၉ ဇူလိုင် ၂၀၂၅
ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာ ကုသိုလ်ပြသူ ပြည်သူအပေါင်းနှင့် စည်ကားလျက်ရှိနေပုံကို နန်းတော်ရှေ့ဆရာတင် ရေးစပ်ပြီး ဝင်းဦသီဆိုခဲ့သည့် “ ဓမ္မစကြာÓ ဓမ္မတေးဖြင့် သရုပ်ဖော်၍ ရုပ်သံတင်ဆက်ထားပါသည်။
Video-mnn-ymg
#World_Health
Published 09 July 2025
▪️ အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေး (FDA)က ဆေးထိုးသွင်းရတဲ့ HIV ကာကွယ်ဆေး lenacapavir ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ပြီး ဒီဆေးဟာ ၁၀၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိကာ တစ်နှစ်ကို နှစ်ကြိမ်သာထိုးပေးရမှာ ဖြစ်ပါတယ်။
▪️ လက်တွေ့စမ်းသပ်ချက်များအရ lenacapavir ဟာ ကိုယ်အလေးချိန် ၃၅ ကီလိုဂရမ်အထက်ရှိသူတွေမှာ လိင်ကြောင့်ကူးစက်တတ်တဲ့ HIV ရောဂါကို ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိအောင် ကာကွယ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ဒီဆေးဟာ အစောပိုင်းအဆင့်တွေမှာ ဗိုင်းရပ်စ်ပရိုတိန်း လုပ်ဆောင်ချက်ကို နှောင့်ယှက်ခြင်းဖြင့် HIV မျိုးပွားခြင်းကို တားဆီးပေးတာဖြစ်ပါတယ်။
▪️ ၆ လတစ်ကြိမ်ဆေးထိုးပေးတိုင်း ဒီလိုမျိုး လုပ်ဆောင်ပေးနေမှာ ဖြစ်ပါတယ်။
▪️ Yeztugo ဟာ ဆေးပညာမှာ အောင်မြင်မှုအကြီးဆုံးတွေထဲကတစ်ခု ဖြစ်လာပြီး HIV ကပ်ဆိုးကြီးကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ Gilead စီအီးအို ဒန်နီယယ်အိုဒေးက ပြောပါတယ်။
▪️ Gilead ကုမ္ပဏီကနေ Yeztugo အမှတ်တံဆိပ်ဖြင့် ၂၀၂၆ မှာ ဆေးပေါင်း ၁၀ သန်းထုတ်လုပ်ဖို့ စီစဉ်ထားကာ ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာ ရရှိနိုင်အောင် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ သူ့ရဲ့ဈေးနှုန်းက အခက်အခဲဖြစ်လာနိုင်ပြီး လူတစ်ယောက်အတွက် တစ်နှစ်ကို ၂၈,၂၁၈ ဒေါ်လာ ခန့် ကျသင့်မှာဖြစ်တာကြောင့် HIV ဝေဒနာရှင်အများဆုံးရှိနေတဲ့ အာဖရိကအတွက်တော့ ဈေးနှုန်းတတ်နိုင်မှာ မဟုတ်ပါဘူး။
▪️ ဒီအတွက် အခြားကုမ္ပဏီတွေကို လိုင်စင်ဖြင့် အလားတူဆေးမျိုး ထုတ်လုပ်ခွင့်ပြုသွားနိုင်မည့်နည်းလမ်း ရှိနေပါတယ်။
#Source: WIRED
#World_Science
Published 09 July 2025
▪️ အနာဂတ်ကျရင် မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်က အိုအေစစ်နေရာကျယ်ကြီးတွေမှာ လူသားတွေနေထိုင်ကြတဲ့အကြောင်း စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။
▪️ အပူတန်ပြန်ရိုက်ခတ်တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ မိုးလုံလေလုံနေရာကြီးမှာ အစားအစာတွေ စိုက်ပျိုးမွေးမြူကြမယ်။
▪️ မားစ်ဂြိုဟ်မျက်နှာပြင်ကြီးဆီကို စက်ရုပ်များစေလွှတ်ခဲ့ကြပြီး သူတို့တွေကတော့ မောပန်းခြင်း၊ ဓာတ်ရောင်ခြည်အဆိပ်သင့်ခြင်း၊ အမှုန်အမွှားကူးစက်ခြင်းတို့ မဖြစ်ဘဲ ရှာဖွေစူးစမ်းနိုင်ကြပါတယ်။
▪️ အာကာသစခန်းကြီးတွေ ဂြိုဟ်တုတွေကို ပတ်လမ်းကြောင်းတွေမှာ နေရာချထားကာ AI ဖြင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်နေသလို စကြဝဠာစနစ်ကြီး တစ်ခုလုံးကို အင်တာနက်ကွန်ရက်ကြီးဖြင့် ချိတ်ဆက်ထားပါတယ်။
