#Local_News
Published - 30 July 2022

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့မှာ ယာဉ်စီးခ ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံမည်ဟု YUPT ယာဉ်လိုင်းမှ ကြေညာထားကြောင်း သိရသည်။

 

အများပြည်သူသယ်ယူ ပို့ဆောင်ရေးကုမ္မဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသည့် YBS 2၊ YBS 3၊ YBS 4 ၊ YBS 7၊ YBS 8 ၊ YBS 10၊YBS 11 ၊ YBS 24၊ YBS 26၊ YBS 28 ၊ YBS 29၊ YBS 36 ၊ YBS 40၊ YBS 59၊ YBS 65၊ YBS 84၊ YBS 110၊ YBS 111 ၊ YBS 112၊ YBS 114၊ YBS 115၊ YBS 116 ယာဉ်လိုင်းတို့တွင် ဖော်ပြပါယာဉ်စီးခနှုန်းထားများကို စတင် ပေးဆောင်နေရပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်စီးနှုန်းထားများသည် YUPT ကုမ္ပဏီမှသတ်မှတ်ထားခြင်းဖြစ်ပြီး ခရီးသည်များအနေဖြင့် အခက်ခဲရှိပါက ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့်သာစီးနင်းနိုင်းကြောင်း သိရသည်။

 

ယင်းအပြင် ၎င်းယာဉ်လိုင်းများ၌ YPS ကတ်ဖြင့် စီးနင်းသူများသည် အတက်တခါ၊ အဆင်းတခါ နှစ်ခါကတ်ဖြတ်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်ပိုင်းလျှင် ယာဉ်စီးခ(၂၀၀ကျပ်)၊ ခရီးစဉ်စ/ဆုံးလျှင် ယာဉ်စီးခ (၃၈၀ကျပ်) သာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group