#Local_News
Published_18 August 2022
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်တွင် တည်ဆောက်နေသည့်အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းရာနှုန်းပြည့်ပြီးစီးနိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တည်ဆောက်ဆဲဖြစ်သော အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကပြီးခဲ့သည့်၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကတည်းကပင် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာအနီး (၁၁/၁၄)ရက်ကွက်ရှိကွင်းအမှတ် (၁၈၆) ၊ မြေဧရိယာ ၂၅ ဧကပေါ်၌ စတင်ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်း စီမံကိန်းတွင် အလျား ၁၉၂ ပေ၊ အနံ ၃၉ ပေရှိ အာစီသုံးထပ်ဆောင်၊ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ၊ အလျား ၁၂၅ ပေ၊ အနံ ၈၂ ပေ၊ အမြင့် ၁၈ ပေရှိ Steel Structure လက်တွေ့သင်ကြားရေး အဆောင်၊ သင်တန်းသား သင်တန်းသူအဆောင်၊ သံကူကွန်ကရစ်သုံးထပ်ပင်မဆောင်၊ အခြားအဆောက်အအုံများ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်သင်တန်းသား၊ သင်တန်းသူ အဆောင် တည်ဆောက်ရေးလုပ်ငန်းတစ်ခုသာ ရာနှုန်းပြည့် ပြီးစီးနေပြီး ဆက်လက်တည်ဆောက်မည့် သံကူကွန်ကရစ်လေးခန်းတွဲ၊ လေးထပ်ဝန်ထမ်းအိမ်ရာတစ်လုံး၊ သံကူကွန်ကရစ်တစ်ထပ် အုပ်ချုပ်ဆောင်တစ်ဆောင်၊ kitchen Theatre အဆောက်အအုံတစ်ခု၊ အထွေထွေသုံးခန်းမဆောင်တစ် ဆောင်၊ မီးစက်ရုံများကို ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ခေါ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းမှ တစ်နှစ်လျှင် AGTI ဒီပလိုမာ ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀ ထိ လေ့ကျင့် မွေးထုတ်ပေးနိုင်မည် ဖြစ်ပြီဒ ဒလ၊ တွံတေး၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံ လူငယ်များ သင်ကြားနိုင်မည် ဖြစ်ကြောင်း ၊ပြီးခဲ့သည့် အစိုးရလက်ထက်က အဆိုပါစီမံကိန်းတည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း (၄၀၀၀) ကျော် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် စိတ်ဝင်စားသော ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ၊ တိုင်းရင်းသားလုပ်ငန်းကုမ္ပဏီများ အနေဖြင့်ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြိုနယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံတွင် လျှောက်လွှာပုံစံများကို ထုတ်ယူနိုင်ကာ စက်တင်ဘာလ ၁၄ရက် နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Health_Tips
Published 18 August 2022
ကိုယ်အလေးချိန်ကျစေရန် ညစာစားသောက်ဖို့ အသင့်တော်ဆုံးအချိန်က လူအများမထင်မှတ်ထားတဲ့အချိန်ပါပဲ။
ဝိတ်ကျဖို့ခက်ခဲနေတယ်ဆိုရင် ကိုယ့်ရဲ့စားသောက်ချိန်ကို ချိန်ညှိသင့်နေပါပြီ။
အဆိုပါ အချိန်အတိုင်း စမ်းသပ်ခဲ့ရာမှာ အခြားသူတွေနဲ့ယှဉ်ရင် ၁၄ ပတ်အတွင်း ၅ ပေါင် ပိုမိုကျဆင်းခဲ့ပါတယ်။
ဒါ့အပြင် သွေးပေါင်ချိန်လည်းကျစေပြီး စိတ်ပိုင်းဆိုင်ရာလည်း တိုးတက်စေပါတယ်။
နည်းလမ်းကတော့ မွန်းလွဲ ၃ နာရီမတိုင်ခင် ညစာစားဖို့ပါပဲ။
