#Local_News
Published_18 August 2022

 

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်တွင် တည်ဆောက်နေသည့်အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းရာနှုန်းပြည့်ပြီးစီးနိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တည်ဆောက်ဆဲဖြစ်သော အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကပြီးခဲ့သည့်၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကတည်းကပင် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာအနီး (၁၁/၁၄)ရက်ကွက်ရှိကွင်းအမှတ် (၁၈၆) ၊ မြေဧရိယာ ၂၅ ဧကပေါ်၌ စတင်ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယင်း စီမံကိန်းတွင် အလျား ၁၉၂ ပေ၊ အနံ ၃၉ ပေရှိ အာစီသုံးထပ်ဆောင်၊ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ၊ အလျား ၁၂၅ ပေ၊ အနံ ၈၂ ပေ၊ အမြင့် ၁၈ ပေရှိ Steel Structure လက်တွေ့သင်ကြားရေး အဆောင်၊ သင်တန်းသား သင်တန်းသူအဆောင်၊ သံကူကွန်ကရစ်သုံးထပ်ပင်မဆောင်၊ အခြားအဆောက်အအုံများ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင်သင်တန်းသား၊ သင်တန်းသူ အဆောင် တည်ဆောက်ရေးလုပ်ငန်းတစ်ခုသာ ရာနှုန်းပြည့် ပြီးစီးနေပြီး ဆက်လက်တည်ဆောက်မည့် သံကူကွန်ကရစ်လေးခန်းတွဲ၊ လေးထပ်ဝန်ထမ်းအိမ်ရာတစ်လုံး၊ သံကူကွန်ကရစ်တစ်ထပ် အုပ်ချုပ်ဆောင်တစ်ဆောင်၊ kitchen Theatre အဆောက်အအုံတစ်ခု၊ အထွေထွေသုံးခန်းမဆောင်တစ် ဆောင်၊ မီးစက်ရုံများကို ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ခေါ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းမှ တစ်နှစ်လျှင် AGTI ဒီပလိုမာ ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀ ထိ လေ့ကျင့် မွေးထုတ်ပေးနိုင်မည် ဖြစ်ပြီဒ ဒလ၊ တွံတေး၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံ လူငယ်များ သင်ကြားနိုင်မည် ဖြစ်ကြောင်း ၊ပြီးခဲ့သည့် အစိုးရလက်ထက်က အဆိုပါစီမံကိန်းတည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း (၄၀၀၀) ကျော် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် စိတ်ဝင်စားသော ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ၊ တိုင်းရင်းသားလုပ်ငန်းကုမ္ပဏီများ အနေဖြင့်ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြိုနယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံတွင် လျှောက်လွှာပုံစံများကို ထုတ်ယူနိုင်ကာ စက်တင်ဘာလ ၁၄ရက် နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group