#Local_News
Published 9_August 2022
တောင်ကိုရီးယားနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်လုပ်ကိုင်ရန် ယနေ့ ဩဂုတ်လ ၉ ရက်တွင်မြန်မာလုပ်သား ၁၄၉ ဦးထပ်မံသွားရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ယင်းတွင်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၄)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၅)ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်သားများမှာ ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆိုကာ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များစနစ်တကျ ပြောကြားခဲ့ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group
#Local_News
Published_9 August 2022
ပြည်ပက ရေနံနှင့်ရေနံထွက်ပစ္စည်းများ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးခန့် တင်သွင်းနေရကြောင်း နစက ဥက္ကဌ က သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တက်ရောက် အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယင်းသို့ တင်သွင်းနေရသောကြောင့် ပြည်ပတင်သွင်းမှုလျှော့ချနိုင်ရန် လုပ်ဆောင်နိုင်ရေးအတွက်ပြည်တွင်း၌ ရေနံအထိုက်အလျှောက် ထွက်ရှိပြီး ဒေသအချို့တွင် တွင်းတိမ်ရေနံတူးဖော်ထုတ်လုပ်မှုများကို စနစ်တကျလုပ်ဆောင်ရန် အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ရေနံကို အစောဆုံးတွေ့ရှိရာဒေသဟု အဆိုရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံမှ မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့ဖြစ်ပြီး ချောက်၊ လမ်းရွာ၊ မင်းဘူး၊ မန်းသံပုရာကန် စသည့်ဒေသများတွင်လည်း အစိုးရရေနံမြေများ တည်ရှိကြကာ မင်းလှ၊ သရက်၊ ရေနံချောင်း မြို့နယ်များအတွင်း ပုဂ္ဂလိကပိုင် ရေနံမြေများစွာရှိကြောင်း သိရသည်။



ymg/mt
#Yangon_Media_Group
#World_Health
Published 9 August 2022
ဟင်းသီးဟင်းရွက်အသုတ်တွေက အစားအသောက်တွေထဲမှာ အရေးကြီးဆုံးအစားအစာတစ်မျိုးဖြစ်ရုံမက ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ဒီထက်ပိုပြီးအကျိုးများနိုင်ပါတယ်။
ဂျပန်နိုင်ငံရဲ့ စူးစမ်းလေ့လာမှုအသစ်တစ်ခုမှာတော့ ရှာလကာရည်ဖြင့် အစားအစာပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။
ဆူနိုမိုနိုလို့ခေါ်တဲ့ ဂျပန်သခွားသီးနဲ့ ရေညှိသုတ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသက် ၄၀ အထက်လူတွေမှာ သွေးပေါင်ချိန်ကျစေနိုင်ကြောင်း အိုဆာကာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။
ဆူနိုမိုနိုအသုတ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်စမ်းသပ်ခြင်းဖြင့် ရှာလကာရည်စားသုံးခြင်းက သွေးပေါင်အတက်အကျဖြစ်စေနိုင်တယ်ဆိုတဲ့ လေ့လာချက်ကို စူးစမ်းခွင့်ရခဲ့ကြပါတယ်။
ဆူနိုမိုနိုအသုတ်ဟာ ဂျပန်ကလူကြီးတွေ စားနေကျအစားအစာတစ်ခုဖြစ်ပြီး ရှာလကာရည်အများအပြား ပါဝင်ပါတယ်။
သုတေသီတွေက အသက် ၄၀ ကျော်လူပေါင်း ၁,၄၉၈ ဦးဖြင့် လေ့လာခဲ့ကြပါတယ်။
ထို့နောက် သွေးပေါင်ချိန်တိုင်းတာခဲ့ပြီး ၇၄၆ ဦးကို ဂျပန်နိုင်ငံမှသွေးတိုးဝေဒနာရှင်များအတွက် လမ်းညွှန်ချက်များအတိုင်း ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။
ထိုစမ်းသပ်ခံများကို ရှာလကာရည်ပါဝင်တဲ့ အစားအစာ စားသုံးခြင်းနဲ့ပတ်သက်ပြီး အဟာရဆိုင်ရာစစ်တမ်းများကောက်ယူခဲ့ပါတယ်။
ဆူနိုမိုနိုမှာတော့ အသီးအရွက်တွေကို ရှာလကာရည်နဲ့စားရတာဖြစ်ပါတယ်။
အချက်အလက်တွေကို စုဆောင်းလိုက်တဲ့အခါမှာ တွေ့ရှိချက်တစ်ခုပေါ်ပေါက်လာကာ ဆူနိုမိုနိုကို လုံးဝမစားတဲ့လူတွေက ကိုယ်အလေးချိန်နဲ့ BMI တူညီတဲ့သူတွေအချင်းချင်းနဲ့ယှဉ်ရင် သွေးပေါင်ချိန်သိသိသာသာများနေခဲ့ပါတယ်။
