#Local_News
Published 16 August 2024
▪️ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ၌ ပုလဲတွဲအပေါင်း ၅၇၁ တွဲကို ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ်(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီးပြပွဲကာလ အတွင်း ဒုတိယနေ့၌ ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၇၇ တွဲ၊ တတိယနေ့၌ ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၈၄ တွဲကို လည်းကောင်း၊ စတုတ္ထနေ့၌ ပုလဲအတွဲပေါင်း ၂၄၀ အနက် ပုလဲအတွဲ ၁၉၆ တွဲနှင့် ထပ်မံရောင်းချရသည့် ပုလဲအတွဲ ၁၄ တွဲ စုစုပေါင်းအတွဲ ၂၁၀ ၊ စုစုပေါင်း ပုလဲတွဲအပေါင်း ၅၇၁ တွဲကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲ ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အဝေးသင်သင်တန်းတွေ ကျောင်းအပ်လက်ခံရက်ကို ၂၀၂၄ ခုနှစ်စက်တင်ဘာလ(၁၆)ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 16 August 2024
#အဝေးသင်ကျောင်းအပ်လက်ခံ #စက်တင်ဘာလအထိထပ်တိုး
#YMG/tthl #Yangon_Times
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ သီးနှံတွေအတွက် ယူရီးယားနဲ့ကွန်ပေါင်းဓာတ်မြေဩဇာတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ပံ့ပိုးပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 16 August 2024
#ပျက်စီးခဲ့တဲ့သီးနှံတွေ #ယူရီးယားနှင့်ကွန်ပေါင်းဓာတ်မြေဩဇာ
#YMG/NN #Yangon_Times
မိုးပြန်များလာမှာမို့ စပါးစိုက်တောင်သူတွေ၊ ပဲစိုက်၊ နှမ်းစိုက်၊ ပြောင်းစိုက် တောင်သူတွေအနေနဲ့ စိုက်ခင်းတွေရေမနစ်မြုပ်အောင် ကြိုတင်သတိပြုကာကွယ်ထားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
#Local_News
Published 16 August 2024
#စိုက်ခင်းတွေရေမနစ်မြုပ်အောင် #ကြိုတင်သတိပြုကာကွယ်ထား
#YMG/tthl #Yangon_Times
၁၆ ဩဂုတ် ၂၀၂၄
🔸ထိုင်းပါလီမန်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ၏ သမီးထွေး ပါအေတုံတန် ရှင်နာဝါထရာကို ထိုင်းနိုင်ငံ၏ အငယ်ဆုံးဝန်ကြီးချုပ်တစ်ဦးအဖြစ် ယနေ့ ဩဂုတ် ၁၆ ရက်သောကြနေ့က မဲပေးရွေးချယ်လိုက်ကြပါတယ်။
ဝန်ကြီးချုပ်ဖြစ်လာမယ့် အသက် ၃၇နှစ်အရွယ် ပါအေတုံတန်ဟာ အစပိုင်းမှာ အိုးနင်းခွက်နင်းအဖြစ်မျိုးနှင့် ကြုံရနိုင်စရာရှိတယ်လို့ ရိုက်တာကရေးပါတယ်။
🔸သူမဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်က သက်ဆင်ရဲ့ နှမ ယင်လတ်ရှင်နာဝါထရာဖြစ်ပါတယ်။ အဲဒီအပြင် ရှင်နာဝါထရာမိသားစုထဲမှာ ပါအေတုံတန်ဟာ တတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာသူလို့လည်း ဆိုရမှာဖြစ်ပါတယ်။
Ref: Reuters
#World_Health
Published 16 August 2024
▪️ အပင်တွေကနေ ထုတ်ယူရရှိတဲ့ အဆီအနှစ်တွေက သဘာဝအနံ့နဲ့ အာနိသင်ကျေးဇူးများ ပါဝင်နေပါတယ်။
▪️ ထိုအဆီအနှစ်တွေကို ရိုးရာဆေးနည်းလမ်းတွေနဲ့ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုကြတာ ကြာပါပြီ။
▪️ ဆံကေသာ ကျန်းမာရေးမှာလည်း ဆံပင်ဖွံ့ဖြိုးခြင်း၊ ဗောက်လျော့နည်းခြင်း၊ ဦးရေပြား ချောမွေ့ခြင်း၊ ဆံကေသာ နက်မှောင်သန်စွမ်းခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
