၁၂ ဖေဖော်ဝါရီ ၂၀၂၅
ဆယ်အိမ်တန်းကမ်းခြေသို့ လာရောက်လည်ပတ်သူတွေ ယခင်ကထက် များလာပါတယ်။ရခိုင်ပြည်နယ်က ငပလီနှင့် ဧရာဝတီတိုင်းဒေသကြီးက ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်လည်ပတ်သူတွေ နည်းပါးလာပြီးနောက် ဆယ်အိမ်တန်းကိုလူအလာများလာတာပါ။
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ဆယ်အိမ်တန်းကျေးရွာကို ဖြတ်သန်းပြီး ဆယ်အိမ်တန်း ကျေးရွာနှင့် အလယ်ရွာကျေးရွာကြားတွင် ဆယ်အိမ်တန်းကမ်းခြေတည်ရှိပါတယ်။
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ် နှင့် လှိုင်သာယာ တို့မှ မော်တော်ယာဉ်ဖြင့် ဆယ်အိမ်တန်း ကမ်းခြေ သို့ နှစ်နာရီခွဲနှင့် ရောက်ရှိနိုင်ပြီး ကွမ်းခြံကုန်းမြို့ထဲမှ မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်၊
#mnm/ymg
တရုတ်နိုင်ငံအမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲရေး(NIA)က အရှေ့တောင်အာရှ အာဆီယံ ၁၀ နိုင်ငံမှ ဧည့်ခရီးသွားအဖွဲ့များကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ယူနန်ပြည်နယ်ရှိ ဆစ်ဆောင်ပနားထိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရဲ့ နာမည်ကျော်ရှုခင်းနေရာတွေသို့ ဝင်ရောက်ခွင့်ပြုသွားမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
#Asia_Travel
Published 12 February 2025
#တရုတ်ပြည်ယူနန်ရှိဆစ်ဆောင်ပနား #ဗီဇာကင်းလွတ်ခွင့်ရရှိ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 February 2025
၁။ မသန်စွမ်းသူများ ဘဝအမှီခိုကင်းစွာရပ်တည်နိုင်ရေးဆောင်ရွက်ရန်လက်မှတ်ရေးထိုး
၂။ တိုင်းရင်းသားဈေးပွဲတော်နှင့် “သွေးချင်းစုံလင် သနပ်ခါးသဘင်”ပြိုင်ပွဲ ကျင်းပနေ
၃။ ပြည်ပသို့ ဒေါ်လာသန်းတစ်ထောင်ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂သန်းကျော်တင်ပို့ထား
၄။ အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ တရုတ်ပြည်ယူနန်ရှိဆစ်ဆောင်ပနားသို့လာရောက်လည်ပတ်ပါက ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ရရှိမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြောက်ဒဂုံမြို့နယ်ရှိ (အကယ်ဒမီ) ရွှေသန့်စင်ခန်းကနေ တစ်ကျပ်သားကို 16.329325 gram စံနှုန်းနဲ့ ဒီဇိုင်းအသစ်ကို ဒီကနေ့မှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက သိရပါတယ်။
#Local_News
Published 12 February 2025
#(အကယ်ဒမီ)ရွှေသန့်စင်ခန်း #ဒီဇိုင်းအသစ်စတင်
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ် ၁၀လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေကို အမေရိကန် ဒေါ်လာသန်းတစ်ထောင်ကျော် တန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ဒသမ၂သန်း ကျော်အထိ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 12 February 2025
#ဆန်နှင့်ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
