Megapacks လို့သိကြတဲ့ ဓာတ်အားလိုင်းချိတ်ဆက် စွမ်းအင်သိုလှောင်ဘက်ထရီများ ထုတ်လုပ်ဖို့ ရည်ရွယ်ကာ ရှန်ဟိုင်းရှိ တက်စ်လာရဲ့ မဂ္ဂါစက်ရုံသစ်ကြီးကနေ အင်္ဂါနေ့မှာ စတင်ထုတ်လုပ်မှုပြုလုပ်ပြီဖြစ်ပြီး တရုတ်ပြည်မှာ အမေရိကန်အခြေစိုက် သန့်စင်စွမ်းအင်ကုမ္ပဏီကြီး တိုးချဲ့လာတာ မြင်တွေ့ရပါတယ်။
#World_Development
Published 13 February 2025
#Megapacks #ရှန်ဟိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 February 2025
၁။ တစ်ရက်လျှင် နိုင်ငံကူးလက်မှတ်၅,၀၀၀ ခန့် ထုတ်ပေးနေ
၂။ EV တက္ကစီဖြင့် ရန်ကုန် - မော်လမြိုင်ခရီးစဉ် အော်ဒါများနေ၊ တိုးချဲ့ပြေးဆွဲရန်ရှိ
၃။ ခရီးသွားလုပ်ငန်းမြင့်တင်ရေး မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ ကျင်းပမည်
၄။ Tesla က မဂ္ဂါစက်ရုံသစ်ကြီး ရှန်ဟိုင်း၌စတင်ထုတ်လုပ်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 February 2025
▪️ အင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက် ရှိ ကောင်းဆေးရုံရှေ့ ၌ သံတွဲကားတစ်စီးမှ လမ်းသွားသူနှင့်ယာဉ်များအားဝင်တိုက်၍ ကျောင်းသူတစ်ဦးသေဆုံးမှုတစ်ခု ယနေ့ ညနေ ၃နာရီ ကျော်၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ သံချောင်းများတင်ဆောင်လာသည့် ၁၂ ဘီးတွဲကားသည် ဖော့ကန်ကား
မှတ်တိုင်အနီး၌ လမ်းတဖက်ရှိ လမ်းသွားလမ်းလာ တစ်ဦးအပါအဝင်ယာဉ်များကိုပါ ဆင့်တိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
▪️ "၁၂ဘီးကားက သံချောင်းတွေတင်လာတာ ၊လမ်းဘေးမှာကျောင်းဆင်းလာတဲ့ လို့လမ်းလျှောက်လာနေတဲ့ ကျောင်းသူလေးကို နောက်ကနေ ဝင်တိုက်တာ
တစ်စဆီဖြစ်သွားတယ်၊ ရှေ့ကလမ်းဘေးရပ်ထားတဲ့ကားတွေကိုပါဆက်တိုက်ချသွားတယ် ၊ကျွန်မသမီးလေးတောင် လိုက်ဆွဲလိုက်လို့ လွတ်သွားတယ်၊ ကားသမားကိုတော့ ဖမ်းသွားပြီ၊ တိုက်ပြီးဆင်းပြေးသေးတာ၊ မူးနေတာလားမသိဘူး၊ ပုံရက်လဲကျသွားတာနဲ့ ဝိုင်းဖမ်းလိုက်ကြတယ်၊ လမ်းဟိုဘက်ခြမ်းမှာပဲ ပြီးခဲ့တဲ့ ရက်ကပဲ အဒေါ်ကြီးတစ် ယောက်ကိုဝင်တိုက်လို့ ေ_သသွားသေးတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ ယာဉ်မောင်းအားသက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့်၍ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
▪️ ဖော့ကန်မှတ်တိုင်အနီး၌ ယခုလပိုင်းအတွင်း ၁၀ဘီး အုတ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားကာ လူညှပ်သည့်ဖြစ်စဉ်တစ်ခုအပြင် ယခုရက်ပိုင်းအတွင်း လမ်းလျှောက်သူတစ်ဦးကိုလည်း ယာဉ်တိုက်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများကပြောသည်။
#YMG/NN #Yangon_Times
တောင်သူများအတွက် လိုအပ်တဲ့ လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေကို ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ဖို့အတွက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။
#Local_News
Published 13 February 2025
#အရည်အသွေးပြည့်မီ #လယ်ယာသုံးစက်ပစ္စည်း
#YMG/SW #Yangon_Times
မြန်မာနိုင်ငံက ခရီးစဉ်ဒေသတွေကို ကမ္ဘာကသိရှိပြီး ပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုတိုးတက်ဝင်ရောက်လာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 13 February 2025
#မြန်မာနိုင်ငံခရီးသွားပြပွဲ #ပြည်ပခရီးသွားဧည့်သည်