▪️ ဒါကြောင့် ဆံကေသာနဲ့ ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေမယ့် သဘာဝ အဆီအနှစ်များကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) လာဗင်ဒါ - လာဗင်ဒါအဆီမှာ ပိုးသတ်ပေးတဲ့ အာနိသင်ရှိပြီး ဗောက်သက်သာစေကာ ဦးရေပြား ချောမွေ့စေတဲ့အပြင် အနံ့အသက်ကလည်း ဖိစီးမှုကို လျှော့ချပေးပါတယ်။
▪️ (၂) ပက်ပါမင့်ပူရှိန်း - ပူရှိန်းဆီက ဦးရေပြား သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးကာ ဆံကေသာ ရှည်စေပြီး အေးမြခြင်းကို ပေးစွမ်းပါတယ်။
▪️ (၃) ရို့စ်မယ်ရီအဆီ- ဆဲလ်ပွားများခြင်းကို မြှင့်တင်ပေးပြီး ဆံပင်ဖွံ့ဖြိုးကြံ့ခိုင်စေကာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၄) လက်ဖက်ပင်အဆီ - ပိုးသတ်ခြင်းနဲ့ သန့်စင်ပေးတဲ့ အစွမ်းသတ္တိရှိကာ ဆံပင်မွေးညင်းပေါက်များကို ရှင်းလင်းပေးပြီး ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။
▪️ (၅) ခါမိုမိုင်အဆီ - ဦးရေပြားချောမွေ့စေကာ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့ကို သက်သာစေပါတယ်။
▪️ (၆) စပါးလင်အဆီ - မှိုနဲ့ ဘက်တီးရီးယား သေစေနိုင်ပြီး ဗောက်သက်သာစေကာ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၇) ယင်းသစ်သားအဆီ - ဦးရေပြားရှိ အဆီထုတ်လုပ်ပေးတဲ့ ဂလင်းများကို ထိန်းညှိပေးကာ ဆံကေသာဖွံ့ဖြိုးမှု မြှင့်တင်ပေးပြီး ပိုးသေစေပါတယ်။
▪️ (၈) ကလျာဏီအဆီ - ဆံပင်ကြီးထွားသန်မာစေတဲ့ လီနာလိုင်အက်ဆီတိတ်ပါဝင်ကာ ဦးရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: DoctorNDTV
#World_Health
Published 16 August 2024
▪️ ပလတ်စတစ်ဗူးတွေနဲ့ ရေသောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေပြီး ရေပိုက်ခေါင်းကနေ တိုက်ရိုက်သောက်ခြင်းကတော့ အန္တရာယ်ကင်းနိုင်တယ်လို့ Microplastics ဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ ပလတ်စတစ်ဗူးတွေနဲ့ ရေသောက်ခြင်းဖြင့် သွေးကြောတွေထဲသို့ မိုက်ခရိုပလတ်စတစ်အမှုန်များ ဝင်ရောက်နိုင်ကာ သွေးပေါင်ချိန် မြင့်တက်လာနိုင်ပါတယ်။
▪️ အစားအသောက်တွေနဲ့ သောက်သုံးရေအများစုထဲမှာ ပလတ်စတစ်အမှုန်ငယ်များ ပါဝင်နေပါတယ်။
▪️ ထိုအမှုန်ငယ်များကို မသိလိုက်ဘဲ စားသုံးမိကာ အူတွေနဲ့ အဆုတ်တို့ရှိ ဆဲလ်အတားအဆီးတွေကို ထိုးဖောက်ဝင်ရောက်ကာ သွေးကြောနဲ့ အခြားတစ်ရှူးတွေထဲသို့ ရောက်ရှိနိုင်ပါတယ်။
▪️ ပလတ်စတစ်အမှုန်များ ထိတွေ့မှုကြောင့် နှလုံးကျန်းမာရေး၊ ဟော်မုန်းမညီမျှမှု၊ ကင်ဆာရောဂါတို့ပင် ဆက်စပ်နေကာ ၂၀၁၈ တစ်နှစ်တည်းမှာပင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကနေ ဒေါ်လာ ၂၈၉ ဘီလီယံ ကုန်ကျခဲ့ရပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေကို ပလတ်စတစ်ဗူးတွေထဲကရေ မသောက်သုံးခိုင်းဘဲ ရေပိုက်ခေါင်းကရေကို ၂ ပတ်ကြာ သောက်သုံးစေခဲ့ရာ သွေးပေါင်ချိန် သိသိသာသာ လျော့ကျခဲ့ကြောင်း ဩစတြီးယား ဒါနူဘီပုဂ္ဂလိကတက္ကသိုလ် ဆေးပညာဌာနမှ သုတေသီအဖွဲ့က လေ့လာတွေ့ရှိခဲ့ပါတယ်။
