#Daily_News
Published 11 February 2025
၁။ ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့် ပြည်တွင်းဈေးပါတက်လာ
၂။ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားအပါအဝင်ဘုရားဖူး ငါးသိန်းကျော်လာရောက်ဖူးမြော်
၃။ မြန်မာနိုင်ငံသားများအတွက် ဩစတြေးလျပညာသင်ဆုများခေါ်ယူနေ
၄။ စားသောက်ကုန်ဈေးနှုန်းများ ထိုးတက်နေသဖြင့် သိုလှောင်ဆန်များဖြန့်ဝေရန်ဂျပန်အစိုးရစဉ်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 11 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် သံမဏိများနဲ့ အလူမီနီယံ တင်ပို့ကုန်များအပေါ် အခွန်တင်းကြပ်ချမှတ်လိုက်ပြီးနောက် ကမ္ဘာ့ဈေးကွက်တွေ မရေမရာဖြစ်လာပြီး နာရီပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး စံချိန်တင်အတက်အကျကြမ်းခဲ့ကာ အမြတ်စွန်း လျော့နည်းသွားပါတယ်။
▪️ ရွှေတုံးဈေးနှုန်းက တစ်အောင်စလျှင် ၂၉၄၂ ဒေါ်လာကျော်သွားပြီး ထရမ့်က မတ်လ ၄ ရက်နေ့မှာ စတင်တင်းကြပ်မှာဖြစ်ကာ ပြည်တွင်းထုတ်လုပ်မှုများ မြင့်မားစေပြီး အမေရိကန်မှာ အလုပ်အကိုင်တွေ ပိုရလာစေမှာ ဖြစ်ပါတယ်။
▪️ အခွန်စည်းကြပ်နှုန်းထားတွေလည်း မြင့်တက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
▪️ ထရမ့်က ကုန်သွယ်ရေးနဲ့ ဘူမိနိုင်ငံရေးတို့မှာ စွက်ဖက်လာသဖြင့် ယခုနှစ်မှာ ရွှေဈေးနှုန်း ၁၁ ရာခိုင်နှုန်းတက်လာကာ စံချိန်တင်ဖြစ်ခဲ့ပြီး ကုန်သည်တွေက အမေရိကန် စီးပွားရေးနဲ့ ရန်ပုံငွေပေါ်လစီတို့မှာ သက်ရောက်နိုင်မယ့် အလားအလာကို အကဲခတ်နေကြပါတယ်။
▪️ အမေရိကန်ရဲ့ ရေတိုငွေကြေးဖောင်းပွမှု မျှော်မှန်းချက်က ၂၀၂၃ နောက်ပိုင်း ရေရှည်မျှော်မှန်းချက်ထက် ကျော်လွန်သွားပြီး တနင်္လာနေ့မှာ ၂.၆၄ ရာခိုင်နှုန်း ရှိလာပါတယ်။
▪️ ဒါဟာ တဖြည်းဖြည်းချင်း ပြန်လည်ပြေလျော့လာနိုင်တဲ့ အခြေအနေဖြစ်ပြီး ရွှေတုံးအတွက်တော့ ကျရိပ်ရှိလာနိုင်ပါတယ်။
▪️ ဘဏ်တွေရဲ့ စမ်းသပ်ချက်မှာ တစ်အောင်စလျှင် ဒေါ်လာ ၃ ထောင် ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး Citigroup Incက ၃ လအတွင်း ထိုနှုန်းထား ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
▪️ JP Morgan Privateဘဏ်မှာတော့ နှစ်ကုန်မှာ တစ်အောင်စလျှင် ၃၁၅၀ ဒေါ်လာဖြစ်သွားနိုင်တယ်လို့ ကမ္ဘာ့ဈေးကွက်ဗျူဟာမှူး ယုရွှမ်ထန်က ပြောပါတယ်။
▪️ ရွှေတုံးဈေးနှုန်းမြင့်တက်ခြင်းက အတိုင်းအတာကျော်သွားပြီး ရပ်တန့်သွားနိုင်ကာ အချို့သုံးသပ်သူများက ၁၄ ရက်တာ ရွှေဝယ်ယူအား များခဲ့တယ်လို့ ယူဆနေကြပါတယ်။
▪️ ရွှေအမြတ်စွန်းများလာခြင်းက ရွှေထုတ်လုပ်သူတွေရဲ့ အစုရှယ်ယာတွေ မြင့်မားလာစေပါတယ်။
▪️ တရုတ်ဗဟိုဘဏ်မှာတော့ ဈေးနှုန်းတွေ သမိုင်းတွင်မြင့်တက်နေပေမယ့် ဇန်နဝါရီအတွင်း ရွှေသိုလှောင်မှု ၃ ပုံ ၁ ပုံတိုးချဲ့ခဲ့ပါတယ်။
▪️ ဒါ့အပြင် အဓိကအာမခံကုမ္ပဏီ ၁၀ ခုကို ပိုင်ဆိုင်မှုတွေရဲ့ ၁ ရာခိုင်နှုန်းကို ရွှေတုံးအဖြစ် ရင်းနှီးမြှုပ်နှံခွင့် ပထမဆုံးအကြိမ် ခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။