ပုံမှန်အားဖြင့် တစ်နေ့တာအတွင်း အစာစစားချိန်နဲ့ နောက်ဆုံးစားချိန်ကို ၈ နာရီအတွင်းသာ သတ်မှတ်ပါတယ်။
သုတေသီတွေက ထိုအချိန်ကာလအပိုင်းအခြားကို ရှေ့သို့တိုးလိုက်ပြီး မနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း ကြပ်မတ်စားသုံးသင့်တယ်လို့ အကြံပြုပါတယ်။
တစ်နေ့တာရဲ့အစောပိုင်းတွေမှာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေက အစားအစာကို ပိုမိုချေဖျက်နိုင်ပြီး အဆီပိုမိုလောင်ကျွမ်းစေပါတယ်။
အဝလွန်သူအယောက် ၉၀ တဝက်ခန့်ကို ထိုနည်းလမ်းအတိုင်း တစ်ပတ်ကို ၆ ရက်နှုန်းဖြင့် ၁၄ ပတ် စားသုံးစေခဲ့ပါတယ်။
အယောက် ၉၀ စလုံးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာသာစားသုံးစေပြီး တစ်ပတ်ကို လေ့ကျင့်ခန်း ၁၅၀ မိနစ်ပြုလုပ်ခိုင်းပါတယ်။
ပထမလူတဝက်အဖွဲ့က ၁၄ ပေါင်ကျခဲ့ပြီး နောက်တစ်ဖွဲကတော့ ၉ ပေါင်ကျဆင်းခဲ့ပါတယ်။
ဒီလေ့လာချက်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်က အစာစားချိန်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကယ်လီးဖိုးနီးယား MemorialCare ခွဲစိတ်ဝိတ်ချစင်တာမှ ဒေါက်တာ'မယ်ယာအလီ'က Healthline မှာ ပြောကြားခဲ့ပါတယ်။
"ဝိတ်ချဖို့ကြိုးစားနေတဲ့ လူတွေအနေနဲ့ အစာစားချိန်ကန့်သတ်ခြင်းနည်းလမ်းကို လိုက်နာသင့်ပါတယ်၊ ပြဿနာတစ်ခုကတော့ ကျန်တဲ့အချိန်တွေမှာ ဗိုက်ဆာလာပြီး သည်းခံဖို့ခက်ခဲတတ်ပါတယ်" လို့ ဆိုပါတယ်။
ထိုကဲ့သို့ ဝိတ်ကျလာခြင်းက ဘယ်လောက်တာရှည်ခံမလဲဆိုတာကို သေချာမသိကြပါဘူး။
ဒါပေမဲ့ ထိုနည်းလမ်းအတိုင်း နေထိုင်စားသောက်တတ်တဲ့လူတွေအတွက်တော့ ကယ်လိုရီလောင်ကျွမ်းစေမယ့် အကျိုးကျေးဇူးတွေရှိနေပါတယ်။
လူတိုင်းမှာ ကယ်လိုရီသင့်တင့်သလောက်သာ စားသုံးဖို့နဲ့ ဆက်လက်ပြီးဝိတ်ကျနေစေဖို့ အစားအသောက်နဲ့ ရေရှည်ထိန်းသိမ်းသင့်ပါတယ်လို အကြံပြုကြပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published _18 August 2022
တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့်ယာဉ်မတော်တဆမှုကြောင့် ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်သတင်းများအရ သိရသည်။
အဆိုပါ ယာဉ်မှာ ပစ်ကပ်အမျိုးအစားဖြစ်ပြီး ယာဉ်ပေါ်တွင် တရားမဝင် မြန်မာ (၃၃) ဦးကို ထိုင်း-မြန်မာနယ်စပ်၊ ကော့သောင်း-ရနောင်းဘက်မှထိုင်းနိုင်ငံ၊ နခွးန်စီထမ်မရတ်ခရိုင်သို့ ခေါ်ဆောင်မောင်းနှင်လာစဉ်
လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
အခြားယာဉ်ပေါ်ပါ မြန်မာများအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားသည်ကို ကြောက်လန့်၍ ထွက်ပြေးသွားမှုကြောင့် ထိုင်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေရကြောင်း၊ အချို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းနှင့်တချို့မှာထွက်ပြေးပျောက်ဆုံးနေကြောင်းသိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ကျူလာဖွန်ဆေးရုံ၊ နခွန်းစီထမ်မ ရတ်ဆေးကြီးများသို့ ထိုင်းလူမှုကူညီရေးအဖွဲ့အစည်းများက ပို့ဆောင်ပေးထားကြောင်း သိရသည်။


ymg/mt
#Yangon _Media_Group
#Local_News
Published _ 17 August 2022
