အခုလကုန်ကစပြီး မလေးရှား calling visa က ပိတ်ပြီဆိုတော့ ပွဲစားတွေက အမြန်သွားရမယ် ဘာညာနဲ့လိမ်တာတွေ ဖြစ်လာနိုင်တယ် ဒီလိုတွေမဖြစ်ဖို့ မလေးရှားကိုသွားမယ်ဆိုရင် အခုလမကုန်ခင်မှာ တရားဝင်အေဂျင်စီတွေမှာ တိုက်ရိုက်သွားပြီး သေချာစုံစမ်းပြီးမှသာ လုပ်ဆောင်ဖို့ သတိပေးချင်ပါတယ်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၁ မတ် ၂၀၂၄
ဩစတြေလျနိုင်ငံ ပြည်တွင်းခရီးစဉ်ပျံသန်းတဲ့ လေယာဉ်တစ်စီးဟာ ပျံသန်းနေရင်း နည်းပညာပြဿနာကြောင့် ပြင်းထန်လှတဲ့ ရွေ့လျားမှုကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက် ခရီးသည်တွေ ရုတ်တရက်ကြီး လွင့်စဉ်ကုန်တဲ့အတွက် ဆင်းသက်အပြီးမှာ ခရီးသည် ၅၀ ဦးကို အရေးပေါ်လူနာတင်ယာဉ်တွေက ပြုစုစောင့်ရှောက်လိုက်ရပြီး ကျန်ခရီးသည် ၁၃ ဦးကိုတော့ ဆေးရုံပို့ဆောင်လိုက် ရပါတယ်။
ဟတိုးဟုန်းစိန့်ဂျွန်းအရေးပေါ်လူနာတင်ယာဉ်အဖွဲ့က“သူတို့အဖွဲ့ဟာ အောက်ကလန်နိုင်ငံတကာလေဆိပ်မှာပြည်တွင်းခရီး သည်တင်လေယာဉ်တစ်စီး မတော်တဆမှုတစ်ခုရှိတယ်လို့ တနင်္လာနေ့ ညနေ ၃ နာရီ ၅၈ မိနစ်မှာ သိရှိရပြီး သွားရောက်ကူ ညီ ခဲ့တယ်” လို့ပြောပါတယ်။
အဲဒါကြောင့် အရေးပေါ်လူနာတင်ယာဉ် (၅)စီး၊ အကြီးစားမတော်တဆမှု ကူညီထောက်ပံ့ရေးအဖွဲ့ကားတစ်စီးနှင့် လျင်မြန် တုန့်ပြန်ယာဉ်(၂)စီးတို့ဟာ အကြီးတန်းအရာရှိများနှင့်အတူ လေဆိပ်ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။
အရေးပေါ်စောင့်ရှောက်ရေးသမားတွေဟာ လူနာ ၅၀ခန့်ကို ကုသမှုတွေပေးခဲ့ရပါတယ်။ တစ်ဦးကတော့ ပြင်းထန်တဲ့ အခြေ အနေမှာရှိပြီး အများစုကတော့ အတန်အသင့်နှင့်အနည်းငယ်ဒဏ်ရာရရှိကြသူတွေဖြစ်ပါတယ်။ ခရီးသည် ၁၃ ဦးကိုတော့ မစ်ဒဲလ်မိုး ဆေးရုံကြီးကို လူနာတင်ယာဉ်နှင့်ပို့ဆောင်ပေးခဲ့ရပါတယ်။
လေယာဉ်ဟာ ရုတ်တရက်ကြီး ကောင်းကင်ပေါ်က ပြုတ်ကျသွားတာလို့ ခရီးသည်တစ်ဦးကပြောပါတယ်။ သုံးနာရီကြာခရီးမှာ လေယာဉ်က နှစ်နာရီခန့်ပျံသန်းအပြီး ယခုလိုဖြစ်ခဲ့တာပါ။ ခရီးသည်တွေဟာ ထိုင်ခုံပေါ်ကနေ ဆွဲလွှင့်ပစ်ခံရသလို လွင့်ထွက် ကုန်ပြီး အချို့ဆို လေယာဉ်မျက်နှာကျက်နှင့် သွားရိုက်မိကြပါတယ်လို့အဆိုပါ ခရီးသည်ကပြောပါတယ်။
“ လေယာဉ်တစ်စီးလုံး အော်ဟစ်ငိုယိုကုန်ကြတယ်။ အဲဒီနောက် လေယာဉ်ဟာ နိမ့်ဆင်းလာတယ်။ကျွန်တော်တို့တော့ပြီး သွားပြီလို့ ကျွန်တော်တွေးမိနေလိုက်တယ်” လို့ ခရီးသည် ဘရီယန်ဂျိုကက်က ပြည်တွင်းမီဒီယာ တစ်ခုကိုပြောပါတယ်။
နောက်တစ်ဦးကလည်း လေယာဉ်ဟာ လေထဲမှာ ပြုတ်ကျသွားတာလို့ပြောပါတယ်။ လူတွေထိခိုက်ဒဏ်ရာရကြတယ်။ ခရီး သည် တော်တော်များများက အဲဒီအချိန် ထိုင်ခုံခါးပတ် ပတ်မထားကြဘူး” လို့ သူကဆက်ပြောပါတယ်။
လူတွေက အတော့်ကို တုန်လှုပ်သွားကြတယ် လို့သူကပြောပါတယ်။
အဆိုပါလေယာဉ်ဟာ လက်တမ်လေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပြီး ဆစ်ဒနေမှ အောက်ကလန်သို့ ပျံသန်းစဉ် ပြင်းထန်တဲ့ ရွေ့လျားမှုဖြစ်ပေါ်စေတဲ့ “ နည်းပညာ ပြဿနာ” နှင့်ကြုံတွေ့ရတာဖြစ်ကြောင်း တောင်အမေရိကန်လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ လက်တမ်လေကြောင်းက သတင်းထုတ်ပြန်ပါတယ်။