▪️ လူတွေဟာ တစ်ပတ်ကို ပလတ်စတစ်အမှုန် ၅ ဂရမ်ခန့် စားသုံးနေမိကာ ခရက်ဒစ်ကဒ်တစ်ခုရဲ့ အလေးချိန်လောက် ရှိပါတယ်။
▪️ ထိုအမှုန်တွေကို ဖန်ပုလင်းတွေထဲထည့်ထားတဲ့ အရည်တွေမှာလည်း တွေ့ရပါတယ်။
စမ်းသပ်ခံသူတွေကို စမ်းသပ်ချက် စတင်ချိန်နဲ့ ၂ ပတ်အတွင်း တိုင်းတာခဲ့ရာမှာ အောက်သွေး သိသိသာသာ ကျဆင်းခဲ့ပါတယ်။
▪️ တွေ့ရှိချက်များအရ သွေးထဲမှာ ပလတ်စတစ်အမှုန် ရှိနေခြင်းဟာ သွေးပေါင်ချိန် မြင့်တက်စေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
▪️ နောက်ထပ်သုတေသနမှာတော့ ရေပိုက်ခေါင်းကရေကို စစ်ယူကြိုချက်ခြင်းက ပလတ်စတစ်မှုန်တွေကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
#Source: New York Post
တပ်မတော် ၂၀၂၄ နိုင်ငံတကာ စစ်ရေးနဲ့နည်းပညာဖိုရမ်ကို ရုရှားနိုင်ငံမော်စကိုရှိ ပက်ထရီယက်ပြပွဲစင်တာမှာ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
#World_Military
Published 15 August 2024
#နည်းပညာဖိုရမ် #ရုရှား၌ဖွင့်လှစ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 August 2024
၁။ ညောင်တုန်းရှိရေဘေးသင့်ပြည်သူများကို ပြည်တွင်းပြည်ပအလှူရှင်များသွားရောက်လှူဒါန်းခဲ့
၂။ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးမည်ဟု ဗဟိုဘဏ်ပြော
၃။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ငရုတ်ခြောက်ဈေးနှုန်းကျဆင်း
၄။ ၂၀၂၄ စစ်ရေးနှင့်နည်းပညာဖိုရမ် ရုရှား၌ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 15 August 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေးသုတေသနစခန်း၌ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ များအပါအဝင်သုတေသနလုပ်ငန်းများဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ မွေးမြူရေးသုတေသနစခန်း၌ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက် မျိုးရင်းမျိုးစစ်များထိန်းသိမ်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွင်း ယူရီးယား(Urea Molasses Multi- nutrient Block,UMMB)ကို စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများအသုံးပြု၍ ဖော်မြူလာအမျိုးမျိုးဖြင့် ဖော်စပ်ကျွေးမွေးခြင်းနှင့် သန်ချဆေး(Fenbendazole) ရောနှောကျွေးမွေးခြင်းတို့၏ စားမြုံ့ပြန်သတ္တဝါများတွင် သန်ကောင်ရောဂါနှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်းတို့အပေါ် အကျိုးသက်ရောက်မှုများကို သုတေသနပြုဆောင်ရွက်လျက်ရှိပြီး နေပီယာ၊ ရိုဇီ၊ မွန်ဘားဆား၊ မူလာတိမြက်မျိုးများ မူလမျိုးရင်းနှင့် စပ်မျိုးပင်ပွားမျိုးတို့၏ အထွက်နှုန်းနှင့် အာဟာရတန်ဖိုးများ၊ မြန်မာနိုင်ငံ၏ ဒေသနွားများဖြစ်ကြသည့် နွားရွှေနီနှင့် နွားပြာစိမ်းတို့၏ မျိုးဗီဇလက္ခဏာ (genotypic)များကို နှိုင်းယှဉ်လေ့လာခြင်းတို့ကိုလည်း သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Published 15 August 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဩဂုတ် ၁၅ ရက်နေ့၊ မနက် ၈ နာရီ အချိန်ခန့်က မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
Page 366 of 1733