တရုတ်စီးပွားရေးနှင့် စက်မှုကဏ္ဍအမျိုးမျိုးတွင် လူထိန်းရန်မလိုသော ယာဥ်ပျံများအသုံးပြုလာကာ စီးပွားရေးတိုးတက်မှုအထောက်အကူဖြစ်လာနေ
တရုတ်ပြည်ရှိ ကဏ္ဍအမျိုးမျိုးမှာ လူထိန်းရန်မလိုသောယာဥ်ပျံ (UAV)များကို အများအပြား သုံးစွဲလာကြပြီး တိုင်းပြည်ရဲ့ အနိမ့်ပျံကဏ္ဍစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီထောက်ပံ့ပေးနေပါတယ်။
#Asia_Development
Published 12 March 2024
#တရုတ်စီးပွားရေး #ယာဥ်ပျံများအသုံးပြု
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 12 March 2024
၁။ တရုတ်သို့ တရားဝင်လုပ်သားစေလွှတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဟုဆို
၂။ သင်္ကြန်ကာလ ဗုဒ္ဓဂါယာခရီးစဉ်အတွက် ရက်တိုခရီးသွားလာရန် အော်ဒါများပြား၊ ဒေါ်လာဈေးကျပါက ပိုသွားလာနိုင်
၃။ အနုပညာအထက်တန်းကျောင်းမှ အနုပညာဝါသနာပါသည့် ကျောင်းသားသစ်များခေါ်ယူနေ
၄။ တရုတ်စီးပွားရေးနှင့် စက်မှုကဏ္ဍအမျိုးမျိုးတွင် လူထိန်းရန်မလိုသော ယာဥ်ပျံများအသုံးပြုလာကာ စီးပွားရေးတိုးတက်မှုအထောက်အကူဖြစ်လာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၂ မတ် ၂၀၂၄
ဘန်ကောက်, မတ် ၁၂ (ရိုက်တာ)- ထိုင်းနိုင်ငံရဲ့ အတိုက်အခံ ရှေ့သို့ချီပါတီ Move Forward party ကို ဖျက်သိမ်းပစ်ဖို့ တရားရုံး ကို တောင်းဆိုမယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့မှာပြောကြားပါတယ်။ နိုင်ငံရဲ အုပ်ချုပ်ရေးစနစ်ကို အဟန့် အတားလုပ်ကာ ဘုရင်စနစ်ကို စော်ကားမှုကိုဆန့်ကျင်တဲ့ ဥပဒေကို ပြင်ဖို့ ပါတီရဲ့ လှုံ့ဆော်စည်းရုံးမှုတွေအပေါ် စိုးရိမ်ပူပန်မှု ကြောင့် ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အဆိုပါပါတီဟာ ဘုရင်စနစ်ကိုစော်ကားသူတွေအပေါ် အရေး ယူတဲ့ ဥပဒေကို ပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်တာဟာ အခြေခံဥပဒေကိုဖောက်ဖျက်ကျူးလွန်တာဖြစ်တယ်လို့ အမိန့်ချခဲ့ပြီး နောက် ယခု လိုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။
ပါတီရဲ့ အဆိုပြုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၁၂ ပြင်ဆင်ချက်ဟာ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်ဆီးပစ်ဖို့ ကြိုးစားတာဖြစ်ကြောင်းတွေ့ရှိရတယ်လို့ အခြေခံဥပဒေခုံရုံးက အမိန့်ချခဲ့တာပါ။
“ ဒါဟာ ဘုရင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ထားရှိတဲ့ ဒီမိုကရက်စီစနစ်ကို Move Forward party ပါတီက အနှောက်အယှက် ပြုတဲ့ အထောက်အထားပဲဖြစ်တယ်” လို့ အင်္ဂါနေ့(မတ်၁၂)မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
