#Local_News
Published _18 August 2022

 

တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့်ယာဉ်မတော်တဆမှုကြောင့် ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်သတင်းများအရ သိရသည်။

 

အဆိုပါ ယာဉ်မှာ ပစ်ကပ်အမျိုးအစားဖြစ်ပြီး ယာဉ်ပေါ်တွင် တရားမဝင် မြန်မာ (၃၃) ဦးကို ထိုင်း-မြန်မာနယ်စပ်၊ ကော့သောင်း-ရနောင်းဘက်မှထိုင်းနိုင်ငံ၊ နခွးန်စီထမ်မရတ်ခရိုင်သို့ ခေါ်ဆောင်မောင်းနှင်လာစဉ်
လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်‌ကြောင်း သိရသည်။

 

အခြားယာဉ်ပေါ်ပါ မြန်မာများအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားသည်ကို ကြောက်လန့်၍ ထွက်ပြေးသွားမှုကြောင့် ထိုင်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေရ‌ကြောင်း၊ အချို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့‌သော်လည်း ယာဉ်မောင်းနှင့်တချို့မှာထွက်ပြေးပျောက်ဆုံးနေကြောင်းသိရသည်။

 

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ကျူလာဖွန်ဆေးရုံ၊ နခွန်းစီထမ်မ ရတ်ဆေးကြီးများသို့ ထိုင်းလူမှုကူညီရေးအဖွဲ့အစည်းများက ပို့ဆောင်ပေးထားကြောင်း သိရသည်။

ymg/mt

#Yangon _Media_Group