၂ ဇူလိုင် ၂၀၂၅
ထိခိုက်ခဲ့ရသည့် နိုင်ငံ့စီးပွားပြန်လည်ကောင်းမွန်စေရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဇူလိုင် ၂ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပတဲ့ နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်
ရေးတွင် ဆောင်ရွက်လိုသူများကို မြေတောင်မြှောက်ပေးရမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်သွားမည်ဆိုပါ က နိုင်ငံ့စီးပွားသည်လည်း တိုးတက်လာနိုင်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါ တယ်။
ငလျင်သဘာဝဘေးအလွန်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၌ စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန် လည်ဦးမော့လာစေရေး အတိုးနှုန်းသက်သာစွာဖြင့် ရင်းနှီးမြှုပ်နှံငွေများကိုထုတ်ပေးမယ်လို့ ဗိုလ်ချုပ်မှူး ကြီးကဆက်လက်ပြောဆိုပါတယ်။
ကမ္ဘာ့ဘဏ်မှမိမိတို့နိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိမျှော် မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိကျဆင်းနိုင်သည်ဟုခန့်မှန်းထားသည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့ တွက်ချက်သည့်စာရင်းများတွင် အချက်အလက်များ မှန်ကန်မှုမရှိခြင်းနှင့် ပြည့်စုံမှုမရှိခြင်း များရှိသည်ကိုတွေ့ရှိရတယ်လို့ နစက ဥက္ကဋ္ဌက ထောက်ပြပြောဆိုပါတယ်။
မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်းနိုင်ငံအတွင်းနေထိုင်သူများက ကြိုးပမ်း ဆောင်ရွက်ပါက နိုင်ငံ၏ GDP မှာတိုးတက်လာမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက သုံးသပ် ပြောဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျှော့ချရေးဆောင်ရွက်နေသည်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်သင့်သည့် အခြေအနေများကို မကြာသေးမီက သူ သွားရောက်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံနှင့် ရုရှားနိုင်ငံများသို့သွားရောက်လေ့လာခဲ့သည်များနှင့် ယှဉ်ပြီး ပြောဆိုပါတယ်။
အဆိုပါ နိင်ငံစီးပွားတိုးတက်ရေး အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီးတိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl
ကုန်ကြမ်းပစ္စည်းများနဲ့ စိုက်ပျိုးရေးစက်ပစ္စည်းများ လက်ရှိမှာ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဆန်ဈေးနှုန်းဆက်လက်ကျဆင်းနေခြင်းက ဖိအားများလာစေကာ ဆန်ဈေးနှုန်းအလိုက်သင့် မြင့်တက်နေသေးတာကို နားလည်ပေးကြဖို့ ဂျပန်ဆန်စပါးစိုက်ပျိုးသူများ ပြောလာပါတယ်။
#Asia_Agriculture
Published 2 July 2025
#ဂျပန်၌ဆန်ဈေးနှုန်းပြန်ကျ #ယခင်ကထက်များနေဆဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 July 2025
၁။ စတော့အိပ်ချိန်းစာရင်းဝင် MAEX ကုမ္ပဏီမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေကျပ် ၂၆ ဘီလီယံကျော်ရရှိခဲ့ဟုဆို
၂။ EV ယာဉ်တင်သွင်းသူများ After-Sale Service ကို လည်းဆောင်ရွက်ပေးနိုင်ရမည်
၃။ ၂၄ နာရီအတွင်း ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ရောက်နိုင်
၄။ ဂျပန်၌ဆန်ဈေးနှုန်း(၄)ပတ်ဆက်တိုက်ပြန်ကျလာသော်လည်း ယခင်ကထက်များနေဆဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မတ်၂၈ရက်မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပြည်သူများရဲ့နေအိမ်များ ပြန်လည်ပြုပြင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်တဲ့ ဘိလပ်မြေအိတ် ၅ ဒသမ ၃၄၄ သန်း ထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 July 2025
#ဘိလပ်မြေအိတ် #ထောက်ပံ့ပေးအပ်
#YMG/SW #Yangon_Times
လာမယ့် ၂၄နာရီအတွင်း ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ရောက်နိုင်တာကြောင့်မြစ်ကမ်းအနီးနေထိုင်သူတွေ သတိထားနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းက အသိပေးလာပါတယ်။
#Local_News
Published 2 July 2025
#ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ရောက်နိုင် #မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
