#LocalNews
Published_6 June 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ် တချို့မှာ ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 June 2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်(၁၀)လမ်းနေ တင်ဝင်း၏နေအိမ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။
အဆိုပါနေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ သန်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးချက်အရ မွန်းတည့် ၁၂ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်ဖြစ်သူ မနန်းခမ်းအောင် (ခ) မအေးခင်ကို သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ (၈) လမ်းရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 6 June 2022
ရန်ကုန်တိုင်းဒေသပြီး၊ ရွှေပြည်သာမြို့နယ်တွင် ဒီကနေ့ ဇွန် ၆ ရက် နေ့လည် ၁ နာရီခန့်တွင် YBS-42 ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မီးလောင်းမှုမှာ ရွှေပြည်သာမြို့နယ်၊ (၂၄) ရပ်ကွက်၊ အမှတ် (၄) လမ်းမပေါ် ဘုန်းကြီး ကျောင်းကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
ကားမီးလောင်မှုမှာ နေ့လည် ၁ နာရီ ၁၂ မိနစ်အချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁ နာရီ ၂၁ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ကဆိုပါတယ်။
YBS မီးလောင်မှုကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်ဖြင့် ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိဘူးလို့ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 6 June 2022
အခုရက်ပိုင်းတွေမှာ မြန်မာနိုင်ငံတစ်ဝှမ်း မြေငလျင်တွေဆက်တိုက်လှုပ်ခတ်နေပြီး ရန်ကုန်တိုင်းမှာတော့ မြေငလျင်အန္တရာယ်အတွက်အရေးပေါ်တုန့်ပြန်ကူညီ နိုင်အောင်ကြိုတင်ပြင်ဆင်ထားတာတွေရှိတယ်လို့ ရန်ကုန်တိုင်းလူမှုကူညီးရေးအဖွဲ့မှ သိရပါတယ်၊၊
မြေငလျင်ဘေးအန္တရာယ်အတွက် အရေးပေါ်တုန့်ပြန်နိုင်ဖို့ ရန်ကုန်တိုင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်၊၊
"ငလျင်ကလည်းနှစ် ၁၀၀ ပြည့်တော့ စာတမ်းတွေအရ ပြင်းထန်တဲ့ ငလျင်ပြန်ဖြစ်နိုင်ခြေရှိတဲ့အတွက် ကျွန်တော်တို့ ဒီရန်ကုန်တိုင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေ စုစည်းခဲ့တာပါခင်ဗျ၊၊
ပြီးခဲ့တဲ့နှစ်နှစ်လောက်က လူကယ်ပြန်ရဲ့အစီအစဥ်နဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့တွေ ငလျင်နဲ့ပတ်သက်လို့ ဇာတ်တိုက်လေ့ကျင့်မှုတွေကို လုပ်ခဲ့ပါတယ်၊၊ ၂လတစ်ခါ ၃ လ တစ်ခါလုပ်ခဲ့ဖူးတယ်၊၊ ငလျင်နဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးတွေကို လုပ်နိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါတယ်"လို့ ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဦးကပြောပါတယ်၊၊
ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့မှာ ရန်ကုန်တိုင်းအတွင်းရှိ လူမှုကူညီရေးအဖွဲ့စုစုပေါင်း တစ်ရာကျော်ပါဝင်ပြီး အသင်းအဖွဲ့အားလုံးချိတ်ဆက်ကာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 6 June 2022
အကယ်ဒမီမီးလင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ် ၄သောင်းကျော်ဝန်းကျင်ဖြင့် ပြီးခဲ့တဲ့ မေလ ၂၆ရက် မှ ယနေ့ ဇွန်လ ၆ရက်အထိ ဆယ်ရက်အတွင်း တည်ငြိမ်နေပြီး ကျောင်းဖွင့်ရာသီနှင့် ရွှေတွင်းများဖွင့်သောရာသီဖြစ်သည့်အတွက် ပြည်တွင်းရွှေစျေးကွက်နှင့် ကမ္ဘာ့ရွှေစျေးကွက်မှာအေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
#Yangon_Media_Group
#LocalNews
Published -6 June 2022
မကြာမီလပိုင်းအတွင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားတဲ့မြောက်ဦးဒေသကို နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS)အဖွဲ့က လာရောက်စစ်ဆေးဖို့ရှိတဲ့အတွက် မြောက်ဦးဒေသခံတွေကို အသိပညာပေးတာတွေဆောင်ရွက်နေတယ်လို့ Myauk Oo Heritage Trust အဖွဲ့က ဒေါ်ခင်သန်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_6 June 2022
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းနှင့် သစ်ပင်ကိုဝင်တိုက်၍ ယာဉ်ထပ်ပိုင်းပြတ်သွား၊ ယာဉ်မောင်းသေဆုံးသွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းအခင်းဖြစ်နေရာမှာ မိုင်တိုင်အမှတ်(၁၄၇/ဝ)ဖာလုံတွင် ဖြစ်ပြီး ယနေ့ ဇွန်လ ၆ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်အချိန် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော MARK ll အမျိုးအစား (အဖြူရောင်)ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထမ်းပင်တို့ကို ဝင်ရောက်တိုက်မိကာယာဉ်မှာ ထပ်ပိုင်းပြတ်ကာရပ်တန့်သွားကြောင်း သိရသည်။
ယင်းကြောင့် ဗာဓိကုန်းအမြန်လမ်းမီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင် ငါးဦးက ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးကို တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်၊ တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_6 June 2022
