#Local_News
Published 16 September 2025

▪️ မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်း၌ အသင်းဝင်ရောက်လိုသူများကို ဖိတ်ခေါ်နေကြောင်း သိရသည်။

▪️ ထို့အပြင် ယင်းအသင်းသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက်အဆင်ပြေချောမွေ့လာစေရန် နှင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍လည်း “မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်း (Myanmar-China Trade and Investment Promotion Association - MCTIP)"ကို မြန်မာနိုင်ငံမှ ကုမ္ပဏီများ(အကြီး၊ အလတ်၊ အငယ်) နှင့် တရုတ်နိုင်ငံမှ State-own ကုမ္ပဏီများနှင့် ပုဂ္ဂလိကကုမ္ပဏီများ (အကြီး၊ အလတ် ၊ အငယ်)တို့ဖြင့် ဖွဲ့စည်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

▪️ ထို့ကြောင့် အသင်းဝင်ရောက်လိုသည့် လူပုဂ္ဂိုလ်/ကုမ္ပဏီ များအား MCTIP အသင်းတွင် အသင်းဝင်အဖြစ် ပါဝင်ရန်ဖိတ်ခေါ်ထားပြီး အသင်းဝင်နိုင်ရေးအတွက် ပူးတွဲပါအချက်အလက်များကို ဖော်ပြပါ phone, Email, Viber များသို့ ဆက်သွယ်၍ ပြန်လည်ပေးပို့ ပေးရန်လိုအပ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times