#Local_News
Published _ 30 July 2022

 

၂၀၂၂ ခုနှစ်အတွင်း လူငယ်များ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လိုမှု ပိုများလာသည့်အတွက် ၂၀၂၂ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လိုင်စင်လျှောက်ထားမှုသည် ရာနှင့်ချီပြီး တိုးလာကြောင်း သိရသည်။

 

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးလာမှုကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လိုသူ ပိုများလာခဲ့ပြီး ယခုနှစ်တွင် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လိုင်စင်ထက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလိုင်စင် လျှောက်ထားမှုက ပိုများလာကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ခုနှစ်က အလုပ်သမားဝန်ကြီးဌာနကို လိုင်စင် လျှောက်ထားသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းပေါင်း ၂၀၀ ကျော်သာ ရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းပေါင်း ၃၄၃ ခု အထိ တိုးလာကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် သိသိသာသာတိုးလာပြီး ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ပေးသည့် အချိန်ကစပြီး ဇူလိုင်လအထိ လုပ်သား ၆၀၀၀ ကျော်စေလွှတ်ထားပြီး လုပ်သား ၈၀၀၀ အထိ ထပ်မံစေလွှတ်သွားရန်ရှိနေကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group