ရှာလကာရည်က အစာအိမ်အူထဲက ကောင်းကျိုးပြုပိုးမွှားတွေကို ကြီးထွားဖွံ့ဖြိုးစေတယ်လို ယူဆရပြီး အတည်ပြုနိုင်ဖို့အတွက်တော့ နောက်ထပ်လေ့လာမှုတွေပြုလုပ်ရဦးမှာပါ။
ဆူနိုမိုနိုကို တစ်လမှာ အနည်းဆုံးတစ်ကြိမ်စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန်လျှော့ချနိုင်ဖွယ်ရှိနေပါတယ်။
BMI ၊ အသက်အရွယ်၊ ဆေးလိပ်၊ အရက်သေစာ စတဲ့ အလေ့အထတွေကို ထည့်သွင်းတွက်ချက်ကြည့်တာတောင် သွေးပေါင်ချိန်လျော့ကျနိုင်ကြောင်း တွေ့ရှိထားပါတယ်။
ရှာလကာရည်က အဆိုပါကျန်းမာရေးကောင်းကျိုးတွေ ရရှိစေတာလား၊ ရှာလကာရည်ပိုပြီးစားသုံးရင် သွေးပေါင်ချိန်ကို ပိုပြီးထိန်းညှိပေးနိုင်လားဆိုတာတွေက မသေချာသေးကြောင်း ဖော်ပြခဲ့ကြပါတယ်။
Source: The Jerusalem Pos
#Yangon_Media_Group
#Local_News
Published_8 August 2022
ဗဟိုဘဏ်ကငွေကြေးရည်ညွှန်းဈေးပြောင်းလဲလိုက်တာက အကောင်းဘက်ကို ဦးတည်တယ်လို့ဆိုပေမဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။
#Yangon_Media_Group
#World_Archaeology
Published 8 August 2022
နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ စပိန်ခေတ်မတိုင်ခင်က ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းကြီးရဲ့ အပေါ်ဆုံးနေရာမှာ စပိန်ကိုလိုနီခေတ်ကလို ယူဆရတဲ့ အုတ်ဂူထဲမြှုပ်နှံထားတဲ့အလောင်း ၃ ခုကို ပီရူးရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ကြောင်း ကြာသပတေးနေ့က တင်ပြခဲ့ပါတယ်။
#Yangon_Media_Group
Published 8 August 2022
ကျူဘားနိုင်ငံ မြောက်ပိုင်းကမ်းခြေမှာရှိတဲ့ လောင်စာသိုလှောင်ရုံတစ်ခုမှာ မီးလောင်ကျွမ်းနေတာကို တနင်္ဂနွေနေ့က သုံးရက်မြောက်အဖြစ် ဆက်လက်ကြိုးစား ငြှိမ်းသတ်နေပါတယ်။ အဲဒီလောင်စာသိုလှောင်စခန်းမီးလောင်မှုကြောင့် လူတစ်ဦး အနည်းဆုံးသေဆုံးပြီး ၁၂၂ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ လျှပ်စစ်ဓာတ်အားမလုံလောက်မှုတွေနှင့် ရင်ဆိုင်နေရဲ့ ကျူးဘားအတွက် အခက်ထပ်ကြုံရတာဖြစ်ပါတယ်။
မက်တန်ဇာဆိပ်ကမ်းရဲ့ လောင်စာသိုလှောင်စခန်းက သိုလှောင်ကန်တစ်ကန်ကို သောကြာနေ့ ညက မိုးကြိုးပစ်ခံရပြီး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ အဲဒီကနေ စနေမနက်မှာ နောက်ထပ်ကန်တစ်ကန်ကိုမီးကူးစက်သွားပြီးနောက် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ပထမကန်မီးငြိမ်းသွားပါတယ်။ ဒါပေမယ့် မီးခိုဖြူတွေကထွက်နေဆဲဖြစ်ပြီး ဒုတိယကန်က မီးကတော့ ဆက်လက်ကူးစက်လောင်ကျွမ်းနေခဲ့ပါတယ်။
ကျူဘားရဲ့ မီးသတ်သမားတွေဟာ မက္ကဆီကိုနှင့် ဗင်နီဇွဲလားက မီးသတ်ကျွမ်းကျင်သူတွေနှင့်အတူ တနင်္ဂနွေနေ့က မီးတောက်ကြီးကို အနားက အခြားကန်တွေကို မကူးစက်အောင် ထိန်းခဲ့ကြပါတယ်။
“ မီးအပြင်းဆုံးလောင်နေတဲ့ကန်နှင့်ကပ်လျက် တတိယကန် မပျက်စီးအောင်ကျွန်တော်တို့ထိန်းထားကြတယ်။ မွန်းလွဲပိုင်းမှာ လေပြင်းတိုက်လိုက်တာနှင့် မီးက ပိုကြီးသွားပြီး အနားက ရေနံလှောင်ကန်တွေနှင့်ပိုနီးလာတယ်” လို့ မက်တန်ဇာ ပြည်နယ် အုပ်ချုပ်ရေးမှူး မာရီယိုဆာဘိုင်းလိုရင်ဇိုက ပြောပါတယ်။
ယခုအချိန်ထိ အဲဒီနေရာက ဒေသခံ ၅၀၀၀ခန့်ကို နေရာရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။ တနင်္ဂနွေမနက်မှာတော့ အနီးအနား ကန်တွေထဲက ရေနံတွေကို နိုင်ငံပိုင်ရေနံကုမ္ပဏီက ရွှေ့ပြောင်းသယ်ယူနေခဲ့ကြပါတယ်။
ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားမှာ လောင်စာမလုံလောက်လို့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြုံနေရတဲ့အချိန်မှာ ယခု ရေနံလှောင်ကန်ပေါက်ကွဲမှုကြောင့် ပိုပြီးအခြအနေဆိုးရွားသွားစေပါလိမ့်မယ်။
