#LocalNews
Published _21 March 2022
မုန်တိုင်း၏အရှိန်ကြောင့် ယနေ့ မတ်လ ၂၁ ရက် နံနက်မှ မတ်လ ၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မုန်တိုင်းငယ်၏ အခြေအနေမှာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက်ရေမိုင်(၂၉၅)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၂၅)မိုင်ခန့်၊ မြိတ်မြို့၏အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၉၅) မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်နှင့် ပိုပလဲယား(Port Blair)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။
မုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း နီကိုးဘားကျွန်း(Nicobar Islands)နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက် (၁၂)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုဇလကခန့်မှန်းထားသည်။
အဆိုပါမုန်တိုင်းငယ်(Depression)သည် ယနေ့မတ်လ ၂၁ ရက် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊မတ်လ ၂၃ ရက်တွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု လည်းခန့်မှန်းထားသည်။
မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်၊မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 20 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ အေဝမ်းသိန်းထွဠ်(မောင်စပ်စု) နှင့် သမန်းကျားကိုမြင့်တို့က တစ်ခေတ်တစ်ခါက အထင်ကရဖြစ်ခဲ့တဲ့ အေဝမ်းရုပ်ရှင်သမိုင်းအကြောင်းနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေနှင့်အတူ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ ဗဟုသုတရစရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 20 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ အေဝမ်းသိန်းထွဠ်(မောင်စပ်စု) နှင့် သမန်းကျားကိုမြင့်တို့က တစ်ခေတ်တစ်ခါက အထင်ကရဖြစ်ခဲ့တဲ့ အေဝမ်းရုပ်ရှင်သမိုင်းအကြောင်းနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေနှင့်အတူ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ ဗဟုသုတရစရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
Published - 20 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ အေဝမ်းသိန်းထွဠ်(မောင်စပ်စု) နှင့် သမန်းကျားကိုမြင့်တို့က တစ်ခေတ်တစ်ခါက အထင်ကရဖြစ်ခဲ့တဲ့ အေဝမ်းရုပ်ရှင်သမိုင်းအကြောင်းနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေနှင့်အတူ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ ဗဟုသုတရစရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
Published 20 March 2022
Published 20 March 2022
#အင်ပါယာအငွေ့အသက်ကလွတ်ကင်းလို၍ပြောင်းရွှေ့ခြင်းဟုသမ္မတကပြော
#ထိုနေရာသည်ကံမကောင်းတတ်၍ဖုန်းရွှေအလိုအရပြောင်းခြင်းဖြစ်ဟုဝေဖန်သူများကဆို
ရွေးကောက်ခံတောင်ကိုးရီးယားသမ္မတသစ် ယွန်ဆပ်ယောင်းက သမ္မတအိမ်တော်ကို အင်ပါယာ အိမ်ပြာတော်ကနေ ရွှေ့ပြောင်းမယ်လို့ ကြေညာပါတယ်။ယွန်ဆပ်ယောင်းဟာ ဒီလစောစောပိုင်းက ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ အနိုင်ရခဲ့တာပါ။ သူက မဲဆွယ်ပွဲတွေအတွင်း ၁၉၄၈ခုနှစ်ကတည်းက သမ္မတအဆက်ဆက် ရုံးထိုင်ခဲ့တဲ့အိမ်ပြာတော်ကနေ သမ္မတရုံးကို ရွှေ့ပြောင်းမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲသလိုပြောင်းရွှေ့တဲ့အတွက် စရိတ်ဟာ ကိုးရီးယားဝမ်၅၀ဘီလျံ(အမေရိကန်ဒေါ်လာ ၄၁သန်း)ခန့်ရှိလာနိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတသွားလာရုံးတက်ဖို့ ယာဉ်တွေကျပ်လှတဲ့ ဆိုးလ်မြို့လမ်းအချို့ကို နေ့တိုင်းပိတ်ရမှာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ယွန့်ကို ဝေဖန်သူတွေကတော့ ဒီလို ပြောင်းရွှေ့ဖို့သူ့ဆန္ဒဟာ သူ့ရဲ့ ဖုန်းရွှေပညာအပေါ် ယုံကြည်မှုနှင့်ဆက်စပ်နေတယ်လို့ ပြောဆိုနေကြပါတယ်။ ဖုန်းရွှေပညာဆိုတာ လူသားတွေနှင့် သဘာဝကြီး သဟဇာတဖြစ်ဖို့ အရေးကြီးမှုကို အလေးပေးတဲ့ ရိုးရာဘာသာရေးအလေ့အထတစ်ခုဖြစ်ပါတယ်။ သူ့ကို နတ်ဆရာတစ်ဦးလို့ စွပ်စွဲမှုတွေရှိခဲ့ပေမယ့် သူကမဟုတ်ဘူးလို့ ငြင်းထားပါတယ်။
အိမ်ပြာတော်ဟာ အဲဒီမှာနေတဲ့သူတွေအတွက် ကံမကောင်းခြင်းတွေပဲ ပွားများစေတယ်လို့ ကောလဟလတွေရှိခဲ့ပါတယ်။ သမ္မတတွေဟာ ပြစ်တစ်စွပ်စွဲခံရတာ၊အကျင့်ပျက်ခြစားမှုနှင့် တရားစီရင်ခံရတာ၊ထောင်ကျတာတွေဖြစ်ခဲ့တဲ့နေရာလို့ ဆိုကြပါတယ်။
ဆိုးလ်မြို့မြောက်ပိုင်းတောင်တန်းတွေပေါ် တည်ထားပြီး မိုးပြာရောင်အမိုးကြောင့် အိမ်ပြာတော်လို့အမည်တွင်ခဲ့တဲ့ အဲဒီ အဆောက်အဦတစ်ဝိုက်ကမြေပြင်တွေဟာ တော်ဝင်မင်းမျိုးမင်းနွယ်တွေနေထိုင်ခဲ့ပြီး ဂျပန်က ကိုးရီးယားကိုကျူးကျော် ခဲ့စဉ်မှာ ကိုလိုနီဘုရင်ခံဗိုလ်ချူပ်ကြီးနေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉်၄၈ခုနှစ်ကစပြီး တောင်ကိုးရီးယားသမ္မတတွေ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#LocalNews
