#Local_News
Published_30 July 2022

 

လာမည့်သြဂုတ်လ(၁)ရက်မှ စတင်ပြီး(၄၈)နာရီအတွင်း ကိုဗစ်မရှိကြောင်း စစ်ဆေးချက်ပါမှ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ(၃၀)ရက်တွင် ထုတ်ပြန်လိုက်သည်၊၊

 

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၊ ကယ်ဆယ်ရေးလေယာဉ် များဖြင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားခရီးသွားများ အနေဖြင့်လွန်ခဲ့သော (၄၈)နာရီအတွင်း ကိုဗစ်မရှိကြောင်း RDT သို့မဟုတ် RT PCR ဖြင့် ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးချက်ပါရှိမှ မြန်မာနိုင်ငံကို လာရောက်နိုင်မည်ဖြစ်သည်၊၊ အဲဒီ့အချက်အပြင် လွန်ခဲ့သော(၁၄)ရက် MOH အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားလည်း ပြသရမည်ဖြစ်သည်၊၊

 

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများဖြင့် ဝင်ရောက်လာမည့်နိုင်ငံခြားသားခရီးသွားများ အနေဖြင့် လွန်ခဲ့သော(၁၄)ရက်ကျော်က ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပါက လွန်ခဲ့သော(၄၈)နာရီအတွင်း ကိုဗစ်မရှိကြောင်း RDTစစ်ဆေးချက်နှင့် ကိုဗစ်ကာကွယ်ဆေးမထိုးထားသူ၊အကြိမ်ပြည့်မထိုးထားသူများ RT PCR ဖြင့် ကိုဗစ်ပိုးရှိ မရှိစစ်ဆေးချက်ပါရှိမှ မြန်မာနိုင်ငံကိုလာရောက်နိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

ymg/tthl
#Yangon_Media_Group