“ ရွေးကောက်ပွဲကော်မရှင်ဟာ အခြေခံဥပဒေတရားရုံးရဲ့ စီရင်ချက်ကို သုံးသပ်လေ့လာစဉ်းစားပြီးတဲ့နောက် Move Forward party ပါတီကို ဖျက်သိမ်းပေးဖို့ အခြေခံဥပဒေတရားရုံးကို တောင်းဆိုဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
တကယ်လို့သာ ပါတီဖျက်သိမ်းခံရရင် ပါတီရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအလုပ်တွေကနေ ၁၀နှစ်တိတိ အပိတ်ခံရမှာ ဖြစ်ပါတယ်။
Move Forward ပါတီကတော့ သူတို့ဟာ စည်းမျဉ်းခံဘုရင်စနစ်ကိုပိုမိုအားကောင်းလာဖို့နှင့် ဥပဒေကို အလွဲသုံးစားလုပ်တာ တွေ တားဆီးပေးဖို့ပဲ ရည်ရွယ်တာဖြစ်တယ်လို့စောဒကတက်ထားပါတယ်။
“ ကျွန်တော်တို့အနေနှင့် ဘုရင်က နိုင်ငံ့ခေါင်းဆောင်အဖြစ်ရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖြိုလှဲပစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး” လို့ အဲဒီ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ရိုးသားမှုကို တရားရုံးမှာ ပြသမှာပါ” လို့သူကဆက်ပြောပါတယ်။
Move Forward ပါတီက အမွေဆက်ခံယူခဲ့တဲ့ ယင်းအရင်ပါတီဖြစ်တဲ့ Future Forward ဟာ အလားတူမူဝါဒတွေရှိခဲ့ပြီး ပါတီ ရန်ပုံငွေစည်းမျဉ်းဖောက်ဖျက်မှုနှင့် ၂၀၂၀ပြည့်နှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။
Source: Bangkok Post
@ymg/knl
၁၂ မတ် ၂၀၂၄
ဝါရှင်တန်, မတ် ၁၁ (ရိုက်တာ)- အမေရိကန်နိုင်ငံသည် အင်အားကြီးနိုင်ငံယှဉ်ပြိုင်မှု၊နိင်ငံဖြတ်ကျော်စိန်ခေါ်မှုများနှင့် ဒေသ ဆိုင်ရာပဋိပက္ခများကြောင့် ပို၍ပို၍ကျိုးပျက်လွယ်လာသည့် ကမ္ဘာ့အစီအစဉ်နှင့် ရင်ဆိုင်နေရကြောင်း အမေရိကန် ထောက် လှမ်းရေးအေဂျင်စီတွေက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက ကွန်ဂရက် သို့ တင်ပြသည့် အစီရင်ခံစာထဲမှာ ယင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်။
“ ရည်မှန်းချက်ကြီးပေမယ့် စိုးရိမ်တကြီးဖြစ်နေတဲ့တရုတ်၊ ထိပ်တိုက်ရင်ဆိုင်နေတဲ့ရုရှားနှင့် အီရန်လို့အချို့သော ဒေသဆိုင်ရာ အင်အားကြီးတွေနှင့် ပိုပြီးစွမ်းဆောင်နိုင်ကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ နှစ်ရှည်လများအုပ်ချုပ်လာတဲ့ နိုင်ငံတကာ စနစ်ကိုရော အဲဒီစနစ်အတွင်းက အမေရိကန်ရဲ့ အဓိကကျနေမှုကိုရော စိန်ခေါ်နေကြတယ်” လို့ အဆိုပါအေဂျင်စီ များရဲ့ ၂၀၂၄ခုနှစ် နှစ်ပတ်လည် ခြိမ်းခြောက်မှုအကဲဖြတ်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ အမေရိကန်ရဲ့ အကြီးမာဆုံးပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နှင့်ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ကျယ်ပြန့် စွာ အာရုံစိုက်ထားပါတယ်။ ယင်းအပြင် ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်အပြီး (၂)နှစ်ကျော်ကြာ အခြေအနေ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုစကတည်းက ဂါဇာတွင် အစ္စရေးရဲ့ ဟားမာ့းစ်တို့အပေါ် စစ်ဆင်နေမှုနှင့်ဆက်စပ်လာတဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေရဲ့ အန္တရာယ်တွေကိုလည်း အစီရင်ခံစာမှာ အလေးပေးဖော်ပြထားပါတယ်။