“လက်တမ်အနေနှင့် ခရီးသည်တွေ အဆင်မပြေမှုတွေနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုတွေအတွက် ဝမ်းနည်းပါတယ်။ လေကြောင်းလိုင်းရဲ့ပျံသန်းမှုဆိုင်ရ စံချိန်စံညွှန်းမူဘောင်များအတွင်းမှာ ဘေးကင်းလုံခြုံရေးကို ဦးစားပေးအဖြစ်ထားရှိတာကို လည်း ထပ်လောင်ကတိပြုပါတယ်” လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source: The Guardian
MFFမှ ဘောလုံးပညာတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ နံနက် ၇ နာရီ ၃၀မိနစ် မှ ၉ နာရီအထိ လူငယ်ဘောလုံးသင်တန်း သားတွေကို သင်ကြားပေးနေတယ်။
Yangon Times/tthl
#မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 11 March 2024
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အထက(၂) စာစစ်ဌာနမှ ဖြေဆိုခွင့်ကတ်ကျန်ခဲ့သူ ကျောင်းသူ(၁) ဦး အား အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ နေအိမ်သို့ ကူညီ၍ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဖြေဆိုခွင့်ကတ်ပြန်ယူကာကျောင်းသို့ ပြန်လည်ပို့ဆောင်ဖြေဆိုစေခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြောင်းကို အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့) East Shan State Traffic Police Facebook page၌ ဖော်ပြထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက် နံနက် (၉) နာရီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကျင်းပနေပြီဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက်မှ စတင်ကာ မတ်လ (၁၉) ရက်အထိ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးသုံးခုမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်၅၇စီးအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ) ၏ ထုတ်ပြန်ချက်အရသိရသည် ။
အဆိုပါကဲ့သို့ရောင်းချရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထိန်းသိမ်းထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် များအား ရောင်းချသွားမည်ဖြစ်ပြီး ရေယာဉ်တွေကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချသွားရန်စီစဉ်ထားကြောင်း ဆသိရသည်။
ထိုကဲ့သို့ ရောင်းချသွားမည့် ရေယာဉ်များမှာ ကော့သောင်းခရိုင်မှ (၇) စီး၊ ဘုတ်ပြင်းခရိုင်မှ (၅) စီး၊ မြိတ်ခရိုင်မှ (၁၅) စီး၊ ဖျာပုံခရိုင်မှ (၂၃) စီးနှင့် ရန်ကုန်တိုင်းဒေသကြီး၌ (၂) စီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ လျှောက်လွှာများကို မတ်လ ၈ ရက်မှ ၂၅ ရက်အထိ ရောင်းချသွားမည် ဖြစ်ပြီး နေ့စဉ်ရုံးဖွင့်ချိန်ဖြစ်သည့် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ နေပြည်တော်က ရုံးအမှတ် (၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝယ်ယူလိုသူများ အနေဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး ရေယာဉ်များ၏ မျက်မြင်အခြေအနေများကို ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅၀၀၀ ကျသင့်မည် ဖြစ်ပြီး မတ် ၂၉ ရက်၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်၌ လေလံတင်ရောင်းချသွားမည် ဖြစ်သည် ။လေလံဆွဲသူသည် ဝယ်ယူမည့် ရေယာဉ် (၁) စီးချင်းအတွက် စဘော်ငွေကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၌ Payment Order Cheque (P.O) ဝယ်ယူပြီး လေလံပွဲမတိုင်မီ မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး လေလံတင်ရောင်းချရေးကော်မတီကို တင်ပြရမည်ဖြစ်ကြောင်း၊အသေးစိတ်သိရှိလိုပါက၀၆၇-၄၁၈၅၃၁၊၀၆၇-၄၀၈၄၇၇ ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published-11 March 2024