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကုန်ဘောင်(၁)စံပြကျေးရွာရဲ့ အမျိုးအဆွေရွာလည်ပွဲတော်ကို ဇွန်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_6 June 2022
တေးရေးဆရာကြီး နန်းတော်ရှေ့ဆရာတင်၏ သား အသက် ၁၀၀ နှစ် အရွယ် ဇာတ်မင်းသားကြီး စည်သူ(ဦး)ရွှေနန်းတင် ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ကွယ်လွန်သွားကြောင်း မိသားစုဝင်များကပြောသည်။
ရွှေနန်းတင်မှာ နန်းတော်ရှေ့ဆရာတင်နှင့် ဒေါ်တင်(မင်းသမီး ပေါ်လင်တင်)တို့၏သားဖြစ်ပြီး နန်းခင်အေး၊ နန်းဝင်း၊ နန်းခင်မွှေး၏ ဖခင်ဖြစ်လည်းဖြစ်ကြောင်း သိရသည်။
ယင်း၏ အသုဘဈာပနကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 6 June 2022
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဥ်မောင်းများ စည်းကမ်းမဲ့ယာဥ်မောင်းနှင်သည့်အပြင် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း YRTC မှသိရသည်။
YRTC မှ မိုးရာသီကာလတွင် ယာဥ်မောင်းသူများလိုက်နာရမည့်အချက်ကို အသိပေးထုတ်ပြန်ခဲ့ပြီး YBS ယာဥ်လိုင်းကုမ္ပဏီများကိုလည်း အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
YBS ကုမ္ပဏီများအနေဖြင့် မိမိတို့စီမံမှုအောက်ရှိ ခရီးသည်တင်ယာဥ်လိုင်းများမှ ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်ရန်နှင့် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး ခရီးသည် ၉ သိန်းနီးပါးစီးနင်းမှုရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 6 june 2022
၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ် မြောက်နှစ်ပတ်လည်နေ့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သံတမန်ဆက်ဆံရေးထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း - ရုပ်ပုံဖြင့် မိမိနှင့်တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်နဲ့ အစီအစဉ်တစ်ခုကို Facebook မှာ ကျင်းပနေပါတယ်၊၊
တရုတ်နိုင်ငံနဲ့ ရေစက်ဆုံပုံကို ရုပ်ပုံတစ်ပုံနဲ့ဖော်ပြ အကြောင်းအရာတွေကတော့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း၊ ပညာတော်သင်သွားရောက်ခြင်း၊ အလုပ်လုပ်ခြင်း၊ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းတို့အပြင် တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ် ဖတ်ရှုခြင်း၊ တရုတ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ကား ကြည့်ရှုခြင်း၊ တရုတ်သူငယ်ချင်းတစ်ဦးနှင့် မိတ်ဆွေဖွဲ့ခြင်းစသဖြင့် ထည့်သွင်းဖော်ပြကြရတာဖြစ်ပါတယ်။
အစီအစဉ် နောက်ဆုံးရက်မှာ ဇွန်လ ၇ ရက်နေ့ဖြစ်ပြီး တရုတ်သံရုံးက ဇွန်လ ၈ ရက်နေ့ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်ပတ်လည်နေ့မှာ ထူးချွန်လက်ရာများကို Facebook မှာ ဖော်ပြသွားမှာဖြစ်ပြီး ပါဝင်သူတွေကို လက်ဆောင်မွန်တွေပေးအပ်သွားမှာ ဖြစ်ပါတယ်၊၊ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook page မှာလေ့လာနိုင်မှာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 6 June 2022
ဒီကနေ့ဇွန် ၆ ရက်မှစတင်ကာ မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးသန်းသွားလာနိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ဖြစ်တဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပွားခဲ့တဲ့ အချိန်မှစတင်ကာ ရောဂါကူး စက်မှုထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူများက နှစ်နိုင်ငံကူးသန်းသွား လာလျက်ရှိသည့် နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံကူးသန်းသွားလာ ကြမယ့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလာရမှာဖြစ်ပါတယ်။

သွားလာမှုတွင် ထိုင်းနိုင်ငံကူးလက်မှတ် (Pass Port) ကိုင်ဆောင်ထားသူများနှင့် တတိယ နိုင်ငံသားများအား ကူးသန်းသွားလာခွင့်မပြုသေးကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံရနောင်းမြို့သို့ ကူးသန်းသွားလာရာတွင် မြို့ခံပြည်သူများကူးသန်းရန် သတ်မှတ်ထားတဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP (Border Pass) နှင့် ဧည့်သည်များ ကူးသန်းရန် ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် TBP (Temporary Border Pass) နှစ်မျိုးလုံးဖြင့် ကူးသန်း သွားလာခွင့်ပြုမည်ဖြစ်ပါတယ်။
ကော့သောင်းမြို့သို့ လာရောက်လည်ပတ်မယ့် ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံ(ရနောင်းမြို့)မှ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများအား ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁ ရက်နေ့ ကျန်းမာရေးညွှန်ကြားချက်ဖြင့် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မယ့်အစီအစဉ်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1797 of 1995