လျှပ်စစ်သုံးယာဉ်(EV)တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ တင်သွင်းမယ့်လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်တဲ့ အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနဲ့ ရောင်းချပြီးနောက်ပိုင်းပြင်ဆင်မှုများ (After-Sale Service) ကို ဆောင်ရွက်နိုင်တဲ့ အစီအမံတွေထားရှိရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
#Local_News
Published 2 July 2025
#After-Sale Service #EV ယာဉ်တင်သွင်းသူများ
#YMG/SW #Yangon_Times
ရန်ကုန်စတော့အိပ်ချိန်းရဲ့စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ တညင်းကုန်းလက်ကားဈေးကြီးကို စီမံခန့်ခွဲလည်ပတ်နေတဲ့ မြန်မာအက်ဂရိုအိတ်(စ)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) အနေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေကျပ် ၂၆ ဘီလီယံကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 2 July 2025
#စတော့အိပ်ချိန်းစာရင်းဝင် #MAEX
#YMG/NN #Yangon_Times
#Local_News
Published 2 July 2025
▪️ ဇူလိုင်လ၁၉ရက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်ဂါရဝပြုကြမည့်ပြည်သူများ လိုက်နာရမည့်အချက်များ နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်၊သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်၊ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန် စသည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ ပါရှိပြီး
ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်ခွင့်မပြုကြောင်း ဖော်ပြထားသည်။
▪️ သတ်မှတ်နေရာများတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာရန်လည်း အသိပေးထားသည်။
▪️ ထို့ပြင် သက်ဆိုင်ရာနေရာများ၌ တာဝန်ထမ်းဆောင်နေသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 2 July 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၉/၇)နှင့် (၁၂၀/၀)ကြားတွင်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲလမ်းမကြီးဘေးမြောင်းထဲသို့ ထိုးကျမှုတစ်ခု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ၁.၇.၂၀၂၅ရက်၊ညေန ၁၆နာရီ၅၀မိနစ်အချိန်ခန့်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၉/၇)နှင့်(၁၂၀/၀)ကြားတွင်နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့၊ မောင်းနှင်လာသော SUZUKI CIAZ အမျိုးစား(အဖြူ)ရောင်ယာဉ်သည် အဆိုပါမိုင်တိုင်အရောက်တွင်အရှိန်မထိန်းနိုင်ဘဲ၊လမ်းမကြီးဘေးမြောင်းထဲသို့ ထိုးကျကာရပ်တန့်သွားခဲ့ခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ၁၁၅မိုင်(ဖြူး)အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်၊(၁+၄)ဦး၊၁၁၅ မိုင်(ဖြူး)အမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၃+၇)ဦးနှင့်အတူကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက်ဆောင်ရွက်ခဲ့ရာယာဉ်မတော်တဆမှုကြောင့်ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၃)ဦးအနက် ကျား(၁)ဦး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်ဖြူးမြို့နယ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#World_News
Published 02 July 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါအဲဗားဂလိတ်စ်မှ ဝေးလံလှတဲ့ ရွှေ့ပြောင်းသူများ ထိန်းသိမ်းရေးစခန်းတစ်ခုဖြစ်တဲ့ 'အယ်လီဂေတာအယ်ကာထရက်ဇ်'ထံ အင်္ဂါနေ့က သွားရောက်လည်ပတ်ခဲ့ပါတယ်။
▪️ ရီပတ်ဘလစ်ကန်တွေကတော့ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်များအတွက် အသုံးစရိတ်ဥပဒေကြမ်းတစ်ခုကို အရှိန်မြှင့်တင် လုပ်ဆောင်နေပါပြီ။
▪️ ဒီစခန်းဟာ မိုင်ယာမီကနေ ၃၇ မိုင်အကွာမှာရှိပြီး မိကျောင်းများ၊ စပါးအုံးမြွေများနေထိုင်တဲ့ အပူပိုင်းနေရာကြီးဖြစ်ပါတယ်။
▪️ သမ္မတဂျိုးဘိုင်ဒင်လက်ထက်က အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရခဲ့တဲ့ ရွှေ့ပြောင်းသူများကို ရှင်းလင်းဖို့ကြိုးပမ်းနေခြင်းကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