ဗီဇာကြေးအပါအဝင်သတ်မှတ်အခွန်အခများအားပေးသွင်းသည့်အခါ ငွေပမာဏ အတိအကျကိုသာ ပေးသွင်းကြရန်ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးကထပ်မံ အသိပေးထားသည်။
ဂျပန်နိုင်ငံသားများနှင့်ဂျပန်နိုင်ငံတွင်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၌ကောင်စစ်ရေးရာကိစ္စများနှင့်ပတ်သက်၍ပေးသွင်းရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီ၂၂ရက်ကအသိပေးစာထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယနေ့နေ့စွဲဖြင့်ထပ်မံအသိပေးစာထုတ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပေးစာ၌ ဗီဇာကြေး၊ နိုင်ငံကူးလက်မှတ်စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန် စသည်တို့ပါဝင်ပြီး ၎င်းတို့အား ပေးသွင်းရာတွင် ငွေပမာဏ အတိအကျကိုသာ ပေးသွင်းကြရန်ဆိုထားသည်။
ထို့အပြင် မှားယွင်းပြီး ငွေပိုမိုပေးသွင်းခဲ့သည့် ကိစ္စရပ်များတွင် ငွေပြန်လည်ထုတ်ပေးရေးအတွက် အခက်အခဲရှိသဖြင့် သံရုံးငွေစာရင်းများအား ငွေမှားယွင်းပြီး ပိုမိုပေးသွင်းခြင်း မပြုမိစေရန် အထူးဂရုပြုဆောင်ရွက်ကြရန် လည်းသတိပေးထားသည်။
ထို့ကြောင့် မိမိပေးသွင်းရမည့် ငွေပမာဏထက် ပိုမိုပေးသွင်းမှုများနှင့် ပတ်သက်ပြီး ငွေပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်းလည်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 11 March 2024
ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ ချစ်ကြည်ရေး ဘိုးလင်းပြိုင်ပွဲအား Bao Long Bowling and Golf Sport Bar ၌ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မတ် ၉ ရက်၌ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါပြိုင်ပွဲ၌ မြန်မာသံအမတ်ကြီးက မြန်မာသံရုံးမှ ACB အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲကို တာဝန်ယူကျင်းပရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာနအတွင်းရေးမှူးချုပ်ရုံး (ACC) တို့အကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု မြှင့်တင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံ-တရုတ် တူညီသည့် အနာဂတ်အသိုက်အဝိုင်း အကောင်ထည်ဖော်ဆောင် နိုင်ရေးကိုရှေးရှု၍ ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ ပိုမိုခိုင်မြဲသည့် ဆက်ဆံရေးကို ရရှိစေနိုင်မယ်လို့ ဆိုပါတယ်။
