#World_Science
Published 11 April 2025

▪️ နာဆာအဖွဲ့ရဲ့ Perseverance Mars အာကာသယာဉ် အကူအညီဖြင့် သိပ္ပံပညာရှင်များဟာ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်မှာ ထူးဆန်းတဲ့အရာတစ်ခု တွေ့ရှိခဲ့ကြပါတယ်။

▪️ ထိုအရာက ပင့်ကူဥအစုအပြုံကြီးတစ်ခုကဲ့သို့ ဖြစ်နေတဲ့ ကျောက်တုံးတစ်ခုဖြစ်ပြီး မီလီမီတာ အရွယ်အစားရှိတဲ့ အလုံးလေးတွေ ရာနဲ့ချီပါဝင်နေပါတယ်။

▪️ မားစ်ဂြိုဟ်ပေါ်က Broom Pointဆိုတဲ့နေရာကို Perseveranceယာဉ် ရောက်ရှိပြီး ၂ ပတ်အကြာလောက်မှာ တွေ့ရှိတယ်လို့ နာဆာက ဖော်ပြပါတယ်။

▪️ ထိုဒေသရှိ ပတ်လမ်းကြောင်းကနေ အရောင်လင်းသလို မှိန်သလို ကျောက်တွေကိုမြင်ရပြီး Perseveranceက အနီးနားက ကျောက်တုံးတစ်ခုရဲ့ ထူးဆန်းတဲ့ အသွင်ပြင်ကို တွေ့ရှိခဲ့ပါတယ်။

▪️ ဒီကျောက်တုံးကို St. Pauls Bayလို့ နာမည်ပေးထားကြကာ မီလီမီတာ အရွယ်အစားရှိ မီးခိုးရောင်အလုံးလေးတွေ ရာနဲ့ချီ ပါဝင်ဖွဲ့စည်းထားပါတယ်။

▪️ အချို့အလုံးတွေက ရှည်မျောသလို အချို့က လုံးဝိုင်း၊ အချို့က အလုံးပဲ့ပုံသဏ္ဍာန်၊ အချို့က အပေါက်ငယ်လေးတွေရှိကာ ဘယ်လိုဘူမိဖြစ်စဉ်တွေကြောင့် ဒီလိုပုံသဏ္ဍာန်ဖြစ်ကြလဲဆိုတာကို သိပ္ပံပညာရှင်များ အံ့ဩနေကြပါတယ်။

▪️ မားစ်ဂြိုဟ်ပေါ်မှာ ထူးဆန်းပစ္စည်းတွေတွေ့ရတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။

▪️ Perseverance Marsအာကာသယာဉ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်တည်းက မားစ်ဂြိုဟ်ပေါ် ရောက်ရှိခဲ့ပြီး စူးစမ်းရှာဖွေမှုများ ပြုလုပ်နေတာ ဖြစ်ပါတယ်။

▪️ ယာဉ်ပေါ်မှာ RIMFAXလို့ခေါ်တဲ့ ရေဒါစနစ်အပါအဝင် ကိရိယာပေါင်း ၇ မျိုး တပ်ဆင်ထားပါတယ်။

#Source: WION