#Local_News
Published 12 April 2025
DENKO နှင့်မြန်မာ့ရှေ့ဆောင်ဘဏ်MAB ဥက္ကဌ ဦးချစ်ခိုင်နှင့် ဇေကမ္ဘာဦးခင်ရွှေ၏သား ကိုဇေသီဟ အပါအဝင် စားအုန်းဆီကုန်သည်များ ယနေ့မနက်ပိုင်းက ပြန်လည်လွတ်လာမြောက်လာကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယင်းတို့နှင့် နီးစပ်သူများက လွတ်မြောက်လာကြောင်း သိရသောကြောင့် ဝမ်းသာကြောင်းလည်း ဖော်ပြနေကြသည်။
DENKO နှင့် MAB ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင်သည် မန္တလေးအိုးဘိုထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ (ဧပြီ ၁၂ ရက်) နံနက်ပိုင်းက ပြန်လွတ်လာခြင်းဖြစ်ပြီးဇေကမ္ဘာဦးခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟမှာလည်း ရန်ကုန် အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း လူမှုကွန်ရက်တွင် ဖော်ပြနေကြသည်။
ထို့အပြင် စားအုန်းဆီကို မတရားဈေး ရောင်းချခြင်းနှင့် မသမာမှုများ ပြုလုပ်၍ ဖမ်းဆီးခံထားရသော စားအုန်းဆီကုန်သည်များလည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။