▪️ ထရမ့်က အလှောင်ပိတ်နေရာထဲမှ အိပ်ရာလွတ်တွေကို လှည့်လည်ကြည့်ရင်း "အပြင်ကိုကြည့်လိုက်ရင် ခရီးထွက်လို့ကောင်းတဲ့နေရာမျိုး မဟုတ်ပါဘူး။ စိုစွတ်မြေတွေ ဝိုင်းရံနေပြီး တစ်ခုတည်းသောထွက်ပေါက်က နေရပ်ပြန်ပို့ခံရခြင်းပါပဲ" လို့ ပြောသွားပါတယ်။
▪️ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ထိုနေရာသို့ အမျိုးသားအစောင့်တပ်သား ၁၀၀ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။
▪️ ထိန်းသိမ်းရေးစခန်း ဖွင့်လှစ်ခြင်းကို ကြေညာတဲ့အနေနဲ့ အမေရိကန်အရာရှိတွေက မိကျောင်းများ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဦးထုပ်ဆောင်းထားတဲ့ ပုံကိုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ကြသလို ဖလော်ရီဒါ ရီပတ်ဘလစ်ကန်ပါတီကလည်း မိကျောင်းဒီဇိုင်းများပါဝင်တဲ့ အဝတ်အထည်များ ရောင်းချနေကြပါတယ်။
▪️ ဒါပေမဲ့ ဒီစခန်းကြီး တည်ဆောက်ခြင်းကနေ ဓာတ်အားပေးစက်ကြီးများ အသုံးပြုရတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တယ်ဆိုပြီး ပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့နှစ်ခုက အမေရိကန်ခရိုင်တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။
▪️ ဒေသတွင်းခေါင်းဆောင်အချို့ကလည်း ဒါကိုဆန့်ကျင်နေသလို ဆန္ဒပြသူတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
#Source: Reuters
#Local_News
Published 2 July 2025
▪️ မန္တလေးမြို့တွင်း၌ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် CCTV ကင်မရာများ ကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျှက်ရှိရာ လတ်တလောတွင် CCTV ကင်မရာပေါင်း (၁၅၀)ကျော် ပြင်ဆင်ပြီးပြီ ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ CCTV ကင်မရာများသည် ပြီးခဲ့သည့် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ရာ ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာနမှ လတ်တလောတွင်အဓိကလမ်းများ၊ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများအား ပြင်ဆင် ထိန်းသိမ်းမှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
▪️ မန္တလေးမြို့၌ ကင်မရာ (၃၄၀) ကျော်ရှိရာ ငလျင်ကြီးဒဏ်ကြောင့် အချို့ကင်မရာများမှာ ငိုက်ဆင်းသွားခြင်း၊ တိုင်လဲကျခြင်းနှင့် ကြိုးပြုတ်ခြင်းများ ဖြစ်ခဲ့ရာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများကို နေ့စဥ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 02 July 2025
▪️ နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိတဲ့ မြေပုံတစ်ခုကနေ ဘီဇန်တင်အင်ပါယာမှ ပျောက်ဆုံးနေတဲ့မြို့တစ်ခုကို တွေ့ရှိခဲ့ပါတယ်။
▪️ Madaba Mosaic မြေပုံကို အေဒီ ၅၂၇ - ၅၆၅ အင်ပါယာဂျက်စတီနီယံ အုပ်စိုးစဉ်ကာလက ဖန်တီးခဲ့တာဖြစ်ပြီး ဂျော်ဒန် အထွတ်အမြတ်ဒေသတွေထဲက နေရာပေါင်း ၁၅၇ နေရာ ပါဝင်ပါတယ်။
▪️ မူတာတက္ကသိုလ် ရှေးဟောင်းသုတေသန တွဲဖက်ပရော်ဖက်ဆာ မူဆာလမ်ယ်ရာဝါနာက တွေ့ရှိဖော်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ သယ်ရေ့စ်လို့ခေါ်တဲ့ မြို့ကို ၂၀၂၁ ခုနှစ်က စတင်ရှာဖွေခဲ့ရာ နောက် ၄ နှစ်အကြာမှာ တွေ့ရှိခဲ့ပြီလို့ ရှေးဟောင်းတူးဖော်ရေး သုတေသီများ ယူဆခဲ့ကြပါတယ်။
▪️ ထိုနေရာမှာ ရောင်စုံမှန်ကြမ်းပြင်များ၊ ဖန်ထည်ပစ္စည်းများ၊ ကိရိယာအမျိုးမျိုး တွေ့ရှိခဲ့သဖြင့် မြို့ဟောင်းတစ်ခု ရှိခဲ့ဖွယ်ရှိကြောင်း သုတေသီများပြောပါတယ်။
▪️ Madaba Mosaic မြေပုံမှ ပျောက်ဆုံးနေတဲ့မြို့ရဲ့ ဂိတ်တံခါးတွေ၊ အပျက်အစီးနေရာတွေ၊ မျှော်စင်တွေက တွေ့ရှိခဲ့တဲ့ သယ်ရေ့စ်နဲ့ ကိုက်ညီနေတာကြောင့် သုတေသီတွေက အသေအချာ ဆိုလာတာဖြစ်ပါတယ်။
▪️ ထိုနေရာမှာ ဂရိနဲ့ လက်တင်အရေးအသား စာထွင်းများ တွေ့ရှိတာကြောင့်လည်း ဒီနေရာမှာ ခရစ်ယာန်ဘာသာ ရှိခဲ့မယ်လို့ ယူဆရပါတယ်။
▪️ သယ်ရေ့စ်နဲ့ ဘုရားကျောင်းတည်ဆောက်ပုံကို တွေ့ရှိတာဟာ ယဉ်ကျေးမှုအရသာမက အထွတ်အမြတ်နေရာနဲ့ သွားလာလည်ပတ်ရေးနေရာလည်း ဖြစ်ခဲ့နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
▪️ သယ်ရေ့စ်မြို့က ဘာသာတရားသာမကက စီးပွားရေးပေါကြွယ်ဝခဲ့ဟန်လည်း ရှိပါတယ်။
#Source: WION
Page 364 of 2057