#YMG/NN #Yangon_Times
ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို EV တက္ကစီဖြင့် သွားလာနိုင်တဲ့ ခရီးစဉ်စတင်နေပြီဖြစ်ရာအော်ဒါရရှိတာများနေပြီး တိုးချဲ့ပြေးဆွဲဖို့လည်းရှိတယ်လို့ EV တက်စီ ဝန်ဆောင်မှုကနေ သိရပါတယ်။
#Local_News
Published 13 February 2025
#ရန်ကုန်-မော်လမြိုင်ခရီးစဉ် #EVတက်စီဝန်ဆောင်မှု
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို သွားရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအတွက် တစ်ရက်ကိုနိုင်ငံကူးလက်မှတ် ၅,၀၀၀ ခန့် ထုတ်ပေးနေတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ (နေပြည်တော်)က သိရပါတယ်။
#Local_News
Published 13 February 2025
#နိုင်ငံကူးလက်မှတ် #(နေပြည်တော်)
#YMG/NN #Yangon_Times
#World_News
Published 13 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီတို့နဲ့ သီးခြားဖုန်းပြောဆိုခဲ့ကြရာမှာ နှစ်ဦးစလုံးက ငြိမ်းချမ်းရေးအလိုရှိတဲ့သဘော ထုတ်ဖော်ခဲ့ကြတယ်လို့ ပြောလိုက်ကာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး စတင်ဆွေးနွေးဖို့ အမေရိကန် ထိပ်သီးအရာရှိများကို ညွှန်ကြားလိုက်ပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုး(NATO)စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်မယ့် ရည်မှန်းချက်နဲ့ ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံး ပြန်လည်ရရှိရေးတို့ကို လက်လျှော့ရလိမ့်မယ်လို့ ထရမ့်ရဲ့ ကာကွယ်ရေးဝန်ကြီးက အစောပိုင်းမှာ ပြောကြားပြီးနောက် အခုလို ဖုန်းပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
▪️ တစ်နာရီကျော်ကြာ ဖုန်းပြောခဲ့ပြီးနောက်မှာ ရုရှားခေါင်းဆောင်ပူတင်က စစ်ပွဲကို အဆုံးသတ်လိုပြီး သိပ်မကြာခင်အချိန်အတွင်းမှာ အပစ်အခတ်ရပ်စဲရေး ရယူသွားမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထရမ့်က ဆိုပါတယ်။
▪️ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရှိနေတယ်လို့ ထင်မြင်ကြောင်း၊ သမ္မတပူတင်ရော သမ္မတဇယ်လန်စကီရော အားလုံးက ငြိမ်းချမ်းရေး အလိုရှိကြောင်း၊ လူတွေသေကြေနေတာ မမြင်ချင်ကြောင်း ပြောသွားပါတယ်။
▪️ ပူတင်က ထရမ့်ကို မော်စကိုထံ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားကြောင်း ရုရှားအစိုးရက ပြောထားပြီး ထရမ့်ကလည်း ဆော်ဒီအာရေဗျမှာ များမကြာခင် ပထမဆုံးတွေ့ဆုံနိုင်ဖွယ် ရှိတယ်လို့ ပြောလိုက်ပါတယ်။
▪️ ထရမ့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ CIAညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ်၊ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ်၊ အရှေ့အလယ်ပိုင်း အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့က စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုတွေကို ဦးဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
▪️ ၃ နှစ်ပြည့်တော့မယ့် ပဋိပက္ခနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မပြုလုပ်ရသေးပါဘူး။
▪️ ရုရှားကျူးကျော်ပြီးနောက်ပိုင်း ယခင်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် စစ်ရေးနဲ့ အခြားအကူအညီတွေမှာ ဒေါ်လာဘီလီယံချီ ထောက်ပံ့ထားပြီး ပူတင်နဲ့ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး။
