#Local_News
Published_ 13 October 2022

 

မြန်မာနိုင်ငံမှထုတ်လုပ်သော ကားတာယာများကို ဘရာဇီးလ်နိုင်ငံအခြေစိုက် Sunamerica ကုမ္ပဏီက ဝယ်ယူတင်သွင်းလိုကြောင်း ကမ်းလှမ်းမှုတွေ ပြုလုပ်လာကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။

 

မြန်မာနိုင်ငံကထုတ်လုပ်တဲ့ ကားတာယာတွေ အထူးသဖြင့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မနဲ့ ထရပ်ကားတာယာတွေကို ဝယ်ယူဖို့စိတ်ဝင်စားကြောင်း ဆော်ပိုလိုမြို့ အခြေစိုက် ကုမ္ပဏီက ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

 

အဆိုပါ ကုမ္ပဏီက The National Institute of Metrology Quality and Technology အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး သီရိလင်္ကာ၊ တရုတ်၊ ပါကစ္စတန်နိုင်ငံတို့မှ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတာယာတွေကို တင်သွင်းနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှ ကားတာယာထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့ ဘရာဇီးလ်နိုင်ငံကို တာယာတင်ပို့လိုတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့ကြောင့် စိတ်ဝင်စားတဲ့ကုမ္ပဏီတွေအနေနဲ့ ကားတာယာတွေ တင်ပို့ရောင်းချလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၃၄၀၈၆၂၂ ၊ ၀၆၇-၃၄၀၈၆၂၃ တို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ကြေညာထားပါတယ်။

 

#ygm_mnn
#Yangon_Media_Group