#Local_News
Published -11 August 2022
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် မြန်မာလုပ်သားလေးဦးအတွက် လျော်ကြေးငွေ ဘတ်ငါးသိန်းစီကို ၎င်းတို့၏ မိသားစုတွေထံ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
ဇန်နဝါရီ၂၀ ရက်က ကန်ချနဘူရီပြည်နယ်၊ သွန်ဖာဖမ်ခရိုင် အမှတ် (၃၂၃)လမ်းမကြီးပေါ်မှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့်ကားသည် စစ်ဆေးရေးဂိတ်ကိုတွေ့ပြီး နောက်ကြောင်းပြန်ကွေ့ခဲ့ရာမှ ရှေ့ကမောင်းနှင်နေသည့် ဆယ်ဘီးကားကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကားပေါ်တွင် တရားမ၀င် မြန်မာလုပ်သား ၁၀ ဦးလိုက်ပါလာသည့်အနက် ငါးဦး သေဆုံးခဲ့ ပြီး၎င်းတို့သည် ဘုရားသုံးဆူမြို့နယ်မှ ထိုင်းနိုင်ငံ၊ သွန်ဖာဖမ်ခရိုင်ကို ၀င်ရောက်ပြီး တောလမ်းခရီးကနေ စိုင်ရိုခရိုင်နယ်စပ်၊ ယင်းမှ ကန်ချနဘူရီပြည်နယ်ကို ကားဖြင့်၀င်ရောက်စဉ် ယာဉ်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့်သူတွေထဲမှ လေးဦး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအပြည့်အစုံရရှိထားခြင်းကြောင့် လေးဦးအတွက်သာ ကျန်ရစ်သည့်မိသားစုကို လျော်ကြေးငွေ ပေးအပ်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြူးမြို့နယ်ရှိ မောင်သက်နိုင်ဖြိုး(အသက် ၂၀ နှစ်)၊ မောင်နိုင်၀င်းစိုး(အသက် ၃၃ နှစ်)၊ ရသေ့တောင်မြို့နယ်က ဦးအောင်ရွှေ၀င်း(အသက် ၃၈ နှစ်)၊ မခင်မာနွယ်(အသက် ၂၇ နှစ်)တို့အတွက် လျော်ကြေးငွေ ဘတ် ငါးသိန်းစီကို မြန်မာအလုပ်သမား၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မိသားစုတွေထံ အဖိတ်အစင်မရှိ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းလည်းမြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -11 August 2022
စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၁ ရက်(ယနေ့) တွင် ၂၁၄၀ ကျပ်အထိမြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
သြဂုတ် ၁၀ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၁၄၀ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၉၂၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၂၁၀ ကျပ်သို့လည်းကောင်း စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် သြဂုတ်လ ၁၀ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၁၈၅ ကျပ် ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၁၁ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၄၄၀ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၅၁၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၁၅ ကျပ် အထိ စျေးမြင့်တက်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေး ၁၈၅၀ ကျပ် သတ်မှတ်ချိန်က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းသာ ရှိခဲ့သော်လည်း ၂၁၀၀ ကျပ်ကို တိုးမြှင့်လိုက်ချိန်ကစပြီး ဈေးထိုးတက်လာခြင်းဖြစ်ကာ တစ်လီတာ ၁၈၀၀ ကျပ်အောက် ပြန်လည်ရောက်ရှိဖို့ မရှိကြောင်း ဈေးကွက်အကဲခတ်အချို့က သုံးသပ်ပြောဆိုထားသည်။
ymg/sth
#Yangon_Media_Group
#World_Health
Published 11 August 2022
