#World_Science
Published 10 April 2025

▪️ ခံနိုင်ရည်စွမ်း အပြင်းအထန်လိုအပ်တဲ့ လေ့ကျင့်ခန်းလုပ်စဉ်မှာ ဦးနှောက်က စွမ်းအင်အတွက် အစိတ်အပိုင်းများဖြစ်ပေါ်စေကြောင်းတွေ့ရှိရပါတယ်။

▪️ ဂလူးကို့စ်ပမာဏ များစွာလျော့နည်းတဲ့အခါ အာရုံကြောဆဲလ်တွေ ချိတ်ဆက်ရာမှာ ကူညီပေးတဲ့ ဖက်တီးအလွှာ မိုင်ယလင်ကို အရေးပေါ် လောင်စာရင်းမြစ်အဖြစ် စတင်အသုံးပြုလာပါတယ်။

▪️ စပိန်မှ အာရုံကြောသိပ္ပံပညာရှင်များက မာရသွန်အပြေးသမား ၁၀ ယောက်ကို ၄၂ ကီလိုမီတာပြိုင်ပွဲ မစတင်မီနဲ့ ယှဉ်ပြိုင်ပြီးနောက်မှာ ဦးနှောက်တွေ စစ်ဆေးလေ့လာခဲ့ကြပါတယ်။

▪️ MRI ဓာတ်မှန်ရိုက်ရာမှာ အာရုံကြောအမျှင်တွေကို ဖုံးကာပေးပြီး စိတ်နဲ့ကိုယ် လှုပ်ရှားခြင်း၊ အာရုံသိရှိမှုဖြစ်စဉ်၊ စိတ်ခံစားချက် ပေါင်းစည်းခြင်းတို့မှာ အရေးပါတဲ့ မိုင်ယလင်လွှာများ သိသိသာသာ လျော့နည်းသွားတာကို မြင်တွေ့ရပါတယ်။

▪️ ဒါပေမဲ့ အပြေးပြိုင်ပွဲအပြီး ၂ ပတ်အကြာမှာတော့ မိုင်ယလင်ပမာဏက ပြန်လည်စတင်များပြားလာကာ ၂ လအကြာမှာ ပုံမှန်ပြန်ဖြစ်ပြီး ဦးနှောက်က သက်သာလာတဲ့ပုံပေါ်ပါတယ်။

▪️ ဒါဟာ မိုင်ယလင်ဇီဝဖြစ်စဉ် ရှင်သန်နိုင်စွမ်းကြောင့်လို့ သုတေသီများ ယူဆနေကြပါတယ်။

▪️ ဦးနှောက်က လောင်စာနည်းပါးတဲ့အခါ လုံးဝရပ်သွားမယ့်အစား အကာအကွယ်အလွှာအချို့ကို စားသုံးပစ်ပြီး ဆက်လက်လည်ပတ်စေပါတယ်။

▪️ ဒါကြောင့် မာရသွန်အပြေးသမားတွေ ပြေးပြီးနောက်မှာ တုံ့ပြန်မှု နှေးကွေးပြီး မှတ်ဉာဏ်ပြဿနာတွေ ခံစားရတာ ဖြစ်နိုင်ပါတယ်။

#Source: WION