ရုရှားက ယူကရိန်းမှာစစ်ပွဲဆင်နွှဲတဲ့အခါ တရုတ်နိုင်ငံဟာ ရုရှားရဲ့ စက်မှုအခြေစိုက်လုပ်ငန်းတွေကို ထောက်ခံအားပေးခြင်းဖြင့် ရုရှားကို စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ အကူအညီတွေပေးနေတယ်လို့လည်း အစီရင်ခံစာကဆိုပါတယ်။အဲဒီအပြင် တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ယခုနှစ်ရွေးကောက်ပွဲအပေါ် လွှမ်းမိုးဖို့ကြိုးစားတဲ့အနေနှင့် နည်းပညာတွေသုံးလာနိုင်တယ် လို့လည်း အစီရင်ခံစာက သတိပေးထားပါတယ်။
“ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို တရုတ်က အဆင့်တစ်ခုအထိ လွှမ်းမိုးဖို့ကြိုးစားကောင်းကြိုးစားနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ဟာ တရုတ်ဝေဖန်သူတွေကို ဘေးပို့ပြီး အမေရိကန်ရဲ့ လူမှုအကွဲအပြဲတွေကို ပုံကြီးချဲ့လိုတဲ့ ဆန္ဒရှိနေတယ်” လို့ အစီရင်ခံစာကရေးသားပါတယ်။
ဆီးနိတ်ရဲ့ ထောက်လှမ်းရေးကော်မတီကို တင်သွင်းတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး အက်ဗရီ ဟိန်းစ်ရဲ့ အစီရင်ခံစာမှာ အမတ်တွေအနေနှင့် ယူကရိန်းကို စစ်ရေးအကူအညီအထောက်အပံ့ပိုပေးရေးကိစ္စ အတည်ပြုပေးကြဖို့လည်း သူမက တောင်းဆိုထားပါတယ်။ အမေရိကန်ရဲ့ အကူအညီမရှိဘဲနှင့် ရုရှားဆီက ပြန်သိမ်းထားတဲ့ ယူကရိန်းနယ်မြေကို သူတို့အနေနှင့် ဘယ်လိုထိန်းထားမလဲဆိုတာ မစဉ်းစားတတ်ဘူး” လို့လည်း သူမကပြောပါတယ်။
ယူကရိန်းစစ်ပွဲစကတည်းက တရုတ်နှင့်ရုရှားအကြား ကုန်သွယ်ရေးတွေတိုးတက်လာနေတာကိုလည်း အစီရင်ခံစာက သတိပြု ရေးသားထားပါတယ်။ ၂၀၂၂ခုနှစ်ကစပြီး စစ်ရေးသုံးပစ္စည်းတွေဖြစ်နိုင်တဲ့ တရုတ်ပစ္စည်းတွေ တင်ပို့မှုဟာ သုံးဆကျော်မြင့် တက်လာတယ်လို့လည်း ဆိုပါတယ်။
စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းကလည်း ဟိန်းစ်လိုပဲ ပြောပါတယ်။ ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးခြင်း ဟာ တိုင်ဝမ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်လို့ ရန်လိုနေတဲ့ တရုတ်ကို သတင်းစကားပါးတာမျိုးဖြစ်လိမ့် မယ်လို့ သူက ပြောပါတယ်။
“ (တရုတ်ခေါင်းဆောင်) ရှီကျင့်ဖျင်ဟာ ယူကရိန်းအနေနှင့် သတ္တရှိရှိကြံ့ကြံခံခံ ခုခံလိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။ သူက အခု အပိုးသတ်လိုက်တယ်လို့ ကျွန်တော်တို့ အကဲဖြတ်ထားတယ်” လို့ ဘန်းကပြောပါတယ်။