ယောကျ်ားတွေက မိန်းမတွေထက် ကင်ဆာဖြစ်နိုင်ချေပိုများကြတာဟာ နေထိုင်မှုနဲ့ ပတ်ဝန်းကျင်အခြေအနေများကြောင့်လို အချို့က ယူဆနေပါတယ်။
လေ့လာချက်အသစ်တစ်ခုမှာတော့ ဇီဝနောက်ခံဖြစ်ပျက်မှုများကြောင့်လို့ ရည်ညွှန်းနေပါတယ်။
ထိုလေ့လာချက်အရ ကျား/မအပေါ်မူတည်ကာ ကင်ဆာဖြစ်နိုင်ချေအမျိုးမျိုးရှိနေတယ်ဆိုတာကို ဖော်ပြနေပြီး ကင်ဆာကာကွယ်ခြင်းနဲ့ ကုသခြင်းတို့မှာ တိုးတက်ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
ကင်ဆာဆိုတာက တစ်ကမ္ဘာလုံးမှာဖြစ်ပွားလျက်ရှိကာ လူများသေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အမေရိကန်မှာဆိုရင် လူပေါင်း ၁ သိန်းတိုင်းမှာ ကင်ဆာဖြစ်ပွားသူ ၄၄၈ ဦးရှိပြီး ၁၅၆ ဦးသေဆုံးနေရပါတယ်။
အမျိုးသားရော အမျိုးသမီးမှာပါ ကင်ဆာရောဂါဖြစ်နိုင်ချေက အကြမ်းအားဖြင့်တော့ ညီတူမျှတလောက်ရှိပါတယ်။
ဒါဟာ ကျား/မ ကွဲပြားမှုအပေါ်မူတည်ပြီး ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာတို ဖြစ်နိုင်ချေကိုလည်း ထည့်သွင်းထားပါတယ်။
ကျန်တဲ့ကင်ဆာအမျိုးအစားတွေမှာတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ကင်ဆာဖြစ်နိုင်ချေ ၂ ဆကျော်လောက် ပိုများနေကြောင်း လက်တွေ့အချက်လက်များက ဖော်ပြနေပါတယ်။
ဆေးလိပ်သောက်ခြင်း၊ အယ်လ်ကိုဟောသုံးစွဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခံယူခြင်း၊ ကင်ဆာစစ်ဆေးခြင်း၊ အစားအသောက်ပုံစံနဲ့ အခြားအခြေအနေများပေါ်မူတည်ပြီး ကွဲပြားသွားကြတာဖြစ်နိုင်ပါတယ်။
ယောက်ျားတွေက မိန်းမတွေထက် ကင်ဆာဖြစ်နိုင်ချေပိုများရတဲ့အကြောင်းအရင်းကို သိရဖို့အတွက် အမျိုးသား ၁၇၀,၀၀၀ ဦးနဲ့ အမျိုးသမီး ၁၂၂,၀၀၀ ဦးတို့ကို သိပ္ပံပညာရှင်များက စမ်းသပ်မေးမြန်းခဲ့ကြပါတယ်။
သူတို့အားလုံးက အသက် ၅၀ နှစ်မှ ၇၁ နှစ်ကြားတွေဖြစ်ပြီး အမေရိကန်ပြည်နယ် ၆ ခုမှ လူတွေဖြစ်ပါတယ်။
သူတို့ထဲကမှ အမျိုးသား ၁၇,၉၅၁ ဦးနဲ့ အမျိုးသမီး ၈,၇၄၂ ဦးတို့က ကင်ဆာဖြစ်ပေါ်လာခဲ့ပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိက်နဲ့ သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ချေပိုများပါတယ်။
အမျိုးသားတွေမှာ ဖြစ်နိုင်ချေပိုများတဲ့ ကင်ဆာတွေကတော့ ဆီးအိတ်ကင်ဆာ၊ လည်ချောင်းနဲ့ အစာအိမ်၊ အစာရေမျိုတို့ဖြစ်ပါတယ်။
ဆေးလိပ်၊ အရက်သေစာသောက်စားခြင်းတို့လို နေထိုင်မှုပုံစံတွေက အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်ချေကို ပိုများစေသလို မျိုးဗီဇဆိုင်ရာနဲ့ ဇီဝကမ္မဖြစ်စဉ်တို့ကြောင့်လည်း ကင်ဆာဖြစ်နိုင်ချေပိုများနေနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published _ 10 August 2022
စားသုံးသူ ပြည်သူတွေကို သက်သာဈေးနှုန်းနဲ့ ဆန်ရောင်းချပေးနေရာမှာ ဆန်အိတ်နှစ်ထောင် ရောင်းချပေးပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းထံမှ သိရပါတယ်။
#Yangon_Media_Group
#World_Economy
Published 10 August 2022
ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာတာကြောင့် ခက်ခဲရုန်းကန်နေရတဲ့နိုင်ငံတွေထဲမှာ နိုက်ဂျီးရီးယားနိုင်ငံလည်းပါဝင်လာပြီး အခြေခံလူသုံးကုန်ပစ္စည်းများကို တစ်ရက်စာအသုံးပြုရုံမျှသာ ထုပ်ပိုးရောင်းချနေတဲ့ ပါကင်ထုပ်ငယ်လေးများကို လူတွေက ဝယ်ယူသုံးစွဲနေကြရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 August 2022