▪️ ၂၀၄၀ ခုနှစ်အရောက်မှာ ယူကေအပါအဝင် နိုင်ငံ ၂၀ ကျော်လောက်ဟာ အာကာသထဲသို့ ချဲ့ထွင်နေထိုင်ရန် ရည်မှန်းထားပြီး ဈေးကွက်အသစ်တွေ၊ သိပ္ပံနည်းကျအောင်မြင်မှုတွေ ရလာစေမယ့် ရင်းမြစ်များကို ရှာဖွေသွားမှာဖြစ်ပါတယ်။
▪️ အင်္ဂါဂြိုဟ်ပေါ်က အေးခဲရေအနည်များက သောက်သုံးရေ၊ စိုက်ပျိုးရေတို့အတွက် အကူအညီဖြစ်လာနိုင်ပါတယ်။
▪️ ဥရောပအာကာသအေဂျင်စီက မားစ်ပေါ်မှာ ဆောက်လုပ်ရေးကြီးကြီးမားမား ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။
▪️ အာကာသအစအနများ ပြန်လည်အသုံးပြုခြင်းဖြင့် အာကာသဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းဖို့ အကူအညီဖြစ်စေမှာပါ။
▪️ သိပ္ပံနည်းကျ ဖန်တီးအောင်မြင်မှုများနဲ့ ရင်းမြစ်အသုံးချနိုင်စွမ်းတို့အတွက် အာကာသထဲချဲ့ထွင်နိုင်ရန် အရေးကြီးကြောင်း ဥရောပအာကာသအေဂျင်စီက အလေးပေးပြောထားပါတယ်။
#Source: DailyMail
တက္ကဆပ်စ်ကားကောင်တီမှာ သောကြာနေ့အစောပိုင်းက ရေကြီးရေလျှံမှုကြီး ဖြစ်ခဲ့ကာ အနည်းဆုံး ၄၃ ဦးသေဆုံးပြီးနောက် နေရပ်ပြည်သူတွေ ဒုက္ခတွေ့နေပါတယ်။
#World_Crisis
Published 8 July 2025
#တက္ကဆပ်၌မိုးကြီး #လူအများဒုက္ခကြုံတွေ့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 8 July 2025
၁။ အာမခံချက်ရှိသည့် ရောင်းချမှုများအပြင် အားသွင်းရုံများလုံလောက်ပါက EV ကားဈေးကွက်ပိုကောင်းလာနိုင်ဟုဆို
၂။ MRCS က ငလျင်ပြန်လည်ထူထောင်ရေး ၂နှစ်တာကာလအတွင်းဆက်လက်ကူညီသွားမည်
၃။ မုံရွာနှင့်မော်လိုက်မြို့များ၌ ချင်းတွင်းမြစ်ရေနှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိနိုင်
၄။ တက္ကဆပ်၌မိုးကြီးရေလျှံပြီးနောက် လူအများဒုက္ခကြုံတွေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၈ ဇူလိုင် ၂၀၂၅
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ထံ ပေးပို့သောအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏
ကုန်သွယ်အခွန် သဝဏ်လွှာကိစ္စဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားရာ အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။
ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန်ပေးသွင်းမှု အထောက်အထားတွေကိုသတ်မှတ်ချိန်အတွင်း ထုတ်ယူဖို့လိုတယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 8 July 2025
#အခွန်ပေးသွင်းမှုအထောက်အထား #သတ်မှတ်ရက်အတွင်းထုတ်ယူ
#YMG/SW #Yangon_Times
#World_News
Published 08 July 2025
▪️ ရာထူးမှထုတ်ပယ်ခံရတဲ့ ရုရှားပို့ဆောင်ရေးဝန်ကြီးကို မော်စကိုမြို့အပြင်ဘက်မှာ သူ့ကားထဲ သေနတ်ဒဏ်ရာဖြင့် အသက်ဆုံးပါးလျက် တွေ့ရှိခဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ်လို့ ယူဆရကြောင်း စစ်ဆေးရေးမှူးများက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
▪️ လုပ်ငန်းခွင်မှာ လုပ်သက် ၁ နှစ်တောင်မပြည့်သေးတဲ့ အသက် ၅၃ နှစ်အရွယ် ရိုမန်စတယ်ရိုဗွိုက်ကို အကြောင်းအရင်းမပြောဘဲ ရာထူးမှထုတ်ပယ်ကြောင်း သမ္မတအမိန့်ထုတ်ပြန်ပြီး နာရီပိုင်းအလိုမှာပဲ သေကြောင်းကြံစည်ခဲ့တာဖြစ်ပြီး ဒါဟာ စတယ်ရိုဗွိုက်တာဝန်ယူတဲ့ ဒေသမှာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးနဲ့ ဆက်စပ်နေနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။