▪️ ရုရှားက ယူကရိန်းနယ်မြေတွေရဲ့ ၅ ပုံ ၁ ပုံကို သိမ်းပိုက်ထားကာ ဒီထက်နယ်မြေပိုမိုပေးအပ်စေဖို့နဲ့ ဘယ်လိုသဘောတူညီမှုမှာမဆို အမြဲတမ်းကြားနေနိုင်ငံအဖြစ် ရှိနေဖို့ အလိုရှိနေပါတယ်။
▪️ ယူကရိန်းဘက်ကတော့ ရုရှားအနေနဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာဖို့ အလိုရှိနေပြီး နေတိုးအဖွဲ့ဝင်ဖြစ်မြောက်ရေး သို့မဟုတ် အလားတူ လုံခြုံရေးအာမခံချက်မျိုး ရရှိရမယ်လို့ ဆိုထားပါတယ်။
#Source: Reuters
#Local_News
Published 13 February 2025
▪️ အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူး၍ “FTCCI Experiential Tourism MICE Fair 2025” ကို မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ရာ မြန်မာလုပ်ငန်းရှင်များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ FTCCI Experiential Tourism MICE Fair 2025 ပြပွဲတွင်မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်သဘာဝအလှတရားတိုကို အကောင်းဆုံးဖော်ထုတ်ပြသနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးအခွင့်အလမ်းများရရှိစေမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 13 February 2025
▪️ ဒဂုံမြို့သစ်တောင်ပိုင်း၌ ယမန်နေ့က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာတစ်နာရီနီးပါးအထိမီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ ည ၁၀နာရီ ၃၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၅၈မိနစ် အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး ၁၁နာရီ ၂၃ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 13 February 2025
▪️ အစာစားတာ ကြာသွားပြီးနောက် သွေးတွင်းသကြားဓာတ် အတော်လေး ကျဆင်းတတ်တဲ့သူတွေဟာ ပိုမိုဆာလောင်မှု ခံစားရတတ်ပြီး အခြားသူတွေထက် ကယ်လိုရီတွေ အများကြီးပိုပြီး စားသုံးမိတတ်ကြတယ်လို့ သုတေသနအသစ်မှာ တွေ့ရပါတယ်။
▪️ ကင်းစ်ကောလိပ်လန်ဒန်နဲ့ ZOE ကျန်းမာရေးသိပ္ပံကုမ္ပဏီတို့မှ သုတေသနအဖွဲ့က လူတွေဟာ ကယ်လိုရီထိန်းချုပ်ပြီး စားသောက်နေတာတောင် ကိုယ်အလေးချိန်ချဖို့ ခက်ခဲနေတဲ့ အကြောင်းအရင်းကို တွေ့ရှိခဲ့ကြပါတယ်။
▪️ လူပေါင်း ၁၀၇၀ သာမန်နံနက်စာစားပြီးနောက် သွေးတွင်းသကြားဓာတ် တုံ့ပြန်မှုနဲ့ ကျန်းမာရေး အခြားအချက်အလက်များအကြောင်း စုဆောင်းခဲ့ကြပါတယ်။
▪️ ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီ၊ အမျှင်ဓာတ်တို့ပါဝင်တဲ့ ကယ်လိုရီများအတိုင်း စံနှုန်းအခြေခံထားပြီး အစာမရှိချိန် သွေးတွင်းသကြားဓာတ် တုံ့ပြန်စမ်းသပ်မှု ပြုလုပ်ခဲ့ကြပါတယ်။
▪️ တစ်နေ့တာအတွင်း သွေးတွင်းသကြားဓာတ် တိုင်းတာဖို့ CGMကိရိယာအပြင် လှုပ်ရှားမှုနဲ့ အိပ်စက်မှုတို့ကို စောင့်ကြည့်ဖို့ ကိရိယာလည်း တပ်ဆင်တိုင်းတာခဲ့ပါတယ်။
▪️ ဘယ်အချိန် ဘာစားတယ်ဆိုတာအပြင် ဆာလောင်စိတ်နဲ့ နိုးကြားစိတ်တို့ကိုလည်း တိုင်းတာမှတ်သားခဲ့ကြပါတယ်။
▪️ ဆန်းစစ်ချက်များအရ အချို့လူတွေမှာ သကြားဓာတ်အမြင့်ဆုံးရောက်ပြီး ၂-၄ နာရီအတွင်း သိသိသာသာ ကျဆင်းသွားပါတယ်။
▪️ သကြားဓာတ် မြန်မြန်ကျဆင်းသူတွေမှာ ဆာလောင်စိတ် ၉ ရာခိုင်နှုန်း မြင့်တက်သွားပြီး တခြားသူတွေထက် နာရီဝက်လောက်စောပြီး ထပ်စားတတ်ကြပါတယ်။