Published_20 March 2022
အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် (၆၀)မိုင်ခန့်နှင့်ပိုပလဲယား (Port Blair)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)မှာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၇၀)မိုင်ခန့်၊ ထားဝယ်မြို့ ၏ အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်၊ ကော့သောင်းမြို့ ၏ အနောက်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် (၆၀)မိုင်ခန့်နှင့်ပိုပလဲယား (Port Blair)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်သည်။
ယင်းအပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း ၌ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း ၊ မတ်လ ၂၁ ရက်ထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့ အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ တွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည့်အပြင် မိုးသက်လေပြင်းကျစဉ် ရေပြင်၊မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကာ လှိင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published_20 March 2022
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအား ဘန်ကောက် မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်ကိစ္စ နေ့ချင်းပြီး လုပ်ပေးနေကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ဘတ်ကောက်မြို့ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် စက်တစ်စုံထပ်မံတိုးချဲ့ တပ်ဆင်ခြင်း၊ ဝန်ထမ်းအင်အားတိုးမြှင့်ခန့်ထားခြင်း၊ ကောင်စစ်ခန်းမတိုးချဲ့ဆောက် လုပ်ခြင်းများ စီစဉ်လျက်ရှိကြောင်း၊ ယခုအခါ သာမန်နိုင်ငံကူးလက်မှတ်နှင့် MOU အလုပ်သမားတို့ ၏နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းများကို မတ်လ ၁၄ ရက်ကစ၍နေ့ချင်းပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန် မတ်လ ၂၁ ရက်နေ့က စပြီးတော့ ကြိုတင်ရက်ချိန်း ချိန်းဆိုတဲ့စနစ်နဲ့ တစ်နေ့ကိုလူ အယောက် ၄၀၀ ကျော် ကို နေ့ချင်းပြီးလုပ်ပေးမယ်လို့ သိရတယ်"ဟု မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။
လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်နှင့်အတူ သံရုံးသို့ ကိုယ်တိုင်လာရောက်၍ တိုကင် (Token) ရယူပြီး ချိန်းဆိုရက်တွင် သံရုံးသို့ သွားရောက်ရမည် ဖြစ်ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်နှင့် ထောက်ခံစာပြုလုပ်လို သည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ရက်ချိန်းရယူရန် လုံးဝမလိုဘဲ တိုက်ရိုက်သွားရောက် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
ymg/mt
Yangon_Media_Group
#LocalNews
Published -20 Mar 2022
မတ်လ ၂၀ရက်နေ့ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ရာအိမ်မှူးဟောင်းတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက်၁၁နာရီအချိန်ခန့်က သန်လျင်မြို့.နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ ပါရမီလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ရာပစ်ခတ်ခံရသူမှာ ဗိုလ်ချုပ်ကျေးရွာနေသူ ရပ်ကွက်ရာအိမ်မှူးဟောင်းဦးထွေးသိန်းဆိုသူဖြစ်ကာစက်ဘီးစီးလာစဥ် အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
'စစ်ဆေးချက်အရ ရာအိမ်မှူးဟောင်းတစ်ဦးဖြစ်ပါတယ်။ သေနတ်ဒဏ်ရာသုံးချက်ရရှိပြီးသေဆုံးသွားပါတယ် ပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးထွေးသိန်း တွင် ယာတင်ပါး ဖောက်ထွင်းဒဏ်ရာ နှစ်ချက်နဲ့ခါးဖောက်ထွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့တာဖြစ်ပြီးပစ်ခတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 20 Mar 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့ နယ်၊ ရွှေပြည်သာမြို့နယ်တို့ တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိခဲ့ တယ်လို့ မူးယစ်ဆေးဝါးနဲ့တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