ထိုင်း-မလေးရှားနယ်စပ်မှာ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံသားတစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ လက်ဗွေရာတွေ့ခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံသား အောင်ကိုဝင်းကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
#Yangon_Media_Group
#Local_News
Published_10 August 2022
တောင်ငူမြို့ရှိ ကေတုမတီမျက်မမြင်ဘိုးဘွားရိပ်သာမှာ စောင့်ရှောက်ထားတဲ့ မျက်မမြင်ဘိုးဘွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ လိုအပ်နေတယ်လို့ ရိပ်သာရဲ့ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးရဲမင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
Published 10 August 2022
ရာပေါင်းများစွာသော ဌာနေတိုင်းရင်းသားတွေဟာ ဩဂုတ်(၁၀)ရက်က မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှာ ကမ္ဘာ့ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ် ပွဲတော် ဆင်နွှဲလမ်းလျှောက်ခဲ့ကြပါတယ်။
မက္ကဆီရဲ့ ဒေသအသီးသီးက အရောင်အသွေးမျိုးစုံနှင့် ဌာ နေတိုင်းရင်းသား ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြသူတွေနှင့် တိရိစ္ဆာန်အဝတ်အစားတွေ ဝတ်ဆင်ထားသူတွေဟာ တီးဝိုင်းတွေနှင့် အတူ ချီတက်လမ်းလျှောက်ကြပါတယ်။
သူတို့ဟာ နိုင်ငံရဲ့ လွတ်လပ်ရေအထိမ်းအမှတ် နတ်သမီးရုပ်တုရှေ့ကနေ အဓိကရင်ပြင် ဇိုကာလိုအထိ ချီတက်ကြပါတယ်။
“ကျွန်တော်တို့ဟာ မက္ကဆီကိုစီးတီးကိုလာရောက်ပြီး ဌာနေတိုင်းရင်းသားတွေအဖြစ် ဖော်ပြခွင့်ရတာ သိပ်ဂုဏ်ယူပါတယ်” လို့ အမျိုးသား ဌာနေတိုင်းရင်းသားများ အင်စတီကျု ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဂျိုဆေး လူဝစ် ကက်စထရိုက ပြောပါတယ်။
“ ကျွန်မတို့ဟာ မက္ကဆီနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရောက်ရှိနေကြတာပါ” လို့လည်း တက်ရောက် ဆင်နွှဲသူတစ်ဦးဖြစ်တဲ့ ဖာနန်ဒါအာရီအိုလာကပြောပါတယ်။
မက္ကဆီကိုမှာ လူဦးရေ၁၂၆သန်းရှိတဲ့အထဲမှာ ၇.၃သန်းဟာ ဌာနေတိုင်းရင်းသားဘာသာစကားကိုပြောကြပါတယ်။
လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ မက္ကဆီကိုမှ မြူနီစီပယ်နယ် ၂၅၀၀ရှိပါတယ်။ အဲဒီအထဲက ၁၁၀၃နယ်မှာ ဌာနေတိုင်းရင်းသားတွေနှင့် အာဖရိက-အမေရိကန်လူတွေနေထိုင်ကြတယ်လို့ အစိုးရရဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။
အဲဒီအထဲမှာ ဌာနေတိုင်းရင်းသားတွေရဲ့ ၄၀.၃၃ ရာခိုင်နှုန်းဟာ ခွဲခြားဆက်ဆံခံကြရတယ်လို့ဆိုကြပြီး ၅၀ရာခိုင်နှုန်းနီးပါးကလည်း သူတို့ရဲ့အခွင့်အရေးတွေဟာ အနည်းငယ်မျှပဲလေးစားခံကြရတယ် ဒါမှမဟုတ် လုံးဝလေးစားခံရတာမရှိဘူးလို့ ဆိုကြတဲ့အကြောင်း ၂၀၁၈ ခုနှစ်က ထုတ်ဝေတဲ့ အမျိုးသား စာရင်းဇယားဌာနရဲ့ လေ့လာမှုအရ သိရပါတယ်။
Source: AFP
#The_World_Day_of_Indigenous_Peoples
#Mexicans_ Indigenous
#Mexico_City
#Local_News
Published_10 August 2022