“ပြည်သူတွေအတွက် လျှပ်စစ်မီး အနည်းဆုံးလိုအပ်ချက်ရရှိအောင် ဆီဝယ်ဖို့ ငွေအနည်းအပါး ရင်းနီးဖို့လိုတယ်။ ဒီပြဿနာဟာ ကျွန်တော်တို့ယနေ့ရင်ဆိုင်နေရတဲ့ပြဿနာပါ။ ကျွန်တော်တို့သမ္မတကြီးကတော့ ဒါဟာ ရေတိုပြဿနာမဟုတ်ဘူးလို့ပြောထားပါတယ်” လို့သူကဆက်ပြောပါတယ်။
Source: AFP
#Fuel_depot_Fire
#Cuba_Fuel_Depot_Fire
#Cuba_Power_Shortage
#Local_News
Published_8 August 2022
အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် (၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) ဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ဒေသအချို့မှာ မိုးသက်လေပြင်းတွေတိုက်ခတ်ဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက သတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 8 August 2022
ပြည်ပကနေ တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးဟာ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေမှု အပါအဝင် တခြားအခက်ခဲတွေကြောင့် ဈေးနှုန်းမြင့်တက်နေပြီး ပြည်တွင်းထုတ်ကြိတ်ဆီများဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီဟာလည်း ကုန်ကြမ်းရှားလာခြင်း၊ စက်သုံးဆီဈေးများ မြင့်တက်တာတွေကြောင့် ဈေးကောင်းနေတာဖြစ်တယ်လို့ ဆီလုပ်ငန်းရှင်တချို့ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published -8 August 2022
ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့မှုကနေရရှိတဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ခွင့်ပြုချက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ရက်က ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_8 August 2022
Facebook က အောက်တိုဘာ(၁)ရက်ကစပြီး live shopping event တွေ ထုတ်လွှင့်ခွင့်မရှိဘူးလို့ သတ်မှတ်လိုက်ပေမယ့်လည်း မြန်မာနိုင်ငံကရိုးရိုး live လွှင့်ပြီး ဈေးရောင်းနေသူတွေအပေါ်တော့ သက်ရောက်မှုမရှိဘူးလို့ အိုင်စီတီနည်းပညာကျွမ်းကျင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Central Myanmar ICT Solution Co.ltd၊IT Team က ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 8 August 2022
၁။ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ခွင့်ပြုချက်အား ယနေ့မှစတင်၍ ကျင့်သုံးနေဟုဆို
၂။ ပြည်တွင်းစားသုံးဆီဈေးနှုန်းများ ဈေးကောင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသ(၇)ခုတွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး သဘာဝဘေးကြုံမည်
၄။ စပိန်ခေတ်မတိုင်မီ ပီရူးဘုရားကျောင်းတွင် ကိုလိုနီခေတ်ကဟုယူဆရသည့် အလောင်းမြှုပ်နှံရာ အုတ်ဂူ (၃) ခု တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_8 August 2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပါချန်မြစ်ကမ်းဘေးတွင် သြဂုတ်လ ၈ ရက် မွန်းလွဲပိုင်းက ငါးဖမ်းစက်လှေမီးလောင်မှု ဖြစ်ပွားသောကြောင့် တစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ကာတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို ကော့သောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ကား ၂ စီး၊ ရေသယ်ကား တစ် စီး သွားရောက်ငြိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။
ပျောက်ဆုံးနေသော လူတစ်ဦးအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများနှင့် တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


ymg/mt
#Yangon_Media_Group
Page 1671 of 1992