#World_Tradition
Published 13 August 2022
ဆူဒန်နိုင်ငံ ဟာဒါရီယာတိုင်းရင်းသားလူမျိုးစုတွေမှာ မျက်နှာကို ဓားဖြင့်မွှန်းပြီး အမာရွတ်ပြုလုပ်လေ့ရှိတဲ့ ရှေးဟောင်းအလေ့အထတစ်ခုရှိခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 13 August 2022
- တန်ဆေးလွန်ဘေး မဖြစ်ရအောင် အများပြည်သူတွေ ဘာတွေလိုက်နာသင့်ပါသလဲ??
#Yangon_Media_Group
#Local_News
Published - 13 August 2022
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း အနေနဲ့ အခက်အခဲများစွာကို ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 14 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုင်းဝဏ္ဏ (ခေါ် )ဦးလှအေး(အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း)နှင့်အတူ
-"Mahar Nine ကုမ္ပဏီအနေနဲ့ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများအပြင် ရေကြောင်းလေကြောင်း ပို့ကုန်သွင်းကုန်ဝန်ဆောင်မှုလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
- စီးပွားရေးလုပ်ငန်းရှင်တွေက သေချာမှုကိုကြိုက်တယ် သေချာမြတ်မယ်ထင်ပြီး လုပ်လိုက်တဲ့အလုပ်တွေ ရှုံးတာမျိုးဖြစ်လာတော့ ဝေဝါးတဲ့အခြေအနေကြုံတွေ့နေရကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 13 August 2022
ကပ်ရောဂါဘေးကြောင့် လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက မကျင်းပဖြစ်ခဲ့တဲ့ ပန်းကော်ဇောပွဲတော်ကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲ လ်မြို့ မှာ ပြန်လည် ကျင်းပနေပါတယ်။ ဘရပ်ဆဲလ်ရဲ့ ပန်းကော်ဇောပွဲတော်ဟာ ထင်ရှားကျော်ကြားတဲ့ (၂)နှစ်တစ်ကြိမ်ကျင်းပတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံတစ်လွှားက လုပ်အားပေးတွေဟာ ပွဲတော်ကျင်းပရာ ဘရပ်ဆဲလ်မြို့ရဲ့ သမိုင်းဝင် ဂရင်းပဲလေ့စ် Grand Palace ကို စုရုံးရောက်ရှိလာပြီး ပွဲတော်ကိုဆင်နွှဲလေ့ရှိကြပါတယ်။
ဒီနှစ် ပွဲတော်ကို နှစ်(၅၀)မြောက်ပွဲတော်အဖြစ် ဆင်ယင် ကျင်းပနေကြပါတယ်။ ဘရပ်ဆဲလ် ပန်းကော်ဇောပွဲတော်ကို ၁၉၇၁နှစ်မှာ စတင်ခဲ့ကြပါတယ်။ပထမဆုံးပန်းကော်ဇော်ကို ဖန်တီးခဲ့သူက မြေယာအလှပြုပြင်ဗိသုတာတစ်ဦးဖြစ်တဲ့ အီး-စတော့မင်းဆိုသူဖြစ်ပါတယ်။ Mexican မက္ကဆီကန် ပန်းချီဆရာမ ရိုဆာ အော်ဂူလာ အော်ဂါဒိုက ပထမဆုံးလက်ရာကို ပြန်လည်ခံစား ဖန်တီးခဲ့ပါတယ်။
“ ဒီကိုလာရတာ ကြီးကျယ်တဲ့ အခွင့်အလမ်းတစ်ခုပါ။ ဒီဇိုင်းလက်ရာဖန်တီးရတာဟာ အားကစားသမားတစ်ဦးအတွက် အိုလံပစ်ပွဲတော်ကို သွားရတာနှင့် တူလိုက်တာလို့ သူမက တင်စားပြောခဲ့ပါတယ်။ ဒီပန်းကော်ဇောဟာ တကယ့်ကို မူရင်း တစ်ခုဖြစ်ပြီး အလှပဆုံးကော်ဇောတစ်ချပ်ပါ။ ဒီပွဲတော်ကို နေရာအနှံ့က လူတွေလာကြတယ်။ ဒီပွဲတော်မှာပါဝင်ရတာ ပီတိ ဖြစ်ရတယ်” လို့ ဒီနှစ်ပန်းကော်ဇောကို ဒီဇိုင်းဖန်တီးတဲ့ အန်နာရိုစာအော်ဂူလာက ပြောပါတယ်။