ရန်ကုန်ရဲ့အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ တိုက်ခန်းဝယ်လိုသူတွေများ လာတဲ့အတွက် မြို့နယ်အချို့မှာ တိုက်ခန်းဈေးတွေ (၃၀) ရာခိုင်နှုန်းလောက် တက်လာတယ်လို့ မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ အသင်းဝင်၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်နှောင်းဝဿန်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 10 August 2022
၁။ ရန်ကုန်တွင် တိုက်ခန်းများ အဝယ်လိုက်လာ၍ မြို့နယ်အချို့၌ဈေးတက်
၂။ မျက်မမြင်ဘိုးဘွားရိပ်သာရှိမျက်မမြင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ
၃။ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုတွင် လက်ဗွေရာတွေ့သည်ဆိုကာ အဖမ်းခံထားရသော မြန်မာနိုင်ငံသားအပြစ်မရှိ၍ လွတ်တော့မည်ဟုသိရ
၄။ နိုက်ဂျီးရီးယားတွင် အခြေခံလူသုံးကုန်ပစ္စည်းများအား တစ်ခါသုံးအထုပ်ငယ်များဖြင့် ဝယ်ယူသုံးစွဲလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published -10 August 2022
ပြည်တွင်းတွင် အထွက်နှုန်းလျော့ကျနေတဲ့ ငရုတ်သီးခြောက်ဈေးနှုန်း တစ်ပတ်အတွင်း ထက်ဝက်ကျော်ထိ မြင့်တက်နေတယ်လို့ ငရုတ်သီးကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 August 2022
မိုင်းဖုန်းဆရာတော် အားနည်းကာကျန်းမာရေးမကောင်းဖြစ်နေ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်းကာ တရားဘာဝနာ ကျင့်ကြံပြီးနောက် သြဂုတ်လ(၁) ရက်တွင် ဂူမှထွက်လာပြီး လာရောက်ဖူးမျှော်ကြသည့် ရပ်နီးရပ်ဝေးမှ ဒကာ ဒကာမများအား (၃) ရက် (၃) ည တရားဟောကြားပေးခဲ့သည့်အပြင် ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ သာသနာပြုခရီးများ ကြွရောက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၈) ရက်နနက်အစောပိုင်း ကျိုင်းတောင်းမှ နမ့်စန်မြို့သို့ ထွက်ခွာခဲ့ပြီးနောက်ပိုင်း နမ့်စန်မှ မိုင်းဖုန်းသို့ မရပ်မနားဘဲ ခရီးထွက်လာခဲ့ရာ အားနည်း၍ ကျန်းမာရေးမကောင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော်အနေဖြင့် ဂူမှထွက်လာပြီးနောက် သြဂုတ်လ (၄) ရက်ညနေပိုင်းတွင် မိုင်းကျက်ဂူမှ မိုင်းဆတ်မြို့သို့ လည်းကောင်း၊ သြဂုတ်လ (၅) ရက်တွင် မိုင်းတုံမြို့ကမ္မဌာန်းကျောင်းဝင်းအတွင်းရှိ စေတီတော်အား ထီးတင်၊ တရားဟောကြားတော်မူခြင်း၊ ညပိုင်းတွင်မူ မိုင်းတုံမြို့နယ် မိုင်းဟန်အုပ်စုရှိ သဗ္ဗေညုမင်္ဂလာစုမ့်မိန်း စေတီတော်အား ထီးတင်ခခြင်းတို ပြုလုပ်ခဲ့ကြောင်း၊ သြဂုတ် (၇) ရက် နားကောင်းမူးမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ လင်းခေး၊ မိုးနဲသို့ ရောက်ရှိတရားဟောကြားပြီး အဆိုပါနေရာမှ ရေအားလျှပ်စစ်ထုတ်လုပ်ရာ ကျိုင်းတောင်းမြို့ ရေတံခွန်ရှိ ကျောင်း၌ ကျိန်းစက်ခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျောင်းတိုက်၌ ဝါခေါင်လပြည့်နေ့တွင် ဝါဆိုမည် ဖြစ်ကြောင်း၊ တပည့် ဒကာများဖြင့် တွေ့ဆုံမှု၊ တရားပွဲများကိုလည်း ခေတ္တရပ်နားထားကာ ဝစီပိတ် ကျင့်ကြံသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် သြဂုတ်လ (၆) ရက် လင်းခေး ခရီးစဉ်ကစ၍ ဒကာများအား နှုတ်ဖြင့်တရားဟောကြားမှု မပြုလုပ်တော့ဘဲ လက်ဟန်ဖြင့်သာဟောကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1667 of 1992