#Local_News
Published_13 October 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီ ဂါလန် ၁၃ သန်းကျော် တင်ဆောင်လာသည့် နိုင်ငံတကာသင်္ဘောများ ထပ်မံရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

အောက်တိုဘာ ၁၂ ရက်နေ့တွင် Aulac Vision သင်္ဘောမှ ပရီမီယံဒီဇယ်ဆီ (၂.၈၈) ဂါလန်သန်း၊ MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ (၂.၁၈) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၁.၈၆) ဂါလန်သန်းအား ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ရိုးရိုးဒီဇယ်ဆီ (၁.၆၀) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၄.၅၃) ဂါလန်သန်းတင်ဆောင်လာသည့် MT Harmony One သင်္ဘောသည်လည်း ထပ်မံ ဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း၊ စက်သုံးဆီဖြန့်ဖြူးမှု အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီပို့ဆောင်ပေးနေကြောင်း သိရသည်။

 

ယနေ့စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၉၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၅၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၇၄၀ ကျပ်ဖြစ်ပြီး ယခင်နေ့ထက်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

#ymg/sth
#Yangon_Media_Group