မြန်မာယူ - ၁၂အသင်းဟာ U - 12 Junior Soccer World Challenge 2024 ပြိုင်ပွဲမှာ ဂျပန်အသင်းနှစ်သင်းကိုတစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 20 August 2024
#World_Challengeပြိုင်ပွဲ #တစ်ပွဲနိုင်၊တစ်ပွဲသရေရ
#YMG/tthl #Yangon_Times
အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်လေးလတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော်ရှိထားပြီး စင်္ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 20 August 2024
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #စင်္ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံ
#YMG/NN #Yangon_Times
မြန်မာပြည်ရဲ့ ပထမဆုံးသော Professional Boxing ပြိုင်ပွဲကို ဒီကနေ့ နေ့လယ်၂နာရီမှာ ရန်ကုန်မြို့က သုဝဏ္ဏဘောလုံးကွင်းဝင်း အတွင်းမှာ ကျင်းပသွားမယ်လို့ MBC က သိရပါတယ်။
#Local_News
Published 20 August 2024
#Professional_Boxingပြိုင်ပွဲ #မြန်မာပြည်ရဲ့ပထမဆုံး
#YMG/NN #Yangon_Times
ဖိလစ်ပိုင်အပါအဝင် အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားတာနဲ့ အချို့နိုင်ငံတွေမှာ သေဆုံးမှုတာတွေ တွေ့နေရတဲ့အတွက် မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ မကူးစက်အောင် နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်တွေမှာ စောင့်ကြပ်ထိန်းချုပ်သွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 20 August 2024
#မျောက်ကျောက်ရောဂါ #စောင့်ကြပ်ထိန်းချုပ်
#YMG/tthl #Yangon_Times
၂၀ ဩဂုတ် ၂၀၂၄
တောင်ကိုရီးယားတပ်တွေက အမေရိကန်တပ်တွေနှင့် ပူးတွဲစစ်ရေးလေ့ကျင့်နေတဲ့အပေါ် တောင်ကိုရီးယားတွေက ကန့်ကွက် ခဲ့ကြပါတယ်။
ဒီလိုလုပ်တာဟာ ကိုရီးယားကျွန်းဆွယ်ကို ပဋိပက္ခနှင့်ပိုနီးလာအောင်လုပ်တာ လို့ သူတို့ကပြောကြပါတယ်။
Source CCTV
#Local_News
Published 20 August 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ အထက်ပန်းဆိုးတန်းလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၁၉ ရက်နေ့၊ ညနေ ၇နာရီ ၂၁ မိနစ်အချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာခဲ့ရာ ၇နာရီ ၂၆ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 20 August 2024
▪️ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမှာ အနိုင်ရပါက ယင်းရဲ့ ဘီလျံနာသူမိတ်ဆွေ အီလွန်မက်စ်ကို ရာထူးနေရာတစ်ခု ကမ်းလှမ်းသွားရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ ပန်ဆယ်လ်ဗေးနီးယား ယော့ခ်မှာပြုလုပ်တဲ့ စည်းရုံးရေးပွဲတစ်ခုမှာ လျှပ်စစ်ကားများအတွက် ဒေါ်လာ ၇၅၀၀ အခွန်ခရက်ဒစ်အကြောင်း ရိုက်တာက ထရမ့်ကို မေးမြန်းပြီးနောက် အခုလို ပြောလာတာ ဖြစ်ပါတယ်။
▪️ ထရမ့်က ထိုကိစ္စကို အဆုံးသတ်ရန် စဉ်းစားထားပြီး တက်စ်လာစီအီးအို အီလွန်မက်စ်ကို အစိုးရဝန်ကြီးအဖွဲ့ ဒါမှမဟုတ် အကြံပေးရာထူးတစ်နေရာမှာ ခန့်အပ်ရန် အခွင့်အရေး ပေးထားတယ်လို့ ပြောပါတယ်။