▪️ သကြားဓာတ် အများအပြားကျဆင်းသူတွေက နံနက်စာစားပြီး ၃-၄ နာရီအတွင်း ၇၅ ကယ်လိုရီပိုမိုစားသုံးကြပြီး တစ်နေ့တာလုံးမှာ ၃၁၂ ကယ်လိုရီ ပိုစားဖြစ်ကြကာ တစ်နှစ်လုံးစာအနေနဲ့ ပေါင် ၂၀ လောက် တိုးလာနိုင်ပါတယ်။
▪️ ယခင်တည်းက သွေးတွင်းသကြားဓာတ်က ဆာလောင်စိတ်ကို ထိန်းချုပ်ရာမှာ အရေးပါတယ်လို့ တွေ့ရှိထားတာဖြစ်ကြောင်း ကင်းစ်ကောလိပ်လန်ဒန်မှ ဒေါက်တာ ဆာရာဘယ်ရီက ပြောသွားပါတယ်။
▪️ ဒီစမ်းသပ်ချက်တွေက အသက်အရွယ်၊ ကိုယ်အလေးချိန်၊ BMIတို့ကြား ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။
#Source: DoctorNDTV
#World_Health
Published 13 February 2025
▪️ အိပ်စက်တဲ့အခါ အိပ်မက်အဆင့်ရောက်ရှိရန် ကြာမြင့်တဲ့သူတွေက ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာချက်တစ်ခုမှာ ယူဆနေကြပါတယ်။
▪️ REMလို့ခေါ်တဲ့ အိပ်မက်အဆင့်ရောက်ရှိရန် ကြာမြင့်သူတွေမှာ မှတ်ဉာဏ်ပေါင်းစည်းနိုင်စွမ်းနဲ့ စိတ်ခံစားချက် ထိန်းချုပ်မှုတို့မှာ နှောင့်ယှက်စေတယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။
▪️ အိပ်စက်မှု အရည်အသွေးနဲ့ အချိန်ပမာဏတို့က အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေအပေါ် သက်ရောက်နေတယ်ဆိုတာ လေ့လာချက်တွေမှာ တွေ့ရှိလာကြပါတယ်။
▪️ အိပ်စက်မှုအဆင့် ၄ ဆင့်ပြီးမြောက်ဖို့ မိနစ် ၉၀ ခန့်ကြာမြင့်တတ်ပြီး အသက်အရွယ်အလိုက် ပိုမိုကြာမြင့်နိုင်ပါတယ်။
▪️ REMအိပ်စက်မှုအတွင်း ဦးနှောက်က စိတ်ခံစားချက်အရ ဖြစ်လာတဲ့ မှတ်ဉာဏ်တွေကို လုပ်ဆောင်ကာ ရေရှည်သိုလှောင်မှုအဖြစ် သိမ်းဆည်းပေးပါတယ်။
▪️ REMအိပ်စက်မှုအဆင့် နှောင့်နှေးတဲ့အခါ အဆိုပါဖြစ်စဉ် အနှောင့်အယှက် ဖြစ်စေပြီး မှတ်ဉာဏ်တွေ ပေါင်းစည်းနိုင်စွမ်း ထိခိုက်စေတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပရော်ဖက်ဆာ ယွဲ့လန်က ဆိုပါတယ်။
▪️ ပေကျင်းရှိ တရုတ်-ဂျပန် ချစ်ကြည်ရေးဆေးရုံ အာရုံကြောရောဂါဆောင်မှ ပျမ်းမျှအသက် ၇၀ ရှိတဲ့ လူ ၁၂၈ ဦးကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ လူနာတဝက်ခန့်က အယ်လ်ဇိုင်းမားရောဂါရှိပြီး ၃ ပုံ ၁ ပုံလောက်က အယ်လ်ဇိုင်းမားရှေ့ပြေးလက္ခဏာများ ဖြစ်နေပါတယ်။
▪️ ဆေးခန်းမှာ ညအိပ်ခိုင်းပြီး ယင်းတို့ရဲ့ ဦးနှောက်လှိုင်း လှုပ်ရှားမှုတွေ၊ မျက်လုံးရွေ့လျားပုံတွေ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတို့ကို တိုင်းတာခဲ့ကြပါတယ်။
▪️ REMအဆင့်ကို စောစီးစွာရောက်တဲ့အဖွဲ့က အိပ်ပျော်ပြီးနောက် ၉၈ မိနစ်အတွင်း ရောက်ရှိပြီး နောက်အဖွဲ့ကတော့ ၁၉၃ မိနစ်နောက်ပိုင်းမှ REMကို ရောက်ရှိခဲ့ပါတယ်။
▪️ အယ်လ်ဇိုင်းမားရှိတဲ့သူတွေက REMအဆင့်ကို နောက်ကျမှ ရောက်ရှိတာများတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
▪️ အနာဂတ်မှာ အိပ်စက်မှုပုံစံကို သက်ရောက်စေတဲ့ ဆေးဝါးတွေအကြောင်းကိုလည်း လေ့လာသင့်တယ်လို့ ယွဲ့လန်က ပြောပါတယ်။
▪️ မယ်လတိုနင်ဓာတ်က REMအိပ်စက်မှုအဆင့်ကို အားပေးနိုင်တယ်လို့ ကြွက်တွေနဲ့ စမ်းသပ်ချက်မှာ တွေ့ရပါတယ်။
▪️ ဒါကြောင့် အယ်လ်ဇိုင်းမားဖြစ်မှာ စိုးရိမ်တဲ့သူတွေအနေနဲ့ REMအဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်စေမယ့် အိပ်စက်မှုအလေ့အထတွေ ကျင့်သုံးသင့်တယ်လို့ သုတေသနအဖွဲ့က ပြောထားပါတယ်။
#Source: New York Post
Page 509 of 2058