#Local_News
Published_ 13 October 2022

 

လေယာဉ်လက်မှတ်အတုများ ရောင်းချနေမှုများရှိနေ၍ Myanmar Airways International (MAI)လေကြောင်းလိုင်းမှ အရေးပေါ်အသိပေးကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

ထုတ်ပြန်ချက်တွင် "လေကြောင်းလိုင်းများ၏ လေယာဉ်ခရီးစဉ်လက်မှတ်များကို မသမာသူများမှ အတုအပပြုလုပ်၍ ခရီးသည်များထံ လိမ်လည်ရောင်းချနေသည့် သတင်းများကို ကြားသိနေရကြောင်း၊
အဆိုပါ လိမ်လည်ရောင်းချနေသူများသည် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်များ၏ အမည်ကို အလွဲသုံးစားပြုလုပ်၍လည်းကောင်း၊ တစ်ဆင့်ခံလက်မှတ်အရောင်းကိုယ်စားလှယ်များအဖြစ် account များနှင့် page များ အတုအပပြုလုပ်၍လည်းကောင်း အယောင်ဆောင် လိမ်လည်လျက်ရှိကြောင်း ဖော်ပြထားသည်၊၊

 

သို့ဖြစ်ပါ၍ MAI နှင့် Air KBZ ၏ ခရီးသည်များအနေဖြင့် လိမ်လည်ရောင်းချခံရခြင်းမှ ရှောင်ရှားနိုင်ရန် မိမိတို့ဝယ်ယူထားသည့်လက်မှတ်များ မှန်ကန်မှုရှိ၊ မရှိကို ငွေပေးချေမှု မပြုမီ MAI နှင့် Air KBZ ၏ တရားဝင် websiteများ ဖြစ်သည့် www.maiair.com နှင့် www.airkbz.com တို့တွင် PNR (သို့) e-ticket number ဖြင့် ကိုယ်တိုင်ဝင်ရောက် စစ်ဆေးနိုင်သလို Facebook Messenger တွင်လည်း လာရောက်စစ်ဆေးနိုင်ကြောင်း အထူးအလေးထား အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group