ဂါဇာက အစ္စရေးနှင့် ဟားမာ့စ်တို့ရဲ့ ပဋိပက္ခဟာ ကမ္ဘာလုံးဆိုင်ရာ မလုံခြုံမှုအဖြစ် ကူးစက်သွားနိုင်တယ်လို့ ဟိန်း(စ်)က စိုးရိမ်ပူပန်နေတယ်။ “ ဂါဇာက ပဋိပက္ခဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ ကျယ်ပြန့်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးမှုရှိနေနိုင်တယ် ဆိုတဲ့ ပြယုဒ်တစ်ခုဖြစ်တယ်”
အောက်တိုဘာ ၇ရက် ဟားမာ့စ်တို့ တိုက်ခိုက်မှုပြီးကတည်းက အစ္စလမ်မစ်အုပ်စုတွေနှင့် အခြားသော နိုင်ငံခြားစစ်သွေးကြွ တွေက အမေရိကန်တွေအပေါ်ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့လည်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ခရစ်စတိုဖာ ရေး ကပြောကြားလိုက်ပါတယ်။
Source Reuters
@ymg/knl
#Local_News
Published 12 March 2024
ဖေ့ဘွတ်စ် Messenger မတ်ဆင်ဂျာတွင် လုံခြုံရေးစနစ်အရဇော်ဂျီစာသားမှ ယူနီကုတ်စာသားအဖြစ် အလိုအလျောက် မပြောင်းပေးတော့ဘူးဟု Messenger မှ ယနေ့မတ်လ(၁၂)ရက်၌ ထုတ်ပြန်လိုက်သည်။
ယင်းကဲ့သို့မပြောင်းပေးနိုင်သည့်အတွက် ဖုန်း၏ ဘာသာစကားဆက်တင်များတွင် မြန်မာဘာသာ (ယူနီကုတ်) အသုံးပြုရန် ပြင်ဆင်ထားခြင်း မရှိသေးပါက ပေးပို့သော မက်ဆေ့များသည် အခြားသူများထံတွင် မှန်ကန်စွာပေါ်မည် မဟုတ်သည့်အပြင် အခြားသူများမှ ပေးပို့လာသည်များကိုလည်း အလုံးစုံ ဖတ်ရှု၍ မရခြင်းများ ရှိနိုင်သဖြင့်ဖုန်းဘာသာစကားဆက်တင်များကိုမြန်မာဘာသာ (ယူနီကုတ်)ဖြစ်အောင်ပြင်ဆင်ရန် တိုက်တွန်းထားသည်။
ထုတ်ပြန်ချက်တွင် Messenger ပေါ်တွင် အလုံးစုံ လျှို့ဝှက်စနစ်ဖြင့် သင့်မက်ဆေ့များကို သီးသန့်ပိုဆန်ပြီး ပိုမိုလုံခြုံစိတ်ချရစေရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။ အလုံးစုံ လျှို့ဝှက်စနစ်သည် သင့်မက်ဆေ့များနှင့် ခေါ်ဆိုမှုများတွင် ထပ်ဆောင်းဘေးကင်းလုံခြုံရေးနှင့် ကာကွယ်မှုကို ထည့်သွင်းပေးသည့်အတွက် သင်နှင့် သင်စကားပြောနေသူသာ ၎င်းမက်ဆေ့တို့ကို မြင်နိုင်၊ ကြားနိုင် သို့မဟုတ် ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း၊
မြန်မာနိုင်ငံအတွက် Messenger တွင် အလုံးစုံ လျှို့ဝှက်စနစ်ကို အကောင်အထည်ဖော်ပြီးသည်နှင့် မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက် စာသား ပြောင်းလဲခြင်းကို Messenger ပေါ်တွင် ထောက်ပံ့ပေးတော့မည် မဟုတ်ပါကြောင်း၊
ဆိုလိုသည်မှာ သင့်ဖုန်း၏ ဘာသာစကားဆက်တင်များတွင် မြန်မာဘာသာ (ယူနီကုတ်) အသုံးပြုရန် ပြင်ဆင်ထားခြင်း မရှိသေးပါက သင်ပေးပို့သော မက်ဆေ့များသည် အခြားသူများထံတွင် မှန်ကန်စွာပေါ်မည် မဟုတ်သည့်အပြင် အခြားသူများမှ ပေးပို့လာသည်များကိုလည်း သင်အလုံးစုံ ဖတ်ရှု၍ မရခြင်းများ ရှိနိုင်ကြောင်း၊