ACB Bowling ပြိုင်ပွဲသို့ မြန်မာသံအမတ်ကြီးအပါအဝင် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာန၊ အတွင်းရေးမှူးချုပ်ရုံး (ACC) တို့မှ အဆင့်မြင့်အရာရှိကြီများ နှင့် တာဝန်ရှိသူများက တစ်သင်းလျှင် ကစားသမား (၄)ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာအိုနိုင်ငံမှ ပထမဆု၊ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဆု၊ ဖိလစ်ပိုင်နိုင်ငံမှ တတိယဆု ရရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တုရင်တောင်စွယ်တော်မြတ် စေတီအတက်/အဆင်းလမ်း တွင် ဘုရားဖူး ယာဉ်(၁)စီး တိမ်းမှောက်ကာ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက် အရသိရသည်။
မတ်လ ၁၁ရက် ၁၁နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာသတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ ယာဉ်(၂)စီး၊ Bagan Rescue အသင်းမှ အဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ စွယ်တော်မြတ်စေတီအားဖူးမျှော်ပြီး ပြန်ဆင်းလာရာ ယာဥ်ကြံ့ခိုင်မှု အားနည်းမှုကြောင့် ဘရိတ်ပေါက်ပြီး လမ်းဘေးတိမ်းချော်ပြီး ကားမှောက်သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဥ်ပေါ်တွင် ယာဥ်မောင်းအပါအဝင် ဘုရားဖူခရီးသည် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၁၃ ဦးပါရှိပြီး ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး အမျိုးသမီး ၄ ဦး ပေါင်း ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ် ၅ အရန်မီးသတ်မှ လူမှုကူညီရေးယာဥ် ၂ စီးနှင့် Bagan Rescue အသင်းပိုင် Ambulance ယာဥ် ၁ စီးတို့ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 11 March 2024
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ထိုင်းဘုရင်ကိုးကွယ်သည့်ဘုန်းတော်ကြီးနှင့် ထိုင်းဒုရဲချုပ်တို့လာရောက်ဖူးမြော်ခဲ့ကြောင်းဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ(၈)ရက်တွင်ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကိုးကွယ်သော ထိုင်းနိုင်ငံဘုန်းတော်ကြီး Somdet Phar Maharatchamongkhonlamuli Aiemsa. Ard နှင့် ထိုင်းနိုင်ငံ ဒုတိယရဲချုပ် Pol.Gen. Chinnapat Sarasinတို့ပါဝင်သော ထိုင်းကိုယ်စား လှယ်အဖွဲ့တို့ လာရောက်ဖူးမြော်ခဲ့ခြင်းဖြစ်သည်။
အဆင်ပါအဖွဲအား အလှည့်ကျသဘာပတိ ဦးအောင်မြတ် နှင့် ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်း တို့ မှ ခရီးဦးကြိုဆို၍ အဆိုပါ အဖွဲ့မှ ဆံတော်မြတ်ရတနာ ၊ ဆံတော်တိုက်ပြခန်း ၊ နန်းဦးဘုရားကြီး တို့အား ပန်း၊ရေချမ်း၊ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ရွှေသင်္ကန်းအလှူတော်ငွေကျပ် ( ၂၉၂၀၀၀/) ( ကျပ်နှစ်သိန်းကိုးသောင်းနှစ်ထောင်တိတိ) ၊ ထိုင်းဘတ် ( 38100) နှင့် US $ ( 400) အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာ ဓာတ်ပုံအား အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်ဟုဆိုသည်။
ထို့နောက် ဗိုလ်တထောင်ရောဟဏီ ဘိုးဘိုးကြီး ၊ အစ်မတော်မြနန်းနွယ် နှင့် တန်ဆောင်းအသီးသီးရှိ ဘုရားများအား လှည့်လည်ဖူးမြှော်ကြည်ညို ကြ၍ နံနက် ( ၁၀ : ၀၀) မိနစ်အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်း ဖော်ပြထားသည်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ တောင်းဆိုချက်ကို ယူကရိန်းက တနင်္ဂနွေနေ့မှာ ငြင်းပယ်လိုက်ပြီး ပုပ်ရဟန်းမင်းဟာ အမှန်တကယ် ကြားဝင်ဖျန်ဖြေသကဲ့သို့ ဆောင်ရွက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြောကြားလိုက်သလို နိုင်ငံခြားရေးဝန်ကြီးကတော့ ယူကရိန်းဟာ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူးလို့ အသိပေးလိုက်ပါတယ်။