တိုင်းရင်းသားဈေးပွဲတော်နဲ့ သနပ်ခါးဈေးပွဲတော် အပါအဝင်“သွေးချင်းစုံလင် သနပ်ခါးသဘင်” သရုပ်ဖော် ပြိုင်ပွဲကို ရန်ကုန်မြို့၊ အင်းလျားလမ်းက စိမ်းလမ်းစိုပြေဥယျာဥ်မှာ သုံးရက်တိုင်တိုင်ကျင်းပနေပါတယ်။
#Local_News
Published 12 February 2025
#တိုင်းရင်းသားဈေးပွဲတော် #သွေးချင်းစုံလင် သနပ်ခါးသဘင်
#YMG/NN #Yangon_Times
မသန်စွမ်းသူများဘဝအမှီခိုကင်းစွာရပ်တည်နိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့ LOLC Myanmar Microfinance တို့ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန့်နေ့က ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 12 February 2025
#မသန်စွမ်းသူများ #ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)
#YMG/NN #Yangon_Times
#Local_News
Published 12 February 2025
▪️ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင်အသင်းပေါင်း၃၂သင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာလုပ်ငန်းမြို့ပြဌာနမှ ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီအချိန်က ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ် (၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓါတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆)သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်းအပြင် နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်းစီ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ပြိုင်ပွဲမှရရှိလာသည့်ထမနဲများကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလပြည့်နေ့)တွင် မြတ်စွာဘုရားနှင့်သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်ပြီး၊ ဘုရားအမှူးပြုသောသံဃာတော် ၆၄ ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊အလှူရှင်များအားဒါနပြုခြင်းနှင့်ခုနစ်ရက်သားသမီးများအားဝေငှကုသိုလ်ပြုခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 12 February 2025
▪️ တရုတ်ရိုးရာဆေးတွေမှာ ရာစုနှစ်တွေကြာအောင် အသုံးပြုနေတဲ့ မက်မွန်စေးဟာ အခုဆိုရင် အချက်အပြုတ်၊ အလှအပနဲ့ ကျန်းမာရေးအပိုင်းတွေမှာပါ အကျိုးကျေးဇူးရှိနေပါတယ်။
▪️ အဓိကပါဝင်ပစ္စည်းက မက်မွန်မှထုတ်တဲ့ အစေးဖြစ်ပြီး ပြင်ပဖိစီးမှုဒဏ်တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေကို သက်သာအောင် တရုတ်မက်မွန်ပင်များ အသုံးပြုကြတာ ဖြစ်ပါတယ်။
▪️ ထိုအစေးတွေ မာကျောသွားတဲ့အခါ ပယင်းရောင်ကျောက်များ ဖြစ်သွားကြပါတယ်။
▪️ ကော်လာဂျင်၊ အမိုင်နိုအက်ဆစ်၊ ဂလက်တို့စ်၊ ရမ်နို့စ်တို့ပါဝင်ပြီး တရုတ်တိုင်းရင်းဆေးလောကမှာ ဖိစီးမှု၊ ရေဓာတ်ခန်းခြောက်ခြင်းကနေစလို့ ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်းအထိ ရောဂါအမျိုးမျိုးကုသရာမှာ အသုံးပြုပါတယ်။
▪️ ယနေ့ဆိုရင် မက်မွန်စေးကို မျက်နှာကပ်ခွာများ၊ လိုးရှင်းများ၊ ဆီရမ်များမှာပါ အသုံးပြုလာကြပြီး ကော်လာဂျင်ထုတ်လုပ်မှုက အသက်အရွယ် အိုမင်းခြင်းလက္ခဏာများကို သက်သာဖို့ သုံးလာကြပါတယ်။