သင့်ဖုန်း၏ ဘာသာစကားဆက်တင်များကို မြန်မာဘာသာ (ယူနီကုတ်) အသုံးပြုဖို့ ပြင်ဆင်ရန် ကျွန်ုပ်တို့ အကြံပြုသလို သင့်သူငယ်ချင်းများနှင့် မိသားစုကိုလည်း သူတို့၏ ဖုန်း ဘာသာစကားဆက်တင်များကို ပြင်ဆင်ဖို့ တိုက်တွန်းရန် ကျွန်ုပ်တို့ အကြံပြုကြောင်းနှင့်
သင်၏ ဘာသာစကားဆက်တင်များကို မြန်မာဘာသာ (ယူနီကုတ်) အဖြစ် သတ်မှတ်ထားသော်လည်း မြန်မာဘာသာ (ဇော်ဂျီ) ကို အသုံးပြုနေသည့် အခြားသူများထံမှ မက်ဆေ့များကို ရရှိသည့်အခါ သူတို့ပေးပို့သည့် စာသားအားလုံးကိုလည်း သင်ဖတ်ရှုနိုင်မည်မဟုတ်ကြောင်း သိမှတ်ထားပေးရန်ထုတ်ပြန်ထားသည်။
ယင်းအပြင်မှတ်ချက် - အလိုအလျောက် စာသား ပြောင်းလဲခြင်းကို Facebook တွင် ရရှိနိုင်ပါသေးကြောင်းလည်းဖော်ပြထားသည်။
#Local_News #မတ်ဆင်ဂျာ #အော်တိုမပြောင်းပေးတော့ဟုထုတ်ပြန် #tthl #Yangon_Times
#Local_News
Published 12 March 2024
အာဆီယံသဘောတူညီချက်အရ တာချီလိတ်တွင် လေထုညစ်ညမ်းစေသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များမထွက်အောင် ကာကွယ်ထိန်းချုပ်ရန်ရှိကြောင်း သိရသည်။
ယင်းသို ကာကွယ်ထိန်းချုပ်သွားမည့်အကြောင်းကိုနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ ထည့်သွင်းပြောခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက "မီးလောင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့်အပြင် လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည့်အတွက် တောမီးကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေးစွန့်ပစ်အမှိုက်များကို မီးမရှိဘဲသဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်းတောင်ယာမီးရှိုခြင်းကို အခြားစိုက်ပျိုးရေးနည်းစနစ်များဖြင့် အစားထိုးအသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးအရေးကြီးကြောင်း၊
လေထုအရည်အသွေးညွှန်းကိန်းများအရ ခရမ်းရောင်အဆင့်နှင့် ကြက်သွေးရောင်အဆင့်သည် ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်သည့်အတွက် မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှု Fire Hotspot များမဖြစ်ပေါ်စေရန် ကာကွယ်ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ မီးခိုးမြူငွေ့များသည် လေတိုက်ခတ်မှုလမ်းကြောင်းပေါ်မူတည်၍ နိုင်ငံနယ်နိမိတ်ကျော်လွန်လေ့ရှိသဖြင့် ဒေသတွင်းနိုင်ငံများ၌ ကြိုးစားထိန်းချုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းတရုတ်နိုင်ငံနှင့်လည်း တောမီးကာကွယ်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများကိုဖော်ထုတ်၍ ကြိုတင်ကာကွယ်ခြင်း၊ ဒေသခံများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ပြဿနာကို ထိန်းချုပ်ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း " ပြောကြားခဲ့သည်။