ပဋိပက္ခတစ်ခုမှာ တစ်ဖက်ဖက်က အခြေအနေ ဆိုးရွားလာပြီဆိုရင် အလံဖြူထောင်ပြီး ညှိနှိုင်းဆွေးနွေးရဲတဲ့ သတ္တိရှိရမယ်လို့ ဖရန်ဆစ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲ ဆွေးနွေးရာမှာ အလံဖြူပြတာတွေ၊ အရှုံးပေးတာတွေ စတဲ့ အသုံးအနှုန်းများ အသုံးပြုခဲ့တဲ့ ဖရန်ဆစ်ရဲ့ ပထမဆုံးအင်တာဗျူး ဖြစ်တယ်လို့ ယူဆရပြီး အတိတ်က ဆွေးနွေးဖို့ လိုအပ်ခဲ့တဲ့ဖြစ်ရပ်ကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
ဇယ်လန်စကီက ဖရန်ဆစ်နဲ့ သူ့မှတ်ချက်စကားတွေကို တိုက်ရိုက်ရည်ညွှန်းတာ မဟုတ်ပေမယ့် ဘာသာရေးပုဂ္ဂိုလ်တွေက ယူကရိန်းအတွင်းထဲမှာ ကူညီပေးနေတယ်လို့ ဆိုလိုက်ပါတယ်။
သူတို့က ဆုတောင်းမှုတွေ၊ ဆွေးနွေးမှုတွေ၊ ကောင်းမှုကုသိုလ်တွေနဲ့ ကူညီပေးနေကြောင်း၊ ဒါဟာ ဘုရားကျောင်းနဲ့ သက်ဆိုင်သူတွေရဲ့ အလုပ်ဖြစ်ကြောင်း ဇယ်လန်စကီက မိန့်ခွန်းပြောကြားသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရိုကူလေဘာက X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာမှာ သတ္တိရှိတဲ့သူဆိုတာ အငြင်းပွားမှုတစ်ခုမှာ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ရဲရတယ်လို့ ဆိုပါတယ်။
ယင်းတို့အလံဟာ အဝါရောင်နဲ့ အပြာရောင်သာဖြစ်ပြီး အသက်သေသေ ရှင်ရှင် ဒီအလံကိုပဲ သက်သေပြုသွားမှာ ဖြစ်ကြောင်း၊ အခြားဘယ်အလံမှ ထူမှာမဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီမှ နာဇီတွေကို ပုပ်ရဟန်းမင်း ပီယပ်စ်(၁၂) မဆန့်ကျင်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ထောက်ပြလိုက်ပါတယ်။
အတိတ်က အမှားမျိုးကို ထပ်မံမပြုလုပ်ဘဲ ကျူးကျော်ခံနေရတဲ့ ယူကရိန်းနဲ့ နိုင်ငံသားတွေကို ထောက်ခံအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းမှ အရှေ့ဘက် ရိုက်ကက်သလစ် ဘုရားကျောင်း အကြီးအကဲ ဂိုဏ်းချုပ်ကြီး ဆဗီယာတိုဆလပ်ဗ်ရှက်ဗ်ရွှတ်ကလည်း ဖရန်ဆစ်ရဲ့စကားကို ငြင်းပယ်လိုက်ပါတယ်။
ယူကရိန်းအရာရှိများနဲ့ ယူကရိန်းကို ထောက်ခံတဲ့ ဥရောပအရာရှိများကလည်း ပုပ်ရဟန်းမင်းပြောကြားတာတွေကို ရှုတ်ချလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဧပြီလနောက်ပိုင်းမှာ မွေးမြူရေးဆိတ်တွေအနေနဲ့ ရောဂါဖြစ်ပွားမှုနည်းပြီး စားကျက်မြေလည်း ကောင်းမွန်တဲ့အချိန် ဖြစ်တဲ့အတွက် ဆိတ်မွေးမြူသူတွေအနေနဲ့ တိုးချဲ့မွေးမြူမှု အများဆုံးပြုလုပ်တဲ့ ကာလဖြစ်တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
"ဒီနေ့မြန်မာစာကတော့ လွယ်တယ်။ အချိန်မစေ့ခင်ပြီးလို့ထွက်လာသူတွေရှိတယ်။
မိဘတွေအနေနဲ့ကတော့ အအောင်အကျမရှိ Grate A,B,C နဲ့ခွဲမှာဆိုတာကို မသိကြောင်းနဲ့ ဒီနှစ်အတွက်စာမေးပွဲ အောင်ဖို့ သိပ်စိတ်ပူပေမယ့် အမှတ်ကောင်းကောင်းမရမှာ ဂုဏ်ထူးရမှတ်မရမှာကို စိုးရိမ်တယ်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 511 of 1697