▪️ အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာပြီး ပါးရေတွန့်ခြင်း၊ အရေးကြောင်းပေါ်ခြင်း၊ ဆံပင်ပါးခြင်း၊ လက်သည်းကြွပ်ဆတ်ခြင်း၊ အရိုးအားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ မက်မွန်စေးမှာပါတဲ့ ပိုလီဆက်ခရိုက်ကလည်း အရေပြားအိုမင်းရင့်ရော်ခြင်းနဲ့ ဓာတ်တိုးပျက်စီးခြင်းကို ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်းမှ ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ အိုမင်းဆန့်ကျင်အာနိသင်အပြင် သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း၊ ရောင်ရမ်းမှု လျှော့ချခြင်း၊ အူလမ်းကြောင်း ကျန်းမာရေး တိုးတက်ခြင်းတို့ ပေးစွမ်းနိုင်ပါသေးတယ်။
▪️ အစားအစာအကြောင်း ရေးသားသူ ဂျက်စီကာတွမ်က မက်မွန်စေးကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ TikTokမှာ ဖော်ပြသွားပါတယ်။
▪️ မက်မွန်စေးခြောက်တွေကို ဝယ်ယူပြီး အခန်းအပူချိန်မှာ ၂၄ နာရီကြာအောင် ရေစိမ်ထားရပါမယ်။
▪️ ရေဓာတ်ရသွားတဲ့အခါ အစေးတွေက ၃-၄ဆလောက်အထိ ပွလာပါတယ်။
ဒီနောက် ရေစစ်လိုက်ရင် ဂျယ်လီလိုမျိုး ပျော့ပြောင်းသွားမှာဖြစ်ပြီး စားသုံးနိုင်ပြီ ဖြစ်ပါတယ်။
#Source: New York Post
#World_Science
Published 12 February 2025
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၄၈၀ ကျော်လောက်မှာဆိုရင် ရေဘဝဲတွေက တိရိစ္ဆာန်တွေကြားမှာ သက်တမ်းအရင့်ဆုံး အထီးအမခွဲခြား ခရိုမိုဆုန်းတွေ ပိုင်ဆိုင်ခဲ့ဖွယ်ရှိတယ်လို့ အံ့အားသင့်ဖွယ် လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ လက်တံများစွာပါတဲ့ ဆက်ဖလိုပေါ့ဒ်မျိုးနွယ်တွေမှာ အထီးအမခွဲခြား ခရိုမိုဆုန်းတွေရဲ့ ပထမဆုံး မျိုးဗီဇအထောက်အထားကို အော်ရီဂွန်တက္ကသိုလ်မှ သုတေသီများ လေ့လာဖော်ပြခဲ့ကြပါတယ်။
▪️ ဒီမတိုင်ခင်အထိ ရေဘဝဲတွေမှာ အထီးအမခွဲခြား ခရိုမိုဆုန်းတွေ ရှိမရှိတောင် မသေချာခဲ့ပါဘူး။
▪️ ဥဥတဲ့သတ္တဝါတွေနဲ့ သုတ်ပိုးထုတ်တဲ့ သတ္တဝါတွေကို ခွဲခြားစောင့်ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။
▪️ သုတေသီအချို့ဆိုရင် ရေဘဝဲလို မျိုးနွယ်တွေဟာ ငါးတွေနဲ့ တွားသွားသတ္တဝါတွေလိုမျိုး ပတ်ဝန်းကျင် အခြေအနေများပေါ် အခြေခံကာ အထီးအမခွဲခြားကြတယ်လို့တောင် သုံးသပ်နေကြပါတယ်။
▪️ မျိုးဗီဇအချက်အလက် အပြည့်အစုံ ပထမဆုံးတွေ့ထားတဲ့ ကယ်လီဖိုးနီးယား အစက်ပြောက် ၂ ခုရေဘဝဲမျိုးမှာ မျိုးဗီဇချိတ်ဆက်လေ့လာခြင်းဖြင့် အထီးနဲ့ အမခွဲခြားနိုင်တဲ့ ခရိုမိုဆုန်း-၁၇ကို ထင်ရှားစွာ တွေ့ခဲ့ကြပါတယ်။
▪️ ရေဘဝဲမတွေက အဆိုပါခရိုမိုဆုန်း တစ်ခုသာပိုင်ဆိုင်ပြီး အထီးတွေကတော့ Zနှစ်ခုတစ်စုံ ပိုင်ဆိုင်ပါတယ်။
▪️ ဆက်ဖလိုပေါ့ဒ်မျိုးစိတ် အမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြရာမှာ အဆိုပါ Zခရိုမိုဆုန်းစနစ်က ဆင့်ကဲပြောင်းလဲရာ မျိုးရိုးမှာ အတော်လေးဆက်စပ်နေတာ သေချာတွေ့ရှိခဲ့ကြပါတယ်။
