#Local_News
Published 10 September 2025
▪️ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့က ကျင်းပသည့်မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိင်းအစည်းအဝေးနှင့် စီမံကိန်းကြီးကြပ်မှုကော်မတီ ညှိနှိင်းအစည်းအဝေးတွင်ပြောကြားခဲ့သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း၊ ဘိလပ်မြေစက်ရုံများအနေဖြင့် ကျောင်းသား ကျောင်းသူများ လက်တွေ့လာရောက် ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
▪️ ထို့ပြင့်ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနှင့် ဆက်စပ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
▪️ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့မည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းရရှိပြီးဖြစ်ကြောင်းလည်းသိရသည်။
#YMG/SW #Yangon_Times