▪️ ဒါဟာ ယွမ်ငွေ ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၇.၄ ဘီလီယံ)ရှိနိုင်တယ်လို့ မင်ရှန်လုံခြုံရေးကုမ္ပဏီမှ ဆိုပါတယ်။
#Source: Bangkok Post
ယခုဖေဖော်ဝါရီလကုန်ကစတင်ပြီး ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းမှာ မီးရထားခရီးစဉ်သစ်တွေပြေးဆွဲသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 February 2025
#မီးရထားခရီးစဉ်သစ် #ရန်ကုန်-မန္တလေး
#YMG/SW #Yangon_Times
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပထမအကြိမ် (MMC)စာအုပ်နှင့်ပန်းချီ အရောင်း ပြပွဲအခမ်းအနားဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 11 February 2025
#ပြည်ထောင်စုနေ့ #ပန်းချီအရောင်းပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအတွက် ဩစတြေးလျပညာသင်ဆုတွေ ခေါ်ယူနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ သိရပါတယ်။
#Local_News
Published 11 February 2025
#ဩစတြေးလျ #ပညာသင်ဆု
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်သို့တစ်လတာအတွင်း နိုင်ငံခြားသားအပါအဝင်ဘုရားဖူး ငါးသိန်းကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရပါတယ်။
#Local_News
Published 11 February 2025
#ရွှေတိဂုံစေတီတော် #နိုင်ငံခြားသားလာရောက်ဖူးမြော်
#YMG/NN #Yangon_Times
#Local_News
Published 11 February 2025
▪️ မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်ရှိ မြင်းဝန်း ရတနာဝင်း (ဒေါ်မမကြီးဝင်း ) ၌ မီးလောင်မှုတစ်ခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက်၁၁ နာရီခွဲ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ၂၈ လမ်း၊ ၈၁ လမ်းx ၈၂ လမ်းကြား ၊မြင်းဝန်း ရတနာဝင်း ( ဒေါ်မမကြီးဝင်း )တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၁နာရီ ၃၅မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးလှုပ်ခတ်နေတာကြောင့် ပြည်တွင်းရွှေဈေးပါအနည်းငယ်မြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 11 February 2025
#ကမ္ဘာ့ရွှေဈေးလှုပ်ခတ် #ပြည်တွင်းရွှေဈေးပါတက်
#YMG/NN #Yangon_Times
#Local_News
Published 11 February 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၂၁ သန်းရောင်းချပေးမည်ဖြစ်ကြောင်း ယနေ့တွင်ထုတ်ပြန်ထားသည်။
▪️ ဗဟိုဘဏ်အပါအဝင် AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ ပါဝင်သည့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ တစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်၌ သတ်မှတ်ငွေလဲနှုန်းကိုမူ သီးခြားဖော်ပြမထားခြင်း မရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 February 2025