▪️ "သူက အလွန်ထက်မြက်သူဖြစ်ပြီး သူသာ တာဝန်ကိုလက်ခံရင် ပေးအပ်သွားမယ်"လို့ ထရမ့်က ဆိုပါတယ်။
▪️ မက်စ်ရဲ့ ဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့အပတ်က ဘီလျံနာနှစ်ဦး နှစ်နာရီကြာ အပြန်အလှန်ပြောဆိုကြတာနဲ့ အညီ ထရမ့်က စီစဉ်လာတာ ဖြစ်ပါတယ်။
▪️ အခွန်နဲ့ ပတ်သက်လို့ သေချာကြည့်ရှုပြီး အခွန်ပေးသူတွေရဲ့ ငွေတွေကို ကောင်းမွန်စွာ သေချာသုံးစွဲနိုင်ဖို့ အစိုးရမှ ထိရောက်တဲ့ကော်မရှင်တစ်ခု ရှိရင်ကောင်းမယ်လို့ ထင်ကြောင်း၊ ဒီကော်မရှင်ကို ကျေနပ်စွာ ကူညီသွားလိုကြောင်း မက်စ်က ထရမ့်ကို ပြောပါတယ်။
▪️ အဆိုပါ ကော်မရှင်ရဲ့ ရည်ရွယ်ချက်က အစိုးရအသုံးစရိတ်ကို လျှော့ချရန် ဖြစ်ပါတယ်။
▪️ မက်စ်က တွစ်တာကို ဝယ်ယူပြီးနောက် ဝန်ထမ်းအများစုကို အလုပ်ဖြုတ်ချပစ်ခဲ့ပါတယ်။
▪️ ၂၀၂၂ ခုနှစ်က အလုပ်ခွင်နေရာ အခြေအနေ ဆိုးရွားတဲ့အကြောင်း တိုင်ကြားလာကြတာကို မက်စ်က ရာဇသံတစ်ခုပေးခဲ့ရာ အလုပ်ချိန်ကြာရှည်စွာ ကြိုးကြိုးစားစား လုပ်ကိုင်မလား ဒါမှမဟုတ် ၃ လစာဒဏ်ကြေး ပေးဆောင်မလားလို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။
▪️ ထိုနှစ်ယောက်ဟာ ယခင်က ဆက်ဆံရေး အဆင်မပြေခဲ့ဖူးပေမယ့် ယခုတော့ ပြောင်းလဲသွားပုံ ပေါ်ပါတယ်။
▪️ ကြာသပတေးနေ့က ထရမ့်ဟာ ယင်းနဲ့ မက်စ်တို့ ကနေတဲ့ ဗီဒီယိုအတုကို X ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
▪️ ယခင်က မက်စ်ဟာ ထရမ့်ကို ဝေဖန်ခဲ့ဖူးသလို ထရမ့်သမ္မတဖြစ်စဉ်က စီးပွားရေးအကြံပေးအဖွဲ့မှာ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပြီး ထရမ့်လုပ်ကြံခံရပြီးနောက်ပိုင်း ထောက်ခံအားပေးခဲ့သူလည်း ဖြစ်ပါတယ်။
#Source: HuffPost
#World_Health
Published 20 August 2024
▪️ WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၂ နှစ်အတွင်း ဒုတိယအကြိမ် ကြေညာလိုက်ပါတယ်။
▪️ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ထိုရောဂါပျံ့ပွားပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ ကူးစက်ပြီးနောက် အခုလို ကြေညာလာတာ ဖြစ်ပါတယ်။
▪️ မျောက်ကျောက်ရောဂါက သတ္တဝါတွေကစတင်တဲ့ ရောဂါဖြစ်ပြီး အော်သိုပေါက်စ်ဗိုင်းရပ်စ် အစိတ်အပိုင်းဖြစ်တဲ့ မျောက်ကျောက်ဗိုင်းရပ်စ် (MPXV)ကြောင့် ဖြစ်ပွားပါတယ်။
▪️ အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်း သစ်တောဒေသတွေမှာ ပျံ့ပွားနေတာ ဖြစ်ပေမယ့် လတ်တလောမှာတော့ အခြားနိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံ့လာပါတယ်။
▪️ ထိုဗိုင်းရပ်စ်က တိရိစ္ဆာန်မှ လူသားတွေထံ ကူးစက်နိုင်သလို လူသားအချင်းချင်းလည်း ကူးစက်နိုင်ပါတယ်။
▪️ ရောဂါကူးစက်ထားတဲ့ တိရိစ္ဆာန်တွေရဲ့ သွေး၊ ခန္ဓာကိုယ်အရည်များနဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အခါ လူသားတွေဆီ ကူးစက်တတ်ပါတယ်။
▪️ လူသားချင်း ကူးစက်မှုမှာတော့ အရေပြားဒဏ်ရာ၊ အသက်ရှူလမ်းကြောင်းမှ ထွက်လာတဲ့ အစက်အမှုန်၊ ရောဂါပိုးရှိနေတဲ့ အရာတွေထိတွေ့ခြင်းဖြင့် အဓိကကူးစက်ပါတယ်။
