#World_Health
Published 21 April 2025

▪️ အမေရိကန်မှာ မကြာသေးမီက နိုင်ငံတဝှမ်း စစ်တမ်းကောက်ယူခဲ့ရာမှာ တဝက်နီးပါးလောက်က ၁၉၅၀ ဝန်းကျင်တွေမှာ ပိုမိုနေထိုင်လို့ကောင်းတယ်လို့ ထင်မြင်ကြပါတယ်။

▪️ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က လူအများကျန်းမာရေး သိသိသာသာ ပိုမိုကောင်းမွန်နေပါတယ်။

▪️ လက်ရှိခေတ်မှာ ခေတ်မီတိုးတက်တဲ့ နည်းပညာ၊ ဆေးဝါး၊ ဆေးပစ္စည်း၊ ကုသနည်းတွေရှိပေမယ့် အယ်လ်ကိုဟော၊ သကြား၊ စီးကရက်တို့ ထိန်းချုပ်ဖို့လိုအပ်သလို လုံလောက်တဲ့ အိပ်စက်ချိန်၊ လေ့ကျင့်ခန်း၊ အာဟာရဓာတ်တွေလည်း လိုအပ်လာတာကို သဘောပေါက်ရပါမယ်။

▪️ Stony Brook Medicineမှ တွဲဖက်ပါမောက္ခ ဂျိုဆက်ဖင်းကွန်နော်လီရှိုနင်က ၁၉၅၀ ဝန်းကျင်တွေက လေ့လာမှတ်သားရတဲ့ ကျန်းမာရေးသိဖွယ်ရာ ၅ မျိုးကို ဖော်ပြသွားပါတယ်။

(၁) အိမ်မှာချက်စားပါ
▪️ အရင်ခေတ်က မိသားစုတွေဟာ အိမ်မှာချက်ပြုတ်ကြပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး စားပွဲပြင်ဆင်ကြပါတယ်။

▪️ ယနေ့ခေတ်မှာတော့ အပြင်ထွက်စားလာကြသလို ပါဆယ်ဝယ်ယူကြတာတွေ များလာကာ စားသောက်ဆိုင်တွေရဲ့ အစားအစာ အရည်အသွေးကို သေချာမသိရသလို ဈေးပေါတဲ့ကုန်ကြမ်းတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

(၂) အဆင့်ဆင့်ထုပ်ပိုးစားစရာများရှောင်ပါ
▪️ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေဟာ ထုတ်လုပ်ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ထားပြီး နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေများစေတဲ့အပြင် စောစီးစွာအသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

(၃) နည်းနည်းစီစားပါ
▪️ ယခုအချိန်မှာ ဟမ်ဘာဂါလို စားစရာတွေက ၁၉၅၀ ကထက် ၃ ဆလောက်ပိုကြီးလာပါတယ်။

▪️ ကွန်နော်လီရှိုနင်က ကျန်းမာရေးကို အလေးထားတယ်ဆိုရင် စားတဲ့အခါ ပိုမိုနည်းပါးစွာ ပိုင်းခြားစားသုံးသင့်လို့ ဆိုပါတယ်။

(၄) ဖုန်းကြည့်ချိန်လျှော့ချပါ
▪️ အရင်ခေတ်က ကလေးတွေက အပြင်ထွက်ပြီး လှုပ်ရှားကစားကြပါတယ်။
ယနေ့မှာတော့ အီလက်ထရွန်နစ်ပစ္စည်းတွေ များပြားလာကာ ဖုန်း၊ ကွန်ပျူတာ၊ တီဗီဖန်သားပြင်တို့မှ အလင်းပြာက ခန္ဓာကိုယ်ရဲ့ သဘာဝအိပ်စက်မှုစက်ဝန်းကို နှောင့်ယှက်စေပါတယ်။

(၅) အလုပ်မှာလှုပ်လှုပ်ရှားရှားနေပါ
▪️ အရင်ခေတ်က အလုပ်တွေထက်စာရင် ယနေ့ခေတ်အလုပ်တွေက ကိုယ်ကာယလှုပ်ရှားမှု နည်းပါးလာပါတယ်။

▪️ ဒါဟာ အလုပ်ကြမ်းတွေကနေ ရုံးအလုပ်တွေအဖြစ်သို့ ပြောင်းလဲလာတာကြောင့် ဖြစ်ပါတယ်။

#Source: New York Post