▪️ မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့်မြန်မာနိုင်ငံသားများအရေးကိစ္စနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်သူ Mr. M. Yogasanthana Das ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၇-၂-၂၀၂၅ ရက်တွင် မြန်မာသံရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ လက်ခံတွေ့ဆုံရာတွင် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ၊ ၎င်းတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ရေးကိစ္စနှင့် မြန်မာသံရုံးနှင့် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတို့အကြား မြန်မာနိုင်ငံသားများအရေး ကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည့် အခွင့်အလမ်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ လတ်တလော၌ မလေးရှားအစိုးရက နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသူများကို ရှာဖွေဖမ်းဆီး ထိန်းသိမ်းလျှက်ရှိပြီး ထိုထဲတွင် ြမန်မာနိုင်ငံသားတချို့လည်းပါဝင်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 11 February 2025
▪️ ဖလိုရိုက်ဓာတ် မြင့်မားခြင်းက ကလေးတွေမှာ ဉာဏ်ရည်ပြကိန်း(IQ) နိမ့်ပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။
▪️ ဖလိုရိုက်ဆိုတာက သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ရေ၊ မြေကြီး၊ အပင်တို့မှာ သဘာဝအတိုင်း တွေ့ရတတ်ပါတယ်။
▪️ သွားပျက်စီးခြင်းမှ ကာကွယ်ဖို့ ထုတ်ကုန်ပစ္စည်းတွေမှာ ထည့်သွင်းသလို ဆေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။
▪️ သတ်မှတ်ထားတဲ့ ပမာဏအတွင်းမှာ ဖလိုရိုက်ဒ်ဝင်ရောက်ခြင်းက ဘေးကင်းပေမယ့် ပမာဏများသွားရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။
▪️ အမေရိကန်အစိုးရရဲ့ NTPပရိုဂရမ်က အာရုံကြောဖွံ့ဖြိုးမှုအန္တရာယ် ရှိနိုင်ခြေနဲ့ ဖလိုရိုက်ဒ် အများအပြား ထိတွေ့ခြင်းတို့ ဆက်စပ်နေနိုင်ပုံကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ အချက်အလက်များအရ ဖလိုရိုက်ဒ်ထိတွေ့မှု များပြားခြင်းနဲ့ ကလေးတွေမှာ IQနိမ့်ခြင်းတို့ကြား ဆက်စပ်မှုတွေ့ထားကြကာ ဖလိုရိုက်ဒ်ရဲ့ ခံတွင်းအကျိုးကျေးဇူးများနဲ့ ကျန်းမာရေးဆိုးကျိုးများကြား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
▪️ ကလေးတွေမှာ IQနိမ့်ပါးခြင်းက ယင်းအသက်အရွယ်တွေကြား ဦးနှောက်သိရှိနိုင်စွမ်းက သာမန်အောက်ရောက်နေတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။
▪️ ကလေးတွေမှာ IQ နိမ့်ပါးပါက အခြေခံစွမ်းရည်များ သင်ယူမှုမှာ နှောင့်နှေးခြင်း၊ ပြောဆိုဆက်ဆံရေး ခက်ခဲခြင်း၊ ရှုပ်ထွေးတဲ့ဖြစ်စဉ်တွေကို နားမလည်ခြင်း၊ နေ့စဉ်ဆုံးဖြတ်ချက်တွေမှာ အထောက်အကူလိုအပ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ သွားများအပေါက်ဖြစ်ခြင်းကို လျှော့ချဖို့အတွက် ၁၉၄၅ လောက်မှာ ဖလိုရိုက်ဒ်ကို စတင်အသုံးပြုခဲ့ကြပါတယ်။
▪️ ဆီးထဲမှာ ဖလိုရိုက်ဒ်ပါဝင်မှုက ၁ လီတာလျှင် ၁ မီလီဂရမ်နှုန်းမြင့်တက်လာတိုင်း ကလေးတွေရဲ့ IQက ၁.၆၃ မှတ် ကျဆင်းလာတယ်လို့ ဆန်းစစ်တွေ့ရှိထားပါတယ်။
