#Local_News
Published 10 September 2025

▪️ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့်ဂျပန်နိုင်ငံသို့သွားရောက်ရန် မြန်မာလုပ်သား၈၇ဦးကို OWIC ကတ်ပြုလုပ် ခွင့်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က အသိပေးထားသည်။

▪️ ခွင့်ပြုအမည်စာရင်းများကို Safe Migration Channel တွင် ဖော်ပြထားပြီး အဆိုပါ (၈၇)ဦးသည် ၁၁-၉-၂၀၂၅ ရက်နေ့တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ပြီး ၁၂-၉-၂၀၂၅ရက်နေ့တွင် OWIC  ကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း၊သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ်ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်‌ကြောင်း သိရသည်။

▪️ ထို့အပြင်အေဂျင်စီများအနေဖြင့် OWIC ရရှိပြီးသည့်အလုပ်သမားများအတွက်စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက်အား   (ရက်သတ္တတစ်ပတ်အတွင်း ) ဖော်ပြပြီး စေလွှတ်မည့်အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ် မိတ္တူတိုနှင့်အတူ Excel Soft Copy ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ This email address is being protected from spambots. You need JavaScript enabled to view it. သို ပြန်လည်တင်ပြရမည်ဖြစ်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times