▪️ ဗိုင်းရပ်စ်က ပေါက်ပြဲနေတဲ့ အရေပြားနေရာ၊ အသက်ရှူလမ်းကြောင်းတို့ကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တတ်ပါတယ်။
▪️ ရောဂါလက္ခဏာအနေနဲ့ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်းတို့ ဖြစ်တတ်ပြီး ၂ ပတ်ကနေ ၄ ပတ်ကြာအောင် အဖုအပိမ့်များ ဖြစ်လာတတ်ပါတယ်။
▪️ ရောဂါက အလိုအလျောက် သက်သာတတ်ပေမယ့် ကလေးတွေနဲ့ ကိုယ်ခံအားနည်းတဲ့ သူတွေမှာတော့ ဆိုးရွားတတ်ပါတယ်။
▪️ မျောက်ကျောက်ရောဂါကို လူသားမှာ ပထမဆုံးတွေ့ရှိခဲ့တာဟာ ၁၉၇၀ ခုနှစ်က ကွန်ဂိုနိုင်ငံမှာပဲ ဖြစ်ပါတယ်။
▪️ ၁၉၅၈ ခုနှစ်မှာ မျောက်တွေမှာ ဦးစွာတွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ နာမည်ပေးခဲ့ပါတယ်။
▪️ ယခု ၂၀၂၄ မှာ ကွန်ဂိုမှာကူးစက်တဲ့ ဗိုင်းရပ်စ်က မျိုးဗီဇကွဲအသစ် clade lb ဖြစ်ပြီး အိမ်နီးချင်း ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန်ဒါတို့ကိုပါ ပျံ့နှံ့လာပါတယ်။
▪️ ဒီမျိုးဗီဇကွဲက ကူးစက်နှုန်းမြန်ပြီး ယခုနှစ် အာဖရိကမှာ ကူးစက်သူပေါင်း ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၁၇ ဦးရှိထားပါတယ်။
▪️ လက်ရှိမှာ JYNNEOS ၊ Imvamune ၊ Imvanex စတဲ့အမည်ဖြင့် ရောင်းချနေတဲ့ MVA-BN ကာကွယ်ဆေးကသာ အမေရိကန် FDA မှအသိအမှတ်ပြုထားတဲ့ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးဖြစ်ပါတယ်။
▪️ မျောက်ကျောက်ရောဂါနဲ့ ထိတွေ့နိုင်ခြေများတဲ့ သူတွေမှာ အဆိုပါကာကွယ်ဆေး ထိုးနှံကြဖို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတွေက အကြံပြုထားပါတယ်။
#Source: India Today
#World_Health
Published 20 August 2024
▪️ ပန်းသီးက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ သိကြပေမယ့် ပန်းသီးဘယ်အရောင်က ပိုပြီးအာဟာရ ဖြစ်လဲဆိုတာတော့ သိပ်ပြီးမသိကြပါဘူး။
▪️ အရောင်အနေနဲ့ဆိုရင် ပန်းသီးမှာ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်နဲ့ တစ်ခါတလေမှာ အရောင်ရောစပ်တယ်လို့ နယူးယော့ခ် ပန်းသီးအဖွဲ့အစည်းမှ ကယ်လီစပရင်ဂျာက ပြောပြပါတယ်။
▪️ ပန်းသီးမှာ အမျိုးအစားနဲ့ အရောင်ကွဲတွေ ရှိပေမယ့် အာဟာရပိုင်းနဲ့ ပတ်သက်ရင်တော့ ပန်းသီးမျိုးကွဲတွေကြား ခြားနားမှု သိပ်မရှိဘူးလို့ ဆိုပါတယ်။
▪️ ပန်းသီးအနီရင့်ရောင်လိုမျိုးကတော့ အရောင်ဖျော့တဲ့ အသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုမိုများပြားတတ်တယ်လို့ စပရင်ဂျာက ပြောပါတယ်။
▪️ တစ်နေ့ကို ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆေးခန်းသွားစရာမလိုဘူးဆိုတဲ့ ယူဆချက်လည်းက အတိုင်းအတာတစ်ခုထိ မှန်ကန်နေတယ်လို့ ဘော့စ်တွန်ကလေးဆေးရုံမှ ဒိုင်အန်းလင်ဆေးအက်ဒ်လာက ဆိုပါတယ်။
▪️ ပန်းသီးဟာ နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာအပါအဝင် ရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
▪️ ပန်းသီးကို အနီရောင်ဖြစ်စေတဲ့ အန်သိုဆိုင်ယာနင်ဓာတ်ဆိုရင် စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းဓာတ်တိုးခြင်းကို လျှော့ချပေးပါတယ်။