ယင်းအပြင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်တို့သည် တာချီလိတ်မြို့နယ်တာလေမြို့ နားယောင်းကျေးရွာအုပ်စုရှိ ဓာတ်သတ္တုလုပ်ကွက်များသို့ ရောက်ရှိခဲ့သည်။
ဓာတ်သတ္တုများ တူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် Responsible Mining ဖြစ်စေရေး၊ တရားမဝင်သတ္တုတူးဖော်မှုများမရှိအောင် ကာကွယ်တားဆီးရေး၊ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရေးမှာကြားခဲ့ပြီး သတ္တုအလေအလွင့်မဖြစ်စေရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရေး Carbon In Pulp (CIP) စက်ရုံတွင် လည်ပတ်ဆောင်ရွက်နေမှုနှင့် ဓာတ်သတ္တုလုပ်ကွက်များအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#Local_News #လေထုညစ်ညမ်းစေသည့်မီးခိုးမြူငွေ့ #တာချီလိတ် #tthl #Yangon_Times
'မနရွာမှာနွံကန်ပြိုတာပါ၊ လူဘယ်လောက်နစ်နေလဲအတိအကျတော့မသိပါဘူး၊မနက်ကတော့တယောက်ဆွဲထုတ်လာတယ်၊အခုကယ်ဆယ်ရေးတွေဆက်လုပ်နေတယ် '
#Local_News
Published_ 12 March 2024
#နွံကန်ပြိုကျ #လူဆယ်ချီထက်မနည်းပျောက်ဆုံး
#YMG/NN #Yangon_Times
ရွှေမဉ္ဇူ အင်းတော်ကြီး ရေလယ်ဘုရားပူဇော်ပွဲ မတ်လ (၁၇)ရက်မှ(၂၄)ရက်တပေါင်းလပြည့်နေ့အထိကျင်းပဖိုရှိတယ်။ ပွဲတော်ရက်မှာ ပလတ်စတစ်အမှိုက်ကို ရေထဲပစ်လိုက်ပါက ငါးကစားမိပြီး ငါးကိုလူကပြန်စားမိတဲ့အခါမှာ သားဆက်ခြားသွားပြီး ကလေးရရန်ခက်ခဲတာနဲ့ သွေးကြောလေကြော ခြောက်ခမ်းတဲ့ဆိုးကျိုးတွေဖြစ်စေနိုင်လို့ ပလတ်စတစ် အမှိုက်တွေရေထဲမပစ်ဖို့ လိုအပ်တယ်။
အင်းသန့်မွန် ပရဟိတအဖွဲ့ဥက္ကဌ
#Local_News
Published_ 12 March 2024
#အင်းတော်ကြီးဘုရားပွဲ #ပလတ်စတစ်အမှိုက်
#tthl #Yangon_Times
#Local_News
Published 12 March 2024
ရန်ကုန်တိုင်း သာကေတမြို့နယ်နေ အသက်၈၅နှစ်အရွယ် အဖွားအိုတစ်ဦးမှာ မျက်စေ့လည်ကားစီးမှားပြီး နေအိမ်သို့ မပြန်တတ်တော့သဖြင့် ပရိဟိတ အသင်းများက ကူညီ စုံစမ်းပေးကာ နေအိမ်သို့ ပြန်ပို့ပေးခဲ့ရကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံက သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၀ရက် ည ၉နာရီ ၃၅ မိနစ်ခန့် က အသက် ၈၅ နှစ် အရွယ် အဖွား မှာ မျက်စေ့လည် ကားမှားစီး ပြီး ထောက်ကြံလမ်းဆုံ သို့ရောက်ရှိ နေသဖြင့် ပြည်သူတစ်ဦးကလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရန်ကုန်(YRO)ကိုအကြောင်းကြားရမှ ကူညီ ပေးခဲ့နိုင်ကြောင်း သိရသည်။