ဆန်ဈေးနှုန်းကြီးမြင့်လာတာကို စိုးရိမ်နေကြကာ ကြိုတင်ဝယ်ယူစုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် ဆန်ဈေးနှုန်းတွေ အရင်ကထက် ပိုမြင့်တက်နေတယ်လို့ ပြည်တွင်းဆန်ဈေးကွက်ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
Published 17 August 2022
မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့ ဩဂုတ် ၁၇ ရက်က မီးကွင်းပစ်တိုက်ခိုက်မှုတွေကြောင့် နေရာ ဒါဇင်ခန့်မှာ မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပြီး လူ(၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ နေရာအများစုဟာ ဓာတ်ဆီဆိုင်တွေအတွင်းက အလွယ်ဝယ် စတိုးဆိုင်တွေဖြစ်ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။ အဲဒီနေရာအားလုံးဟာ ပက်တန်နီ၊ယာလာနှင့် နာရက်သီဝတ် ပြည်နယ်တွေမှာတည်ရှိကြတာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်တွေကြောင့် လူ(၇)ဦးဟာ ထိခိုက်မှု အနည်းအကျဉ်းရှိခဲ့ပါတယ်လို့ ထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ စီစီတီဗွီက အရုပ်တွေနှင့် အခြားအထောက်အထားတွေစုဆောင်နေတယ်လို့ ရဲကပြောပါတယ်။
မီးနှင့် ဒီလိုဘာ့ကြောင့်တိုက်ခိုက်ကြသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိကြရသေးပဲရှိပါတယ်။ စစ်သွေးကြွတွေက ထိုင်းရဲ့အဲဒီပြည်နယ်နှင့် လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့တော့ရှိကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိုင်းတောင်ပိုင်းမှာ ထိုင်းစစ်တပ်နှင့်သူပုန်တွေအကြား ပစ်ခတ်မှုတွေ စဲသွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကတော့ ခြောက်ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး လူ(၆)ဦးသေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ထိုင်းအစိုးရနှင့် သူပုန်အဖွဲ့ဖြစ်တဲ့ “ဘာရီဆန် ရီဗိုလူစီ နာရှင်နယ်” အဖွဲ့တို့ (၂)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ လူချင်းတွေ့ဆုံခဲ့ကြပါတယ်။ဒါပေမယ့် ဘာတစ်ခုမှရလာဒ်မထွက်ခဲ့ပါဘူး။
၂၀၀၄ခုနှစ်ဇန်နဝါရီမှာ သူပုန်ထမှုပြန်ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ တောင်ဘက်အစွန်းမှာ လူပေါင်း ၇၀၀၀ကျော်သေဆုံးခဲ့ရပြီး လူပေါင်း တစ်သောင်း သုံးထောင်ငါးရာခန့် ဒဏ်ရာရရှိခဲ့ကြပါတယ်လို့ ပြည်တွင်း ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ Deep South Watch ရဲ့အဆိုအရသိရပါတယ်။
Source AFP
#Thailand_Southern
#Arson_Attacks_Thaland
#Thailand_Politics
#World_Health
Published 17 August 2022
ကိုယ်ခန္ဓာအနေအထားကို ချိန်ညှိပေးတဲ့ ယောဂလေ့ကျင့်ခန်းတွေဟာ အိန္ဒိယကနေ အစပြုခဲ့ပြီး အခုဆိုရင် ကမ္ဘာပေါ်မှာ ထိုလုပ်ငန်းက တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလီယံခန့် လည်ပတ်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_17 August 2022
တရုတ်နိုင်ငံကို တင်ပို့နေတဲ့ပစ္စည်းတွေထဲမှာ ဆီနဲ့ ဆီထွက်သီးနှံတွေကလွဲရင် တရုတ်ယွမ်ငွေနဲ့ပဲ တင်ပို့နေကြရတာပါ။
#Yangon_Media_Group
