#World_Health
Published 11 April 2025

▪️ အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ဟာ ထဲထဲဝင်ဝင် ချိတ်ဆက်နေကြပြီး အူလမ်းကြောင်းကျန်းမာရေး မကောင်းရင် အိပ်စက်မှုအနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ How to Win in Modern Wellnessစာအုပ်ရေးသားသူ ဆမ်တယ်ဂျာဒါက ပြောပါတယ်။

▪️ အက်ဆစ်လျှံတက်ခြင်း၊ လေပွခြင်းတို့လို အစာချေပြဿနာတွေအပြင် မူးဝေအော့အန်ခြင်းတို့လို လက္ခဏာတွေထက် ပိုပြီးဖြစ်နိုင်တယ်လို့ ရှင်းပြပါတယ်။

▪️ မယ်လတိုနင်သို့ ပြောင်းလဲပေးတဲ့ ဆယ်ရိုတိုနင် ၉၀ ရာခိုင်နှုန်းလောက်က အူလမ်းကြောင်းထဲမှာ ထုတ်လုပ်ပြီး ထိုထဲမှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ရင် အစားအစာတွေကရတဲ့ အာဟာရဓာတ်တွေကို စုပ်ယူဖို့ ခက်ခဲစေပါတယ်။

▪️ အူလမ်းကြောင်းထဲက ပိုးမွှားသက်ရှိတွေက ကိုယ်တွင်းနေ့ညစက်ဝန်း ထိန်းညှိရာမှာ ပါဝင်ပြီး နှစ်ခြိုက်စွာ အိပ်စက်မှုကို ထောက်ကူပေးပါတယ်။
အူလမ်းကြောင်းမကောင်းလို့ အိပ်စက်မှုထိခိုက်လာတဲ့အခါ ကျန်းမာရေးပြဿနာအမျိုးမျိုး ဝင်ရောက်လာပြီး နာတာရှည်ရောဂါများ ဖြစ်လာနိုင်ပါတယ်။

▪️ အူလမ်းကြောင်းကျန်းမာရေး ကောင်းစေပြီး ကောင်းစွာအိပ်စက်စေနိုင်မယ့် နည်းလမ်းတွေကို တယ်ဂျာဒါက ပြောပြသွားပါတယ်။

▪️ (၁) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တို့မှ အမျှင်ဓာတ်တွေ စားသုံးခြင်းဖြင့် အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားများ တိုးများစေပြီး အစာခြေခြင်းကို ထောက်ပံ့ပေးပါတယ်။

▪️ (၂) ပရိုဘိုင်အိုတစ်တွေက အစားအစာနဲ့ ဖြည့်စွက်စာတို့မှ အကျိုးပြုဘက်တီးရီးယားများဖြစ်ပြီး အာဟာရဓာတ်နဲ့ စွမ်းအင်တို့ကို ထုတ်ယူကူညီပေးပါတယ်။

▪️ (၃) အဆင့်ဆင့်ထုပ်ပိုး စားစရာများနဲ့ သကြားတို့က ဆိုးကျိုးပြု ဘက်တီးရီးယားများကို တိုးများစေပြီး အူလမ်းကြောင်းရောင်ရမ်းစေကာ အိပ်စက်မှုကို နှောင့်ယှက်ပါတယ်။

▪️ (၄) ကျန်းမာရေးစစ်ဆေးပေးခြင်းဖြင့် အရေးကြီးတဲ့ ဇီဝဓာတုပုံစံတွေ လိုအပ်ချက်တွေကို သိရှိနိုင်ပြီး အူလမ်းကြောင်း မညီမျှခြင်း အကြောင်းအရင်းနဲ့ ပြုပြင်ဖို့အကြောင်းတွေကို သိလာစေနိုင်ပါတယ်။

▪️ (၅) အစာကြေဖို့အတွက် ညဘက်မှာ ရေဓာတ်ပြည့်ဝအောင်နေပြီး အီလက်ထရိုလိုက်များ သောက်သုံးသင့်သလို တစ်နေ့ကို ရေ ၈ ခွက်သောက်သင့်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။

▪️ (၆) အိပ်ခါနီး ညဉ့်နက်မှ စားသောက်ခြင်းက အိပ်စက်မှုကို နှောင့်ယှက်နိုင်ကာ အဝလွန်ခြင်း ဖြစ်နိုင်တာကြောင့် နောက်အကျဆုံး ည ၇ နာရီမှာ စားသင့်တယ်လို့ အကြံပြုထားပါတယ်။

#Source: New York Post