"YRO အတွင်းရေးမှူး ဦးတာက ချိတ်ဆက်လာတယ် အသက်၈၅ နှစ်အရွယ်အဖွားတစ်ဦးမျက်စိလည်ပြီး ထောက်ကြံလမ်းဆုံကို ရောက်နေတယ်ဆိုတော့ အဲ့အဖွားကိုသွားခေါ်ပြီး ဘယ်မှာနေလဲမေးကြည့်တော့ သာကေတမြို့နယ်လို့တော့ သူပြောတယ် မှတ်ဥာဏ်ကလည်း အားနည်းတော့ သာကေတ မြို့နယ်ပဲမှတ်မိတယ် တော်တော်ကြာမေးကြည်တော့မှ ခုနှစ်လို့ပြောတယ် ၇ရပ်ကွက် လား၇လမ်းလားဆိုတာ မသိဘူး။
ဒါနဲ့ခုနှစ်ပဲပြောနေတာနဲ့ သာကေတမြို့နယ်က လူမူကူညီရေးအသင်း အချို့နဲ့ချိတ်ဆက်ပြီး သူ့နေအိမ်ကို လိုက်ရှာရတာပေါ့ ထောက်ကြံလမ်းဆုံမှာ ဘယ်အချိန်ကတည်းကထိုင်နေလဲမသိဘူး။ ကျွန်တော်တို့တွေ့တော့ လမ်းတောင်မလျှောက်နိုင်ဘူး ချီပြီး ကားပေါ်တင်ပေးရတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှ ကိုထွန်းထွန်းဦး က ပြောသည်။
ထိုသို့ လူမူကူညီရေးအသင်းများစုပေါင်း ရှာဖွေပေးသဖြင့် ည ၁၀နာရီ ခွဲခန့်တွင် အဖွားနေထိုင်ရာ သာကေတမြို့နယ်၊နေအိမ်၊(7)လမ်းသို့ ရှာတွေ့ခဲ့ပြီး မိသားစုများထံ အရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #အသက်၈၅နှစ်အရွယ်အဖွားအို #ကူညီစုံစမ်းပြီးနေအိမ်သို့ပြန်ပို့ပေးခဲ့ရ#YMG/LW #Yangon_Times
အနုပညာအထက်တန်းကျောင်းတက်မယ့် အနုပညာဝါသနာပါတဲ့ ကျောင်းသားသစ်တွေကို လစဉ်ထောက်ပံ့ကြေးကျပ်(၃၀၀၀၀)ပေးဖို့ ရှိပါတယ်။ Grade-9(၈)တန်းအောင်ရင် တက်လို့ရပါပြီ။
#Local_News
Published_ 12 March 2024
#အနုပညာအထက်တန်းကျောင်း #ကျောင်းသားသစ်များခေါ်ယူနေ
#tthl #Yangon_Times
'သင်္ကြန်ကာလက ဒီနှစ်ရက်တိုလေးတွေ ပိုအသွားများပါမယ်၊ ၇ညအိပ် ၈ ရက်ခရီးစဉ်ပါ၊ ဟိုဘက်ခြမ်းမှာ
တည်းတဲ့ခိုတဲ့နေရာမှာ ပိုသန့်ရှင်းလာတယ်၊ ပိုကောင်းလာတယ်၊ စားတာသောက်တာတွေလည်း ပိုအဆင်ပြေလာပါတယ်၊ ဒီဘက်ခြမ်းမှာပဲ ဒေါ်လာဈေးလေးနည်းနည်း ၃၀၀၀ ပတ်ချာလည်လောက်ဆိုရင် ပိုသွားနိုင်၊ တတ်နိုင်တာပေါ့နော်'
#Local_News
Published_ 12 March 2024
#ဗုဒ္ဓဂါယာဘုရားဖူးတွေပိုပြီးများ #သင်္ကြန်ကာလ
#YMG/NN #Yangon_Times
#World_News
Published 12 March 2024
နိုင်ငံသားဖြစ်မှု ပြင်ဆင်သည့်ဥပဒေကို ရက်ပိုင်းအတွင်း အကောင်အထည် ဖော်သွားရန် အိန္ဒိယအစိုးရက မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပြီး ထိုဥပဒေအတွက် စည်းမျဥ်းနည်းလမ်းများကို အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အသိပေးကြေညာလိုက်တာဖြစ်ကာ ၂၀၂၄ နိုင်ငံသားဖြစ်မှုဥပဒေစည်းမျဥ်းလို့ သတ်မှတ်လိုက်ပါတယ်။
ထိုဥပဒေကို ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အိန္ဒိယပါလီမန်ကနေ ပြဌာန်းခဲ့ပါတယ်။