ဂျပန်က လာတဲ့ လုပ်အားပေးစေတနာရှင်တစ်ဦးဖြစ်တဲ့ ယာဆူးဖူဂျီကာဝါကလည်း “ လန်းဆတ်တဲ့ပန်းတွေ။ တစ်ကမ္ဘာလုံးက ငြိမ်းချမ်းရေးလုပ်တယ်။ စစ်ပွဲမရှိဘူး။ ကျွန်တော်တို့ လူတစ်ရာလောက် ဒီကိုလာကြတယ်။ တစ်ယောက် အကြောင်း တစ်ယောက်သိပ်မသိလည်း အတူတကွ လက်တွဲလုပ်ကြတယ်။ ပန်းတွေမှာ နယ်စည်းမရှိဘူး။ဒါဟာ အရေးကြိးတယ်။ ပန်းတွေဟာ လူတွေကို ပြုံးစေတယ်” လို့ပြောပါတယ်။
အမေရိကန်က ခရီးသွားတစ်ဦးဖြစ်တဲ့ ဟဲလ် ဂျင်ဆင်ကလည်း “ ဒါဟာ သူမတူပဲ။ အဲဒါကြောင့်လည်း ဒါကိုကြည့်ရှရုသက်သက်အတွက် အမေရိကန်ကနေ ဘရပ်ဆဲလ်အထိ ကျွန်တော်တို့လာချင်တာပေါ့ လို့ပြောပါတယ်။
အရင်တုန်းကတော့ ပန်းတွေကိုဖြတ်ပြီး ကော်ဇောဖန်တီးခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အပူဒဏ်ကိုပိုခံနိုင်အေင် ပန်းအိုးတွေ ကိုပါကြားညှပ်ထည့်ပြီး အလှဆင်ခဲ့ကြပါတယ်။
ဒီနှစ်မှာ စတုရန်းပေပေါင်း တစ်သောင်းရှစ်ထောင့်ရှစ်ဆယ် ရှိတဲ့ ပန်းကော်ဇောကြီး ကို ပန်းပွင့်ပေါင်း လေးသိန်းနှင့် အလှဆင်ဖန်တီးခဲ့ကြတယ်လို့ ပွဲတော်စီစဉ်သူတွေက ပြောပါတယ်။
Source: AFP
#Brussels_Flower_Carpet
#Grand_palace_Brussels
#Flower_Carpet_Event
#Health_Matters
Published - 13 August 2022
- ဆေးဝါးတွေ လွယ်လွယ်ကူကူဝယ်လို့ရတာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်ဖက်ကကောင်းပေမယ့် လွယ်လွယ်ရ လွယ်လွယ်သောက်နေတဲ့ ဆိုးကျိုးတွေက ဘယ်လောက်ရှိနေပါသလဲ??
#Yangon_Media_Group
#DailyNews
Published - 13 August 2022
၁။ လက်ရှိအကျပ်အတည်းကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရ
၂။ ရန်ကုန်တိုင်းတွင် ငါးစားသုံးမှုအဆင်ပြေစေရန် ငါးအကောင်ရေသိန်း(၂၀၀)ကျော်လွှတ်ရန်ရှိဟုဆို
၃။ စက်သုံးဆီဈေး ၂၃၀၀ ကျော်လာခြင်းကြောင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများ အခက်အခဲအချို့နှင့် ကြုံတွေ့နေ
၄။ မျက်နှာတွင် အမာရွတ်ပြုလုပ်သည့် ဆူဒန်တိုင်းရင်းသားလူမျိုးစုတို့၏ဓလေ့ တဖြည်းဖြည်းပျောက်ကွယ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 14 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုင်းဝဏ္ဏ (ခေါ် )ဦးလှအေး(အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း)နှင့်အတူ
-"Mahar Nine ကုမ္ပဏီအနေနဲ့ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများအပြင် ရေကြောင်းလေကြောင်း ပို့ကုန်သွင်းကုန်ဝန်ဆောင်မှုလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
- စီးပွားရေးလုပ်ငန်းရှင်တွေက သေချာမှုကိုကြိုက်တယ် သေချာမြတ်မယ်ထင်ပြီး လုပ်လိုက်တဲ့အလုပ်တွေ ရှုံးတာမျိုးဖြစ်လာတော့ ဝေဝါးတဲ့အခြေအနေကြုံတွေ့နေရကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 13 August 2022
- သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေးဆိုတာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုမှာ ဘယ်လောက်အရေးကြီးနေပြီလဲ???
