#World_Science
Published 07 September 2025

▪️ ဇာတ်ကားကြည့်တာနဲ့ ပတ်သက်ပြီး ဦးနှောက်ကနေ တုံ့ပြန်ပုံဆင်တူတဲ့ သူစိမ်းတွေဟာ မိတ်ဆွေဖြစ်လာနိုင်ခြေ များတယ်လို့ ယူဆရပါတယ်။

▪️ လူ့အသိုင်းအဝိုင်းတွေမှာ လူတွေက စိတ်ချင်းနီးစပ်တဲ့သူတွေနားမှာ ရှိချင်ကြပါတယ်။

▪️ ယခင်လေ့လာချက်တွေမှာလည်း မိတ်ဆွေတွေကြား အာရုံကြောနီးစပ်မှုများအကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

▪️ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကယ်ရိုလင်းပါကင်ဆန်နဲ့ သုတေသနအဖွဲ့က ကျောင်းသား ၄၁ ဦးရဲ့ ဦးနှောက်ဓာတ်မှန်တွေကို ရယူခဲ့ပါတယ်။

▪️ ထိုအတောအတွင်း ကျောင်းသားတွေကို ရသမျိုးစုံပါတဲ့ ဇာတ်ကားအပိုင်း ၁၄ ပိုင်း စီးရီးကို ကြည့်ရှုစေခဲ့ပါတယ်။

▪️ ဒီနောက် တစ်ဦးချင်းစီရဲ့ ဦးနှောက်အစိတ်အပိုင်း ၂၁၄ နေရာမှ အာရုံကြောလှုပ်ရှားမှုများကို ဆန်းစစ်ခဲ့ကြပါတယ်။

▪️ ၈ လထက်ပိုပြီး မိတ်ဆွေဖြစ်တဲ့သူတွေမှာ ဦးနှောက်ထဲက နေရာတစ်ခုမှာ တုံ့ပြန်မှုဆင်တူတာကို တွေ့ခဲ့ကြပါတယ်။

▪️ အချိန်ကြာလာတာနဲ့အမျှ ရင်းနှီးသူတွေ ဖြစ်မလာခင်မှာ စိတ်ချင်းနီးစပ်မှုအပေါ် မူတည်ပြီး ခင်မင်နိုင်တဲ့သဘော မြင်ရပါတယ်။

▪️ လောကကြီးအပေါ် ဘယ်လိုမြင်လဲဆိုတဲ့စိတ်နဲ့ ပတ်သက်ပြီး နီးစပ်တဲ့အခြေအနေကနေ မိတ်ဆွေဖြစ်လာတာ ဖြစ်ပါတယ်။

▪️ စဉ်းစားပုံစဉ်းစားနည်း နီးစပ်သူတွေက ခင်မင်ရင်းနှီးလွယ်သွားကြတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ရော်ဘင်ဒန်ဘာက ပြောပါတယ်။

Source: Newscientist.