▪️ အကျင့်ပျက်မှုအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး စတယ်ရိုဗွိုက်ရာထူးနေရာကို မေးခွန်းထုတ်နေခဲ့ကြတယ်လို့ ပို့ဆောင်ရေးလုပ်ငန်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောပါတယ်။
▪️ ယူကရိန်းနဲ့ထိစပ်တဲ့ ခါ့စ်ဒေသမှာ ၂၀၂၂ ခုနှစ်က ဒေါ်လာ ၂၄၆ သန်းကို မှန်ကန်စွာ အသုံးပြုခြင်းရှိမရှိ စုံစမ်းစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက စတယ်ရိုဗွိုက်ဆုံးပါးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေပါတယ်။
▪️ စတယ်ရိုဗွိုက်ပိုင်ဆိုင်တဲ့ ပစ္စတိုကို အလောင်းဘေးမှာတွေ့ရှိရတယ်လို့ မီဒီယာအမျိုးမျိုးက ဖော်ပြထားပါတယ်။
▪️ ရုရှားမီဒီယာအချို့ဖော်ပြချက်အရ အလောင်းကို သူ့ကားအနီး ချုံပုတ်ထဲမှာ ဦးခေါင်းပစ်ခံရတဲ့အခြေအနေမျိုး မြင်တွေ့ခဲ့တယ်လို့လည်း ပြောနေကြပါတယ်။
▪️ စတယ်ရိုဗွိုက်ဟာ ၂၀၂၄ မေလက ပို့ဆောင်ဆက်သွယ်ရေးအဖြစ် တာဝန်မယူခင်မှာ ခါ့စ်ဒေသအုပ်ချုပ်ရေးမှူးအဖြစ် ၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
▪️ အုပ်ချုပ်ရေးမှူးနေရာ ဆက်ခံတဲ့ အဲလက်ဆီစမီယာနော့ဗ်က ငွေအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံရသလို စတယ်ရိုဗွိုက်ကိုလည်း ဒီကိစ္စမှာ ပါဝင်တယ်လို့ ပြောထားပါတယ်။
#Source: Reuters
စစ်ကိုင်းတိုင်းရှိ မုံရွာနဲ့မော်လိုက်မြို့တွေမှာ ချင်းတွင်းမြစ်ရေနှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်မှာထုတ်ပြန်တဲ့ ရေကြီးခြင်း သတိပေးချက်အရ သိရပါတယ်။
#Local_News
Published 8 July 2025
#မုံရွာနှင့်မော်လိုက် #စိုးရိမ်ရေမှတ်ရောက်ရှိ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)အနေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို ငလျင်ပြန်လည် ထူထောင်ရေး ၂နှစ်တာကာလအတွင်းဆက်လက် ကူညီပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 8 July 2025
#MRCS #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
EV လျှပ်စစ်သုံးကားတွေကို အာမခံချက်ရှိတဲ့ ရောင်းချမှု ၊ လျှပ်စစ်မီး မှန်တာ၊ အားသွင်းရုံလုံလောက်တာတွေပြည့်စုံပါက သုံးစွဲသူတွေ ပိုစိတ်ဝင်စား လာကြပြီး ဝယ်ယူသူတွေပိုများလာနိုင်သလို ဈေးကွက်လည်း ပိုကောင်းလာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 8 July 2025
#EVကားဈေးကွက် #မော်တော်ယာဉ်ထုတ်လုပ်ရေး
#YMG/NN #Yangon_Times
#Local_News
Published 8 July 2025
▪️ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် သုံးဦးတွေ့ရှိခဲ့ပြီး နာတာရှည်ရောဂါနှင့် အသက်အရွယ်ကြီးသူများကာကွယ်ဆေး ထိုးနှံရန်တိုက်တွန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) ၏ ယမာန်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ရက်နေ့၊ ည ၈နာရီမှ ဇူလိုင် ၆ရက်နေ့၊ ည ၈နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၃၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃)ဦး တွေ့ရှိရကြောင်း သိရသည်။
▪️ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၆)ရာခိုင်နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း သိရသည်။
▪️ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 357 of 2056