#Yangon_Media_Group
#Local_News
Published - 13 August 2022
ဒေါ်လာဈေးမြင့်တက်မှုလာမှု၊ ရွှေဝယ်လိုအားမြင့်တက်လာသည့်အခြေအနေများကြောင့် ရွှေဈေးနှုန်းသည်မြင့်တက်လျက်ရှိပြီး အခေါက်ရွှေ တစ်ကျပ်သား ၂၇ သိန်းကျော်ထိ မြင့်တက်လာကြောင်း ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၂၇၀၀ ကျပ်နှင့် ၂၈၀၀ ကြား ရောက်ရှိလာပြီး ရွှေဈေးနှုန်းသည်လည်း ဒေါ်လာဈေးနှုန်းနဲ့အတူ မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိတွင်မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းကြောင့် ရွှေဈေးတက်နေသော်လည်း ရွှေဝယ်ယူစုဆောင်းမှုများလာသည့် ရွှေဝယ်လိုအား မြင့်တက်လာကာ ဈေးသည်လည်း ထပ်တက်တာလာ ခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အသင်းက သုံးသပ်ထားသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးနှုန်းသည် ၂၁ သိန်းကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာငွေကြေးဈေးကွက်နှင့်ပတ်သက်၍မူဝါဒ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်၏ ဒေါ်လာ ရည်ညွှန်းဈေးနှုန်းကို ၂၁၀၀ ကျပ်အထိ ဆွဲတင်ခဲ့ပြီးနောက်ပိုင်း ဒေါ်လာပြင်ပပေါက်ဈေးသည်လည်း စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 13 August 2022
နိုင်ငံအတွင်းဆေးဝါးပြတ်လပ်မည်ကို ပြည်သူတွေ မပူပန်ကြရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ်လ ၁၃ ရက်)နေ့စွဲ ဖြင့်ကြေညာလိုက်သည်။
နေ့စဉ်သုံးစွဲနေရသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပြတ်လပ်မည်ကိုပူပန်ဖို့မလိုဘဲ လိုအပ်သည့်ပစ္စည်းများ ဆက်လက်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း အဆိုပါအသင်းက ကြေညာထားသည်။
ယင်းကြောင့် ဆေးဝါးကုမ္ပဏီများ၊ လက်ကားဖြန့်ဖြူးရေးဆိုင်များ၊ လက်လီဆိုင်များအနေဖြင့် ဈေးကွက်ထဲတွင် အရောင်းပိတ်စရာမလိုဘဲ ပုံမှန်အတိုင်းဆက်လက်ရောင်းချကြရန်လည်း တိုက်တွန်းထားသည်။
ယင်းအပြင်သွင်းကုန်တင်သွင်းမှု ပိုမိုလွယ်ကူအဆင်ပြေရန် ညှိနှိုင်းခဲ့ပြီဖြစ်ကာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိအောင် တတ်နိုင်သမျှ အမြန်ဆုံးတင်သွင်းကြရန်လည်း ဆေးဝါးတင်သွင်းသူများကို အသင်းက တိုက်တွန်းထားကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 13 August 2022
ပြည်တွင်းစက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် အခြေခံကုန်စည်စျေးနှုန်းများသည် အတက်ဘက်ကိုဦးတည်နေကြောင်းမှ ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရသည်။
လက်ရှိတွင် နယ်မှ ကုန်ကားများ ပုံမှန်အတိုင်းအဝင်ရှိနေပြီး စျေးနှုန်းအပြောင်းအလဲရှိ၍ အခြေခံစားသောက်ကုန် ကုန်ပစ္စည်းများသည် အတက်ဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။
"အခုကတော့ ပုံမှန်အတိုင်းပဲ ဝင်နေသေးတယ်ကားတွေက။ နောက်ပိုင်းတော့မပြောတတ်ဘူးပေါ့။ အခုက စျေးတွေကတော့အကုန်ပြောင်းတယ်။ ကြက်သွန်ဆိုလည်း စျေးတက်တယ်။ အာလူးဆိုလည်းစျေးတွေတက်တယ်။ အကုန်တက်နေတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က ပြောသည်။
နိုင်ငံခြားငွေလဲနှုန်းသည် ဆက်တိုက်မြင့်တက်နေခြင်းကြောင့် စက်သုံးဆီစျေးနှုန်းသည်လည်း မြင့်တက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်သုံးဆီစျေးမြင့်တက်လာခြင်းကြောင့် ၄င်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းအားလုံးသည်လည်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယနေ့(သြဂုတ်လ ၁၃ ရက်) စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၂၃၂၀ ကျပ်၊ 95 တစ်လီတာ ၂၃၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ် အထိမြင့်တက်လာနေကြောင်း သိရသည်။
"ကုန်စျေးနှုန်းတွေက ဆက်တိုက်တက်နေတာ။ ဒီနေ့ဝယ်တဲ့စျေးနှုန်းက နောက်နေ့သွားဝယ်ရင်မတူတော့ဘူး။ အဆင်မပြေဘူး။ အစစအရာရာ ကုန်စျေးနှုန်းတက်နေတော့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေဘူး"ဟု စျေးသည်တစ်ဦးက ပြောသည်။
ymg/sth
#Yangon_Media_Group
Page 1662 of 1992