#World_Science
Published 07 September 2025
▪️ ဂြိုဟ်မွှား 99942 Apophis ဟာ ၂၀၂၉ မှာ ကမ္ဘာပေါ်ကို ကြီးမားတဲ့ ရိုက်ခတ်မှုကြီးဖြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် အန္တရာယ်မရှိတော့ပါဘူး။
▪️ ဒါပေမဲ့ တကယ်လို့များ ကမ္ဘာကိုထိမှန်ခဲ့ရင် ဘာတွေဖြစ်မလဲ။
▪️ ဂြိုဟ်မွှား 99942 Apophis ရဲ့လမ်းကြောင်းကို အပြိုင်အဆိုင် တွက်ချက်ကြရာမှာ အနည်းဆုံးနှစ် ၁၀၀ ကြာတဲ့အထိ သက်ရောက်မှုမရှိနိုင်ဘူးလို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဂြိုဟ်မွှား 99942 Apophis သာ ကမ္ဘာကိုထိခိုက်ခဲ့ပါက သက်ရှိအဖွဲ့အစည်း အဆုံးသတ်သွားနိုင်လား။
▪️ Apophis သာ ကမ္ဘာကိုထိမှန်ပါက ပေါက်ကွဲအား ၁ သိန်းမဂ္ဂါတန်လောက်ရှိတဲ့ စွမ်းအင်ထွက်ရှိမှာ ဖြစ်ပါတယ်။
▪️ နှိုင်းယှဉ်ကြည့်လိုရင် အကြီးမားဆုံး အပူနျူကလီးယား စမ်းသပ်ချက်တွေဆိုရင် မဂ္ဂါတန်ဆယ်ဂဏန်းလောက် ရှိပါတယ်။
▪️ ထိမှန်ချက်က ၅ ကီလိုမီတာလောက်အထိ တွင်းပေါက်ကြီးဖြစ်နိုင်ကာ လူနေထူထပ်တဲ့နေရာဖြစ်ပါက အပျက်အစီးအဆုံးအရှုံး များပြားနိုင်ပါတယ်။
▪️ သမုဒ္ဒရာထဲကို ကျဆင်းရင် ဒေသနားတဝိုက် ဆူနာမီလှိုင်းကြီးတွေ ဖြစ်လာနိုင်ပါတယ်။
▪️ ဒီလိုမဟုတ်ဘဲ လေထုအမြင့်ကြီးကနေ ပြိုကွဲသွားရင် ပေါက်ကွဲမှုကြီးဖြစ်နိုင်ကာ ဖိအားအလွန်အကျွံ များသွားနိုင်ပါတယ်။
▪️ ၁၉၀၈ ခုနှစ် ဇွန် ၃၀ ရက်နေ့က ဆိုက်ဘေးရီးယားမှာ ဧရာမပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ဆင်တူနိုင်ပြီး ထိုအခါက တောနဲ့သစ်ပင်များ မီးလောင်ကျွမ်းခဲ့ပါတယ်။
▪️ ခရီတေးရှပ်စ်ခေတ်အဆုံးသတ်မျိုးသုဉ်းခြင်း ဖြစ်စေခဲ့တဲ့ မက္ကဆီကိုမှ ချီဇူလပ်ဖြစ်စဉ်လောက်တော့ ပြင်းထန်မှာမဟုတ်ပါဘူး။
Source: WION