယ်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးရဲဝင်းသူ
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိပ်စပို့ဆန်များ အဝင်နည်းနေသော်လည်း ဈေးချဝယ်ယူနေ
' ငွေဈေးကြောင့် ဆန်ဈေးက ၃၀၀၀ လောက် ချဝယ်မှ သဘော်တင်လို့ရမှာဖြစ်တဲ့အတွက် ဈေးချဝယ်လို့ အိပ်စပိုဆန်ဈေးကျတာပါ '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူများ စိတ်ပျော်ရွှင်ကြည်နူးစေရန် Summer Party Event ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Summer Party Event ပွဲတွင် မျက်လှည့်ပြပွဲ၊ ငှက်လိမ္မာလေးများနှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ တေးဂီတ ဖျော်ဖြေပွဲနှင့် K-pop Random Dance များပါဝင်မည့်အပြင် အလှဓာတ်ပုံများရိုက်ကူးနိုင်ပြီး Photo Booth အစီအစဉ်များ၊ ကလေးငယ်များပါဝင်ယှဉ်ပြိုင်နိုင်မည့် ဂိမ်းအစီအစဉ်နှင့် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ပွဲတော် ကို မတ်လ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ အပြင် လာရောက်လည်ပတ် ကြသော ပြည်သူများအတွက် ဈေးရောင်းပွဲတော်ကိုလည်း ဖွင့်လှစ်ထားပေးသွားမည် ဖြစ်ပြီး စာအုပ်အရာင်းဆိုင်များနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချပေးခြင်းများအပါအဝင် စားသောက်ဖွယ်ရာများ ရောင်းချမည့် ဈေးဆိုင်ခန်းများ ကိုလည်း ထည့်သွင်းဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည် ။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် ၁၉ဝ၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၁၈၈ နှစ် သက်တမ်းရှိပြီဖြစ်သည့် အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ်လည်းဖြစ် ကြောင်းသိရသည်။
ထို့အပြင် တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)အတွင်း အရိပ်ရသစ်ပင်ကြီးများ၊ နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ငှက်မျိုးစိတ် ၇၂ မျိုးနှင့် တွားသွား သတ္တဝါမျိုးစိတ် ၁၉ မျိုးတို့ဖြင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၆ မျိုးတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းပြုစုစောင့်ရှောက် ပြသ ထားပြီး မျိုးဆက်ပျက်သုဉ်းလုနီးပါး အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော မျိုးစိတ်များဖြစ်သည့် ဘင်္ဂလားကျားများ၊ အာရှဆင်များ၊ ကျားသစ်များနှင့် ဌက်မျိုးစိတ်များကို ပြုစုစောင့်ရှောက်ပြသထားလျက်ရှိရာ ခရီးသွားဝါသနာပါသူများနှင့် မြို့တွင်း အပန်းဖြေအနားယူကြသူများဖြင့် နှစ်စဉ် လာရောက်လည်ပတ်သူဦးရေမှာ ၁ ဒသမ ၅ သန်းခန့် ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 518 of 1697