မတ်လ ၁၉ ရက်နေ့ နံနက်၁၁နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ၀င်များပါ၀င်သော ပူးပေါင်း အဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့ နယ်၊ (၂)ရပ်ကွက်၊ ဆရာစံလမ်းတွင် လမ်းလျှောက်လာသူ အောင်နိုင်သူ အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပေါ်ပေါက်ချက်အရ မွန်းတည့်၁၂နာရီ၃၀မိနစ်အချိန် ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက္ကံမြို့ သစ်၊ (၁၄) ရပ်ကွက်ခွဲ၊ တကောင်း(၁)လမ်းရှိနေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း) တို့ အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီးအဆိုပါနေ့ ၁နာရီ မိနစ်၄၀အချိန် ရွှေပြည်သာမြို့ နယ်၊ (၂၀)ရပ်ကွက်(သံဒင်း)၊ ပေါ်တော်မူလမ်းနေ တင်ကိုကျော် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဒေါ်ဝေဝေထွန်း အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၇၇၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၇.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ၃နာရီအချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ကျော်မြင့် အားရွှေပြည်သာမြိုနယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အောင်နိုင်သူ(၃၈)နှစ်၊ တင်ကိုကျော် (၃၃) နှစ်၊ ဒေါ်ဝေဝေထွန်း(၆၀)နှစ်နှင့် ကျော်မြင့် (၃၇)နှစ်တို့ အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်များရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#LocalNews
Published_ 20 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက် နေသော အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ JICA ODA ချေးငွေ ဖြင့် အတ္ထရံတံတား အသစ်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အတ္ထရံတံတားအသစ်တည်ဆောက်ရေး စီမံကိန်းသည် ပင်မတံတားအရှည် (၃၂၆) မီတာ၊ ချဉ်းကပ်တံတား (၁၅၄) မီတာ၊ တံတားအပေါ်ထည် ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပါတယ်။
ချဥ်းကပ်တံတား T ပုံသဏ္ဌာန် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့်တည် ဆောက်ထားသော နှစ်ခန်းဆက်ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။
တံတား အကျယ် ၂၀ ဒသမ ၇ မီတာ လေးလမ်းသွား ၊ တံတားခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀) ဖြစ်ကြောင်း၊ စီမံကိန်း ကာလ ၃၉ လ သတ်မှတ်ထားရာ ယခုအခါ (၁ ဒသမ ၆၃) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။
နစကကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် အဆိုပါတံတားသစ် တည်ဆောက်ရေး စီမံကိန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးကြရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ ပြ) ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
#LocalNews
Published_ 20 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက် နေသော အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ JICA ODA ချေးငွေ ဖြင့် အတ္ထရံတံတား အသစ်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အတ္ထရံတံတားအသစ်တည်ဆောက်ရေး စီမံကိန်းသည် ပင်မတံတားအရှည် (၃၂၆) မီတာ၊ ချဉ်းကပ်တံတား (၁၅၄) မီတာ၊ တံတားအပေါ်ထည် ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပါတယ်။
ချဥ်းကပ်တံတား T ပုံသဏ္ဌာန် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့်တည် ဆောက်ထားသော နှစ်ခန်းဆက်ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား ဖြစ်ပါတယ်။
တံတား အကျယ် ၂၀ ဒသမ ၇ မီတာ လေးလမ်းသွား ၊ တံတားခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀) ဖြစ်ကြောင်း၊ စီမံကိန်း ကာလ ၃၉ လ သတ်မှတ်ထားရာ ယခုအခါ (၁ ဒသမ ၆၃) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။
နစကကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် အဆိုပါတံတားသစ် တည်ဆောက်ရေး စီမံကိန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးကြရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ ပြ) ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
#LocalNews
Published - 20 Mar 2022
၂၀၂၂-ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမယ့်တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများအနေနဲ့ ဖြေဆိုခွင့်ကတ်ပြားတွေကို မတ်လ ၂၄ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမယ့် ကျောင်းသား/ ကျောင်းသူများသည် မိမိတို့ ၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၂-ခုနှစ်၊ မတ်လ ( ၂၄ )ရက် ကြာသပတေး နေ့မှစတင်ထုတ်ယူနိုင်ပြီးအခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့ ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမယ်လို့ သိရပါတယ်။
ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမှာဖြစ်သလိုကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1834 of 1913