▪️ ဒါကြောင့် ဆက်ဖလိုပေါ့ဒ်တွေဟာ သတ္တဝါလောကမှာ သက်တမ်းအကြာဆုံး အထီးအမခွဲခြား ခရိုမိုဆုန်းတွေ ပိုင်ဆိုင်ဖွယ်ရှိပြီး နှစ်ပေါင်းသန်း ၄၅၀ လောက်သက်တမ်းရှိတဲ့ အင်းဆက်များထက်ပင် ပိုနိုင်တယ်လို့ ယူဆနေကြပါတယ်။
#Source: WION
#World_News
Published 12 February 2025
▪️ အမေရိကန်အေဂျင်စီများ အနေနဲ့ ထိပ်သီးအကြံပေးပုဂ္ဂိုလ် အီလွန်မက်စ်နဲ့အတူ အနီးကပ်လုပ်ဆောင်သွားကာ အလုပ်ထုတ်ပယ်လို့ရနိုင်တဲ့ အစိုးရဝန်ထမ်းများနဲ့ လုံးဝဖယ်ရှားလို့ရမယ့် လုပ်ငန်းဆောင်တာများကို ဖော်ထုတ်သွားပြီး အစိုးရလုပ်သားအင်အား လျှော့ချဖို့ အားထုတ်သွားရန် သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ညွှန်ကြားလိုက်ပါတယ်။
▪️ ဘီလျံနာအီလွန်မက်စ်က အိမ်ဖြူတော်ရှိ အိုဗယ်လ်ရုံးခန်းမှာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေနေတာကြည့်ပြီး ယင်းက ထရမ့်အစိုးရအဖွဲ့ရဲ့ ဝန်ထမ်းလျှော့ချရေးမှာ ဦးဆောင်နေတယ်ဆိုတာ မြင်တွေ့နေရပါတယ်။
▪️ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ ဖက်ဒရယ် ဗျူရိုကရေစီ မရနိုင်ပါဘူး။ ပြည်သူတွေ လိုလားတဲ့စနစ်ရှိဖို့ လိုအပ်ပါတယ်" လို့ မက်စ်က ပြောပါတယ်။
▪️ မက်စ်နဲ့ အစိုးရလျှော့ချထိရောက်ရေးအဖွဲ့ (DOGE)တို့ ကြီးကြီးမားမား လျှို့ဝှက်လုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်ချက်များကို မက်စ်က ပြန်လည်ချေပခဲ့ပါတယ်။
▪️ DOGEဟာ လုံးဝလျှို့ဝှက်လုပ်ဆောင်နေတာ ဖြစ်ပြီး ဘယ်သူတွေ ခန့်အပ်ထားတယ်၊ ဘယ်မှာလုပ်ဆောင်နေတယ်၊ အစိုးရအေဂျင်စီများအတွင်း ဘာတွေလုပ်ဆောင်တယ် ဆိုတာတွေကို မဖော်ပြထားပါဘူး။
▪️ အင်္ဂါနေ့ကအမိန့်ဟာ အမေရိကန်အစိုးရကို ထရမ့်ပေါ်လစီအတိုင်း ဝန်ထမ်းလျှော့ချသွားရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေထဲမှာ နောက်ဆုံးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
▪️ ဝန်ထမ်းအများအပြားကို မက်လုံးပေးနုတ်ထွက်စေခြင်း၊ အစိုးရဝန်ထမ်းတွေမှာ အရပ်သားဝန်ဆောင်မှု ကာကွယ်ရေး ဖယ်ရှားရန်ကြိုးပမ်းခြင်း၊ အစိုးရအေဂျင်စီအချို့ ပိတ်သိမ်းခြင်းတို့ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
▪️ အစိုးရအေဂျင်စီများအနေဖြင့် ထွက်ခွာသွားတဲ့ ဝန်ထမ်း ၄ ဦးမှာ တစ်ဦးနှုန်းထက်ပိုပြီး အလုပ်ခန့်အပ်ခြင်းမပြုရန် ညွှန်ကြားထားပြီး လုပ်သားအင်အား အများအပြားလျှော့ချရေးနဲ့ ဘယ်လိုဌာနတွေ လုံးဝဖယ်ရှားနိုင်မလဲဆိုတာ ဆုံးဖြတ်ခြင်းအတွက် မက်စ်ရဲ့အဖွဲ့နဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
▪️ အီလွန်မက်စ်က အစိုးရအဖွဲ့အတွင်း လိမ်လည်ခြင်းနဲ့ အလေအလွင့်ဖြစ်ခြင်းကို ရှာဖွေပြီး ဒေါ်လာ ၁ ထရီလီယံ ထိန်းသိမ်းရရှိရန် ထရမ့်နဲ့ နေ့တိုင်းနီးပါး ပြောဆိုနေပါတယ်။
#Source: Reuters
ဂျပန်အစိုးရက ဈေးနှုန်းများ အဆက်မပြတ်တက်နေခြင်းကို ဖြေရှင်းဖို့အတွက် သိုလှောင်ဆန်များ စောစီးစွာထုတ်ဝေဖို့စဉ်းစားနေကြောင်း လယ်ယာဝန်ကြီး တာကူအီတိုက သောကြာနေ့မှာ ပြောပါတယ်။
#Asia_News
Published 11 February 2025
#စားသောက်ကုန်ဈေးနှုန်းတက် #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
Page 510 of 2058