▪️ ၁ လီတာလျှင် ၁.၅ မီလီဂရမ်ထက် ပိုလျှံတဲ့အခါမှာ IQသိသိသာသာ ကျဆင်းသွားတာ တွေ့ရပါတယ်။
▪️ ပိုလျှံလာတဲ့ ဖလိုရိုက်ဒ်တွေက သွားတွေ၊ အရိုးတွေ၊ တစ်ရှူးတွေမှာ စုပြုံလာပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေကာ ကလေးတွေမှာ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ပိုင်းတို့ကို ထိခိုက်လာစေတယ်လို့ အိန္ဒိယမှ ဒေါက်တာ ကာဒမ်နက်ပယ်လ်က ဆိုပါတယ်။
▪️ မိဘတွေအနေနဲ့ ကလေးတွေ သွားတိုက်တဲ့အခါမှာ ဖလိုရိုက်ဒ်ကို ထိန်းသိမ်းအသုံးပြုစေဖို့ အကြံပြုထားပါတယ်။
#Source: India Today
#World_Health
Published 11 February 2025
▪️ တစ်နေ့တာ ပြီးဆုံးချိန်မှာ အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခြင်းဟာ အလုပ်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်နဲ့ ဆက်စပ်နေပြီး လိုအပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အစည်းအဝေးတွေကြား အလုပ်တာဝန်တွေ အဆက်မပြတ် ပြောင်းလဲလုပ်ကိုင်နေရတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။
▪️ ဒီခံစားချက်ကို ဦးနှောက်မှသိမြင်နိုင်စွမ်း နွမ်းနယ်ခြင်းလို့ခေါ်ကြောင်း Enriching Live Psychologyမှ ဆေးခန်းပိုင်ရှင် ကာလီဒိုဘာက ပြောပါတယ်။
▪️ အလုပ်လုပ်သူ အများစုဟာ တစ်နေ့တာမှာ သိပ်ပြီးအရေးမပါတဲ့ တာဝန်တွေ လုပ်ဆောင်နေကြရသလို ရုံးမှာ ခက်ခဲတဲ့ အချိန်အခါအမျိုးမျိုးလည်း ကြုံတွေ့ရနိုင်ကာ ဦးနှောက်မှသိမြင်နိုင်စွမ်း နွမ်းနယ်ခြင်း ဖြစ်ပေါ်လာကြောင်း မစ္စဒိုဘာက ပြောပါတယ်။
▪️ ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း လှုပ်ရှားနေသင့်တဲ့အချိန်မှာ တစ်နေကုန် မလှုပ်မရှားဘဲ အထိုင်များတဲ့ အလုပ်လုပ်သူတွေမှာ ပိုမိုအားအင်ကုန်ခမ်းမှု ခံစားရနိုင်ပါတယ်။
▪️ ဒီအတွက်က တစ်နေ့ကို တစ်ခါနှစ်ခါလောက် လမ်းလျှောက်ပေးလို့ရတယ်လို့ ရှင်းပြပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးခြင်း၊ ရေအလုံအလောက် သောက်ခြင်းတို့ကလည်း ဦးနှောက်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
▪️ တစ်ခုရှိတာက အလုပ်တာဝန်ပြင်ပ အခြားအရာတွေ လုပ်ဆောင်တဲ့အခါမှာတော့ အားအင်ပိုရစေပါတယ်။
▪️ ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းဖြင့် စိတ်အခြေအနေ တိုးတက်စေပြီး ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။
▪️ နံနက်ခင်းမှာ သဘာဝအလင်းရောင် ထိတွေ့ခြင်းက ပုံမှန်အိပ်စက်မှုစက်ဝန်းအတွက် အရေးကြီးကြောင်း ဆေးပညာရှင် ဒေါက်တာဇက်က ပြောပါတယ်။
လုံလောက်စွာ အိပ်စက်ချိန်မရပါက အားအင်ကုန်ခမ်းနိုင်ပြီး စိတ်ရှုပ်ထွေးနေနိုင်တယ်လို့ ပြောထားပါတယ်။
▪️ အားအင်ကုန်ခမ်း ခံစားရခြင်းက ကြာရှည်လာပြီး မိမိလုပ်ဆောင်နိုင်စွမ်းတွေပါ အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင်တော့ ရောဂါနောက်ခံတစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်ပြသသင့်တယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
Page 511 of 2058