နိုင်ငံသားဖြစ်မှုဥပဒေ ၁၉၅၅ ကို ပြုပြင်ထားတဲ့ ဥပဒေဖြစ်ပြီး ၂၀၁၄ ဒီဇင်ဘာလမကုန်ခင် ဘာသာရေး ဖိနှိပ်ညှင်းပန်းမှုတွေကြောင့် အိန္ဒိယကို ရောက်ရှိလာခဲ့တဲ့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့မှ ဟိန္ဒူ၊ ဆစ်ခ်၊ ဗုဒ္ဓ၊ ဂျိန်း၊ ပါဆစ်၊ ခရစ်ယာန်ဘာသာ စတဲ့ လူနည်းစုဘာသာဝင်များအတွက် အိန္ဒိယနိုင်ငံသားဖြစ်မှု လမ်းကြောင်းကို ရွေးချယ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
ထိုနိုင်ငံတွေမှ အိန္ဒိယကိုရောက်လာတဲ့ မွတ်ဆလင်တွေတော့ မပါဝင်ပါဘူး။
စည်းမျဥ်းနည်းလမ်းများအရ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်တို့မှ စာရင်းသွင်းမှတ်တမ်းတင်ခြင်း မရှိသေးတဲ့ မွတ်ဆလင်မဟုတ်တဲ့ ပြောင်းရွှေ့လာသူများကို နိုင်ငံသားဖြစ်မှု ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့မှာ ၂၀၁၉ နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်ဥပဒေ (CAA-2019)ရဲ့ စည်းမျဥ်းနည်းလမ်းများကို အသိပေးကြေညာသွားမှာ ဖြစ်ကြောင်း၊ ထိုစည်းမျဥ်းများအရ CAA-2019 ဥပဒေအောက် အကျုံးဝင်တဲ့ လူတွေဟာ ၂၀၂၄ မှာ အိန္ဒိယနိုင်ငံသားဖြစ်မှု လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။
လျှောက်ထားပုံကတော့ သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်ကနေပဲ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။
အိန္ဒိယအခြေခံဖွဲ့စည်းပုံအရ ဘာသာရေးဖိနှိပ်ခံ ဒုက္ခသည်တွေကို အခြေခံ လူ့အခွင့်အရေးများနဲ့အညီ ထောက်ပံ့ပေးခွင့်ရှိပြီး လူသားချင်းစာနာမှု ရှုထောင့်ကနေ နိုင်ငံသားဖြစ်မှု ပေးအပ်မှာ ဖြစ်ကြောင်း ပြည်ထဲရေးက ပြောကြားလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်ဥပဒေ နှောင့်နှေးနေခဲ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယအမျိုးသားကွန်ဂရက်(INC)မှ အထွေထွေအတွင်းရေးမှူး ဂျေရမ်ရာမက်ရှ်က ထိုဥပဒေကြေညာချက်နဲ့ ပတ်သက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ နှစ်ခြမ်းကွဲစေရန် ရည်ရွယ်ထားတယ်ဆိုတာ သိသာထင်ရှားကြောင်း ပြောကြားလိုက်ပါတယ်။
ဒေလီမြို့ရှိရဲတွေက ဒေလီအရှေ့မြောက်ပိုင်း၊ ရှာဟင်ဘဂ်၊ ဂျာမီယာနဲ့ မြို့တော်တဝိုက် အန္တရာယ်ရှိနေရာတွေမှာ လုံခြုံရေးအင်အား တိုးမြှင့်ထားပါတယ်။
၂၀၁၉ ခုနှစ်က ကြေညာချက် ထုတ်ပြန်ရာမှာ နိုင်ငံတဝှမ်း နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်ဥပဒေ ဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
#World_News #မွတ်ဆလင်မဟုတ်သော အခြားဘာသာဝင် #နိုင်ငံသားဖြစ်မှုပြင်ဆင်သည့်ဥပဒေ #Source: WION
Page 509 of 1697