▪️ ပန်းသီးအစိမ်းရောင်ကတော့ နောက်ထပ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ကလိုရိုဖီးလ်ကြောင့် အစိမ်းရောင် ဖြစ်ပေါ်ပါတယ်။
▪️ ကလိုရိုဖီးလ်ဟာ ကင်ဆာအကျိတ်များ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ပန်းသီးအဝါမှာ ပါဝင်တဲ့ ကယ်ရိုတင်နွိုက်က အချို့သောကင်ဆာတွေနဲ့ မျက်လုံးရောဂါတို့ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
▪️ ပန်းသီးအစိမ်းရောင်က သကြားဓာတ်နည်းပြီး အမျှင်ဓာတ်ကြွယ်ဝပါတယ်။
▪️ အရောင်စပ်ပန်းသီးတွေကတော့ ရေဓာတ်ပါဝင်မှုများပြီး အာဟာရမျှတစေပါတယ်။
▪️ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဖလေဗိုနွိုက်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
▪️ လေ့လာချက်အရ တစ်နေ့ကို ပန်းသီး တစ်လုံးနဲ့အထက် စားသုံးတဲ့အမျိုးသမီးတွေဟာ ပန်းသီးမစားသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့နည်းပါတယ်။
▪️ ပန်းသီးမှာပါဝင်တဲ့ ပက်တင်က အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ထောက်ပံ့ပေးသဖြင့် အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေပါတယ်။
▪️ ပိုတက်ဆီယမ်က သွေးကြောတွေကို ပြေလျော့စေသဖြင့် သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးနိုင်ကာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ လျှော့ချပေးပါတယ်။
#Source: New York Post
ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားစက်ခေါင်း တရုတ်နိုင်ငံတွင် မကြာခင်စတင်ပြေးဆွဲမည်
တရုတ်ပြည်ရဲ့ ပထမဆုံးသော စွမ်းအားမြင့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မီးရထားစက်ခေါင်းဟာ စတင်လည်ပတ်တော့မှာဖြစ်ပြီး အမြင့်ဆုံးစွမ်းအား ၂၄၀၀ ကီလိုဝပ်နဲ့ တင်ဆောင်နိုင်တဲ့ အများဆုံးအလေးချိန် တန်ချိန် ၁ သောင်းရှိပါတယ်။
#Asia_Development
Published 19 August 2024
#ဟိုက်ဒရိုဂျင်စွမ်းအင်သုံး #ရထားစက်ခေါင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 August 2024
၁။ စားသုံးဆီဖူလုံအောင် နေကြာကို ဧက(၁)သန်းကျော် တိုးချဲ့စိုက်ပျိုးမည်
၂။ ရေနစ်မြှုပ်သည့်ကွမ်းခြံများကို အစာကျွေးခြင်းရပ်နား၍ အရိပ်ထပ်ခြင်းအပါအဝင် အမြစ်သစ် ရရှိရန် ကနဦးဆောင်ရွက်သင့်ဟုဆို
၃။ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားကျင်းပပြီး ငြိမ်းချမ်းရေးဂျိုးငှက်များ ဘေးမဲ့လွတ်ခဲ့
၄။ ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်း တရုတ်နိုင်ငံတွင် မကြာခင်စတင်ပြေးဆွဲမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပတဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ၁၃၈၆ခု ဝါခေါင်လပြည့်နေ့ မနက် ၅ နာရီမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 19 August 2024
#ရွှေတိဂုံစေတီတော် #မေတ္တာအခါတော်နေ့
#YMG/NN #Yangon_Times
Page 362 of 1733