Published 17 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ဩဂုတ်(၁၇)ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂအကြား ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စအပါအဝင် အခြားကိစ္စတွေ ဆွေးနွေးကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အခြားအသေးစိတ်တော့ ဖော်ပြထားခြင်းမရှိပါဘူး။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ “ ဆိုးရွားလာနေတဲ့ မြန်မာ့အခြအနေနှင့် လက်ငင်းစိုးရိမ်ပူပန်မှုတွေအပြင် သူမကို တာဝန်ပေးအပ်ထားတဲ့ အခြားနယ်ပယ်နှင့်ဆိုင်တာတွေကိုဆွေးနွေးမယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖိန်း ဒူဂျာရစ်က သူမရဲ့ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ပြောကြားထားပါတယ်။
“ သူမဟာ နိုင်ငံရေး နယ်ပယ်တစ်လွှားက ပါဝင်သူတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေနှင့် လက်ရှိပဋိပက္ခဖြစ်နေတဲ့ လူမှုအဖွဲ့ အစည်းတွေနှင့် ကျယ်ပြန့်စွာ ဆွေးနွေးပြီးတဲ့နောက် သူမရဲ့ယခုခရီးဖြစ်လာတာ”လို့လည်း ဒူဂျာရစ်ကပြောကြောင်း ကုလရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
သူမဟာ စင်္ကာပူက လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူနှင့် အမျိုးသမီးတွေစီးပွားဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ပေးတဲ့ ကုလရဲ့ UNIFEMကို ၁၉၉၄မှ ၂၀၀၇ အထိ ဦးဆောင်ခဲ့ သူဖြစ်ပါတယ်။ ၂၀၀၇မှ ၂၀၁၄ အထိ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (အာရှပစိဖိတ်ဒေသ)ရဲ့ အမှုဆောင်အတွင်းရေးမှူးလုပ်ခဲ့သူလည်းဖြစ်တဲ့အကြောင်းသိရပါတယ်။
ymg/knl

#Local_News
Published - 17 August 2022
ပို့ကုန်မူဝါဒသတ်မှတ်ချက်တွေကြောင့် ပြည်ပ ပြောင်းတင်ပို့မှုအခြေအနေမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ပြောင်းကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_17 August 2022
ရန်ကုန်တိုင်းမှာ ရေကြီးရေလျှံတွေဖြစ်ပွားနေပြီး မင်္ဂလာဒုံမြို့နယ်အတွင်း ရေနစ်မြုပ်နေတဲ့နေအိမ်တွေက ပြည်သူတွေကိုဘေးကင်းရာကိုရွေ့ပြောင်းပေးနေတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 17 August 2022
၁။ ရန်ကုန်တိုင်းတွင် ရေကြီးရေလျှံဖြစ်နေ၊ မင်္ဂလာဒုံမြို့နယ်အတွင်းရေနစ်မြုပ်၍ စားရေးခက်ခဲသူရာချီရှိ
၂။ ပို့ကုန်မူဝါဒ သတ်မှတ်ချက်ကြောင့် ပြောင်းတင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ
၃။ ယွမ်ငွေတန်ဖိုးတက်သည့်အတွက် တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့သူများ တွက်ခြေကိုက်နေ
၄။ ယောဂသင်တန်းများကို လူတန်းစားမရွေးတက်ရောက်နိုင်စေရန် ယူကေမှယောဂဆရာမများ ကြိုးပမ်းလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_17 August 2022
သြဂုတ်လ(၁၇)ကရက် ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ရန်ကုန်(ကမ္ဘာအေး) နဲ့ရခိုင်ပြည်နယ်၊ ကျောက်ဖြူတို့မှာ မိုးရေချိန်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
#Yangon_Media_Group
Page 1762 of 2100